iMyanmarHouse.com - Best Property Website for Myanmar
×

ယောက်ျားပီသသူ များသည် အိပ်ရာထဲတွင် စကားနည်းလေ့ရှိပြီး ချစ်သူ အမျိုးသားသည် ချစ်တင်းနှော ပြီးနောက် ချိုသာသော စကားလေးများကို ပြောဆိုခြင်း မပြုဘဲ ချက်ချင်း အိပ်ပျော်သွား ပါက ၄င်းကို အပြစ် မတင်ဘဲ ဟော်မုန်းများ ကိုသာ အပြစ်တင်ရန် လေ့လာမှု တစ်ခုက တိုက်တွန်း လိုက်ပြီ ဖြစ်သည်။

ချစ်တင်းနှောပြီး ပါက ချစ်သူကို စကားပြောဆိုစိတ် ရှိမရှိသည် အမျိုးသား ဖြစ်သူ၏ ဖိုဟော်မုန်း များမများ အပေါ်တွင် မူတည်နေကြောင်း သုတေသန ပညာရှင်များက ပြောဆို ခဲ့သည်။  ဖိုဟော်မုန်းများ သူများသည် ချစ်တင်းနှော ပြီးနောက် စကားတီးတိုး ပြောလိုခြင်း မရှိကြဘဲ ပြောခဲ့ပါ ကလည်း အဆိုးမြင်သော စကားများ ကိုသာ ပြောဆိုလေ့ ရှိတတ်ကြသည်။လိင်ဆက်ဆံ ပြီးနောက် ပြောဆို ဆက်ဆံမှုသည် ချစ်သူများ ကြားရှိ ပြည့်ဝသော လိင်ဆက်ဆံရေးကို ဆက်လက်ထားရှိ နိုင်မှု အတွက် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင် နေကြောင်း ကွန်နက်တီးကပ် တက္ကသိုလ်မှ ပညာရှင်များက ပြောဆိုခဲ့သည်။

 လေ့လာမှုတွင် ပညာရှင်များသည် လူကြီး (၂၅၃) ဦးတို့၏ တံတွေး နမူနာများကို တောင်းယူပြီး ဖိုဟော်မုန်း ပမာဏကို လေ့လာခဲ့သည်။ ယင်းနောက် အလေ့လာခံ များအား အွန်လိုင်းမှ တစ်ဆင့် နေ့စဉ် မှတ်တမ်းကို နှစ်ပတ်တိတိ ရေးသားစေ ခဲ့သည်။

 နေ့စဉ်မှတ်တမ်းတွင်  လိင်သာယာမှု အထွတ်အထိပ် ရရှိခြင်း ရှိမရှိ၊ လိင်ဆက်ဆံ ပြီးနောက် ချစ်သူနှင့် စကားတီးတိုး ပြောခြင်း ရှိမရှိနှင့် ယင်းကဲ့သို့ ပြောဆိုမှုအပေါ်ထား ရှိသော အမြင်တို့နှင့် ပတ်သက်ပြီး ရေးသား ခဲ့ရသည်။ ဖိုဟော်မုန်းများသူ များသည် လိင်ဆက်ဆံ ပြီးနောက် စကားတီးတိုး ပြောခြင်းသည် ကောင်းကျိုး ထက် ဆိုးကျိုးပိုများသည်ဟု ရေးသားခဲ့ကြောင်း ပညာရှင်များ တွေ့ရှိခဲ့သည်။     


Credit : Messenger

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top