iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန် ရုပ်ရှင်မင်းသား ချာလီရှိန်းကို ရာ ဇ၀တ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်နေကြောင်း လော့စ် အန်ဂျလိစ်မြို့ ရဲတပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။

ချာလီရှိန်းသည် သံသယရှိ သူအဖြစ် ပါဝင်နေသော အမှုနှင့် ပတ်သက်၍ မတ်လ ၃၁ ရက်က စတင်စုံစမ်းစစ်ဆေးနေခြင်းဖြစ် ပြီး ရဲအရာရှိ မက်သရူးလု့ဒ်ဝင်းက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

ယင်းအမှုအတွက် ရှာဖွေခွင့် ၀ရမ်းရရှိထားကြောင်း မစ္စတာ လု့ဒ်ဝင်းက ပြောကြားပြီး လော့စ်အိန်ဂျလိစ်မြို့ ရဲတပ်ဖွဲ့ခြိမ်း ခြောက်မှုဖြေရှင်းပေးရေးဌာနက ဦးဆောင်၍ စုံစမ်းစစ်ဆေးနေ ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရသည့် အ ကြောင်းရင်း(သို့မဟုတ်) အခြေ အနေအသေးစိတ်ကို မစ္စတာ လု့ဒ်ဝင်းက ထုတ်ဖော်ပြောကြား ခြင်းမရှိသော်လည်း ချာလီရှိန်း သည် ၎င်း၏ ယခင်ဇနီးလောင်း စကော့တိန်းရော့စ်ကို သတ်မည် ဟု ခြိမ်းခြောက်သည်ဆိုခြင်းများ နှင့် ဆက်စပ်နေကြောင်း မီဒီယာ များ၏ ဖော်ပြချက်အရ သိရ သည်။ရော့စ်ကို သတ်ရန် ချာလီ ရှိန်းက ကန်ဒေါ်လာ နှစ်သောင်း ပေး၍ လူမိုက်ငှားမည်ဟု ခြိမ်း ခြောက်ထားသော အသံဖိုင်တစ်ခု ရှိကြောင်း Variety မဂ္ဂဇင်းများက ဖော်ပြသည်။

ထို့အပြင် ချာလီရှိန်းသည် ၎င်း HIV ပိုးကူးစက်ခံထားရခြင်း နှင့်ပတ်သက်၍ ၎င်း၏ လိင်ဆက် ဆံဖော်တစ်ဦးကို လိမ်လည်ပြော ဆိုခဲ့ခြင်းအားလည်း ယင်းအသံ ဖိုင်တွင် ၀န်ခံထားသည်ဟု Variety မဂ္ဂဇင်းကဖော်ပြသည်။

‘‘Two and of Half Men’’ ဟာသဇာတ်လမ်းတွဲ၏ ကြယ်ပွင့် ချာလီရှိန်းသည် ရော့စ်နှင့် ၂၀၁၄ က စေ့စပ်ခဲ့သော်လည်း လက်မ ထပ်ဖြစ်ခဲ့ပေ။ ရဲတပ်ဖွဲ့ရရှိထားသည်ဆိုသော အသံဖိုင်ကို ချာလီရှိန်း၏ ချစ်သူဟောင်းတစ်ဦးက ဖမ်းယူ ထားခြင်းဖြစ်ကြောင်း သိရသည်။  

Credit: 7 Day Daily


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top