iMyanmarHouse.com - Best Property Website for Myanmar
×

ဖက်ရှင်ရှိုးပွဲတစ်ခုကို တက်ရောက်ဖို့ ဟောင်ကောင်ကို သွားစဉ်မှာ ချောမောမြဲအတိုင်း ချောမောနေတဲ့ ထိပ်တန်းကြယ်ပွင့် Song Joong Ki ( ဆောင်ဂျွန်ကီ ) ကို Vogue မဂ္ဂဇင်းက အမိအရ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

Song Joong Ki က “Dior Homme 2016-2017 Winter Collection Live Show” ကို တက်ရောက်ဖို့အတွက် ဟောင်ကောင်ကို ထွက်ခွာဖို့ အင်ချွန်းလေဆိပ်ကို ဧပြီလ ၂၂ ရက် နေလည်ခင်းမှာ ရောက်ရှိလာပါတယ်။ Vogue မဂ္ဂဇင်းက Joong Ki လေဆိပ်ကို ရောက်ရှိချိန်ကစပြီး ဟောင်ကောင်ကို ဆိုက်ရောက်တဲ့အထိ ဓာတ်ပုံတွေရိုက်ပြီး Instagram မှာတင်ခဲ့ပါတယ်။

Joong Ki ကတော့ ပေါ့ပေါ့ပါးပါးနှင့် ဟိုတယ်မှာ ညစာစားနေတဲ့ပုံနဲ့ ရှိုးပွဲသွားခါနီး ပရိသတ်တွေကို နှုတ်ဆက်စကားပြောတဲ့ဗီဒီယို
ကိုလည်းတင်ခဲ့ပါတယ်။

အဲ့ဒီအပြင် Vogue မဂ္ဂဇင်းက ရှိုးပွဲရဲ့ကော်ဇောနီပေါ်က Song Joong Ki ရဲ့ဓာတ်ပုံတွေနှင့် ဒီညပွဲအတွက် သူ့အင်္ကျီကို Dior Homme collection ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ဒီဇိုင်ဆွဲပေးပြီး ရှိုးပွဲကိုတက်ရောက်ဖို့ ဖိတ်ကြားခဲ့တဲ့ ဘယ်လ်ဂျီယံလူမျိုး ဒီဇိုင်နာ Kris VanAsscheနှင့်တွဲရိုက်ထားတဲ့ပုံတွေကိုလည်းတင်ခဲ့ပါတယ်။

Credit:ThitHtooLwin

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top