iMyanmarHouse.com - Best Property Website for Myanmar
×

သင်က ခရီးတကယ်ထွက်ချင်သူဆိုရင် သင့်ရဲ့ ခရီးဖော်အဖြစ် ဒီလို လူမျိုးတွေကို မရွေးချယ်သင့်ပါဘူး။ ရွေးချယ်မိရင်တော့ ခရီးစဉ်စခါနီးမှ ပျက်သွားနိုင်ပြီး ကိုယ်ပါ ဘယ်မှမသွားရဘဲ အားလပ်ရက် အိမ်မှာပဲ ငုတ်တုတ်မေ့နေပါလိမ့်မယ်။

၁။ နောက်ကြောင်းမအေးသူ

တစ်နည်းပြောရရင် အိမ်မပိုင်သူပေါ့။ သူတို့မှာက သံယောဇဉ်အမျှင်တွေတန်းနေပြီး အနားနီးမှ အိမ်က မလွှတ်လို့တို့၊ အိမ်ကလူတွေနဲ့ ခရီးသွားမှာမို့လို့တို့ပြောပြီး ခရီးစဉ်ကို ဖျက်ပါလိမ့်မယ်။

၂။ တစ်ဦးတစ်ယောက်အပေါ် တွယ်ကပ်လွန်းသူ

ဒီလိုလူမျိုးကကျတော့ ဟိုလူပါမှ ဒီလူပါမှ လိုက်မယ်ဆိုတာမျိုး။ ခရီးသွားဖို့ စီစဉ်ထားတာက သုံးယောက်၊ တစ်ယောက်ကမလိုက်လို့ နောက်တစ်ယောက်က မလိုက်ဘူးဆိုရင် သင်ကလည်း တစ်ယောက်တည်း ခရီးမထွက်ချင်တော့ အဲဒီခရီးစဉ် ပျက်ပြီပေါ့။

၃။ မပြတ်သားတဲ့သူ

ဒီလို လူမျိုးကတော့ ဘာလုပ်လုပ် စိတ်နှခွ ဖြစ်နေတဲ့သူတွေပါ။ ဘယ်တော့မှ သူတို့မှာ သေချာရေရာတာ မရှိဘူး။ အခုလုပ်မယ်ပြောပြီး ခဏနေ မဟုတ်တော့ပြန်ဘူး။

၎။ ခရီးထွက်ဖို့ စိတ်မပါတဲ့သူ

အစကတည်းက ခရီးထွက်ဖို့ စိတ်မပါတဲ့သူကို ခရီးအတူထွက်ဖို့ အားမကိုးသင့်ပါဘူး။ အားနာလို့ လိုက်မယ် ပြောပြီး အနားနီးမှ အကြောင်းပြပြီး ရှော်သွားပါလိမ့်မယ်။

၅။ စိုးရိမ်စိတ် များလွန်းတဲ့သူ

ကိုယ်မရောက်ဖူးတဲ့ ဝေးလံခေါင်သီတဲ့နေရာ ဒါမှမဟုတ် ပြည်ပခရီးစဉ်တစ်ခုကို အားလပ်ရက် ခရီးထွက်ဖို့ စီစဉ်ကြတာ များပါတယ်။ အဲဒီအချိန်မှာ စိုးရိမ်စိတ်များတဲ့သူတွေက ဟိုမှာက ဟိုဟာဖြစ်တယ်၊ ဒီမှာက ဒါဖြစ်တယ်နဲ့ အပျက်ဘက်ကပဲ မြင်တတ်ကြသူတွေပါ။ အဲဒီလိုလူမျိုးကလည်း အနားနီးမှ စိုးရိမ်စိတ်တွေ လွန်ကဲပြီး ခရီးစဉ်ကို ဖျက်တတ်ပြန်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top