iMyanmarHouse.com - Best Property Website for Myanmar
×

ဇနီးမောင်နှံနှစ်ဦးရဲ့ တစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ဟာ ရိုးရိုးရှင်းရှင်းလေးနဲ့ ကြည်နူးဖွယ်ရာလေး ဖြစ်သင့်ပါတယ်။ အစဉ်အလာအားဖြင့် တစ်နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ်အဖြစ် ပန်းချီကား၊ စာအုပ် စသဖြင့် ရုပ်ဝတ္ထုပစ္စည်းတစ်ခုခုကို ပေးတတ်ကြပါတယ်။ ဒါပေမဲ့ ဒီထက်ပိုကောင်းတဲ့ ရွေးချယ်စရာတွေ ရှိပါသေးတယ်။

၁။ ရတနာပစ္စည်း

စိန်ဟာ မိန်းကလေးတွေရဲ့ အချစ်ဆုံးသူငယ်ချင်းလို့တောင် ဆိုကြတယ် မဟုတ်လား။ သူမရဲ့လက်မှာ စိန်လက်စွပ်တစ်ကွင်းက နေရာယူပြီးသားဖြစ်တဲ့အတွက် အဲဒီလက်စွပ်နဲ့ လိုက်ဖက်တဲ့ ဆွဲပြား၊ လက်ကောက် ဒါမှမဟုတ် နားကပ် တစ်ခုခု လက်ဆောင်ပေးလို့ ရပါတယ်။

၂။ လက်ဆောင်ခြင်း

သူ့အကြိုက်ဆုံး ပစ္စည်းလေးတွေနဲ့ ပြည့်နေတဲ့ လက်ဆောင်ခြင်းလေးကို သင့်ဇနီးလေးကို ပေးတာဟာလည်း သူမကို ပျော်ရွှင်စေမှာ အမှန်ပါပဲ။

၃။ မင်္ဂလာဆောင်စဉ်က အမှတ်တရတစ်ခုခု

သင်တို့ရဲ့ တစ်နှစ်ပြည့်မင်္ဂလာအထိမ်းအမှတ်မှာ သူ့ရဲ့ အထူးနေ့ဖြစ်တဲ့ မင်္ဂလာနေ့က အရာတစ်ခုခုကို ပေးပြီး သူ့ရဲ့ပျော်ရွှင်မှုကို ပြန်လည်အမှတ်ရအောင် ပြုလုပ်နိုင်ပါသေးတယ်။ သူမအကြိုက်ဆုံး မင်္ဂလာဓာတ်ပုံ ဒါမှမဟုတ် ဟန်းနီးမွန်းပုံလေးကို ဘောင်လှလှလေးထဲ ထည့်ပြီး ပေးလို့ရပါတယ်။

၎။ ကြည်နူးစရာ ချိန်းဆိုမှုလေးတစ်ခု

လက်ဆောင်ဆိုတာ ပစ္စည်းတစ်ခုအနေနဲ့ လာမှ မဟုတ်ပါဘူး။ တစ်နေကုန် သူမ ကြည့်ချင်တဲ့ ရုပ်ရှင်ကား လိုက်တာပြတို့၊ သူမလုပ်ချင်တာလေးတွေ ပေးလုပ်တာတို့ စတဲ့ ပျော်ရွှင်စရာလေးတွေ အတူလုပ်ပြီးတဲ့နောက် သူမကြိုက်တဲ့ စားသောက်ဆိုင်တစ်ခုမှာ ညစာအတူစားရင်းနဲ့ တစ်နေကုန် သူမပျော်ရွှင်အောင်လုပ်ပေးနိုင်ပါတယ်။

၅။ မင်္ဂလာနှစ်ပတ်လည် ခရီးစဉ်

ဟန်းနီးမွန်းနောက်တစ်ကြိမ် ဖန်တီးလိုက်ခြင်းဟာလည်း သင့်ဇနီးသည် နှစ်သက်မယ့် အစီအစဉ်တစ်ခုပါပဲ။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top