iMyanmarHouse.com - Best Property Website for Myanmar
×

ကော်ဖီဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး သောက်စရာတစ်ခုအဖြစ် ယနေ့ တိုင် ဆက်လက်တည်ရှိနေပါတယ်။ လူအများစုဟာ စာကျက်တဲ့အချိန် သို့ မဟုတ် အလုပ်လုပ်တဲ့အခါ ပိုမိုလန်းဆန်းနိုး ကြား နေဖို့ အတွက်သာ ကော်ဖီကို သောက်သုံး ကြပြီး ကော်ဖီရဲ့ လူသိပ်မသိတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုတော့ မသိရှိကြပါဘူး။

၁။ အသက်ပိုရှည်စေတယ်

လူပေါင်း လေးသိန်းကျော်ပါဝင်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှ စတင်ခဲ့ပြီး ၂၀၀၈ ခုနှစ်ရောက်မှ ပြီးဆုံးခဲ့တဲ့ ကာလရှည်လေ့လာမှု တစ်ခုအရ တစ်နေ့ ကို ကော်ဖီ သုံးခွက် ဒါမှမဟုတ် သုံးခွက်အထက် သောက်သုံးသူတွေမှာ အသက်ရှည်ရှည်နေနိုင်ဖို့ အခွင့်အရေး ၁၀ ရာခိုင်နှုန်းပိုများကြောင်း တွေ့ ရှိခဲ့ရပါတယ်။

၂။ အယ်ဇိုင်းမားရောဂါ

တစ်နေ့ ကို ကော်ဖီသုံးခွက် ပုံမှန်သောက်လေ့ရှိသူတွေဟာ ဦးနှောက်ထိခိုက်မှု ကြောင့် ဖြစ်တဲ့ စိတ်ဖောက်ပြန်မှုရောဂါနဲ့ အယ်ဇိုင်းမားရောဂါ ရနိုင်ခြေ နည်းပါးပါတယ်။ တောင်ကယ်လီဖိုးနီးယားတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ ကော်ဖီသောက်သုံးသူတွေကို လေးနှစ်ကြာလေ့လာမှုမှာ တစ်ယောက်မှ အယ်ဇိုင်းမားရောဂါရတာကို မတွေ့ ခဲ့ရပါဘူး။

၃။ အရေပြားကင်ဆာ

အဖြစ်အများဆုံးကင်ဆာရောဂါတစ်မျိုးဖြစ်တဲ့ အရေပြားကင်ဆာရနိုင်ခြေကို ကော်ဖီ သောက်သုံးမှုက လျော့ချပေးပါတယ်။ လူပေါင်း ၁၁၂၈၉၇ ဦးကို လေ့လာခဲ့ရာမှာ ၂၂၇၈၆ ဦးဟာ ကင်ဆာဖြစ်နိုင်တဲ့ဆဲလ်ဖြစ်ပွားမှုရှိခဲ့ပြီး ကော်ဖီသောက်သုံးမှု ပိုမို များလာတဲ့ အမျှ ကင်ဆာအဆင့်ရောက်နိုင်ချေ ပိုမိုနည်းပါးသွားတာကို တွေ့ ရှိခဲ့ရ ပါတယ်။

၎။ နှလုံးဖောက်ခြင်း

သိပ္ပံနည်းကျလေ့လာမှုတိုင်းဟာ ကော်ဖီဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ် လို့ အမွှမ်းတင်ခဲ့ကြပါတယ်။  ဒါပေမယ့် ဥရောပသုံးကော်ဖီခွက် (လက်ဖက်ရည်ပန်းကန်လုံးခန့် ) လေးခွက်အထက် သို့ မဟုတ် အမေရိကန်သုံး ကော်ဖီခွက် (မတ်ခွက်အကြီးစားခန့် ) နှစ်ခွက် အထက်ပိုသောက်သုံးဖို့ တော့ မသင့်ဘူး လို့ ဆိုပါတယ်။

၅။ လေဖြတ်နိုင်ခြေနည်းပါး

ကော်ဖီမှာ ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ဇီဝဓာတ်တိုးဆန့် ကျင်ပစ္စည်း (antioxidants) တွေပါဝင်တာကြောင့် လေဖြတ်နိုင်ခြေကို နည်းပါးစေပါတယ်။

၆။ ပါကင်ဆန်ရောဂါ (ဦးနှောက်နှင့်အာရုံကြောမသန်စွမ်းမှုရောဂါ)

ကော်ဖီဟာ ပါကင်ဆန်ရောဂါလက္ခဏာပြမှုကို လျော့နည်းစေပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ဟာ ပါကင်ဆန်ရောဂါရှိသူတွေရဲ့ ကိုယ်လက်လှုပ်ရှားမှု၊ ကြွက်သားတောင့်တင်းမှုကို သက်သာစေနိုင်ပေမယ့် အိပ်ပျော်ဖို့ အတွက်တော့ စွမ်းဆောင်နိုင်မှုမရှိပါဘူး။

၇။ ကဖိန်းထုတ်ထားတဲ့ကော်ဖီရဲ့အကျိုးကျေးဇူး

ကဖိန်းထုတ်ထားတဲ့ကော်ဖီဟာ မှတ်ဥာဏ်ကျဆင်းမှုကို တိုက်ဖျက်ပေးပါတယ်။ ကဖိန်းမပါတဲ့ကော်ဖီကို နေ့ စဉ်ပုံမှန်သောက်ပေးရာမှာ ဦးနှောက်ဟာ ဂလူးကို့ စ်ကို ခြေဖျက်အသုံးချမှု ပိုမိုကောင်းမွန်ကြောင်း တွေ့ ရှိခဲ့ရပါတယ်။

Credit: Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top