iMyanmarHouse.com - Best Property Website for Myanmar
×

နေ့စဉ်နဲ့အမျှ အလုပ်ကို ပင်ပန်းကြီးစွာ မလုပ်ရပေမယ့်လည်း  ခန္ဓာကိုယ်က လွယ်လွယ်ကူကူ ပင်ပန်းနေတတ်တာမျိုး ဖြစ်တတ်ပါတယ်။ နည်းနည်းလေး လှုပ်လှုပ်ရှား လုပ်လိုက်တာနဲ့ ဘာမှ ထပ်မလုပ်ချင်တော့လောက်အောင် ပင်ပန်းနေတတ်တဲ့ အချိန်တွေ ရှိလာတတ်ပါတယ်။

ဘာကြောင့် သင့်ခန္ဓာကိုယ်က အလွယ်တကူ မောပန်းလွယ်နေတတ်တဲ့ ကျန်းမာရေး အကြောင်းပြချက် (၆) ခုရှိပါတယ်။

၁။ သွေးအားနည်းနေခြင်း

အမြဲတမ်း ပင်ပန်းမောပန်းလွယ်နေလို့ ဆရာဝန်ဆီသွားရင်တော့ သင့်ကို အရင်ဆုံး သွေးပေါင်ချိန်ကြည့်မှာပါ။ သွေးအားနည်းရင် ပိုပြီး ပင်ပန်းလွယ်ပါတယ်။

၂။ လည်ပင်းတွင် အကျိတ်ဖြစ်နေခြင်း

လည်ပင်းမှာ အကျိတ်ဖြစ်နေသူတွေမှာလည်း ဒီပြဿနာ ရှိတတ်ပါတယ်။ ဒါဟာ သတိထားရမယ့် ရောဂါ တစ်ခု ပါ။

၃။ ဆီးချို

သွေးထဲမှာ စီးဝင်တဲ့ သကြားဓာတ် ပမာဏ များနေပြီဆိုရင်လည်း သင် အလွယ်တကူ မောပန်းလွယ်နေတတ်ပါတယ်။ ဒီဖြစ်စဉ်က အောက်ဆီဂျင် လုံလောက်စွာ မရစေပါဘူး။

၎။ စိတ်ဓာတ်ကျဆင်းမှု

ကြုံတွေ့နေရတဲ့ အခြေအနေပေး စိတ်ဓာတ်ကျဆင်းရင်လည်း ညအိပ်မပျော်တာ၊ မနက်မထချင်တာတွေဖြစ်ပြီး မောပန်းသလို ခံစားရပါတယ်။

၅။ အစားအသောက်

စားသောက်ပုံ မမှန်ရင်လည်း ခန္ဓာကိုယ်က အမောမခံနိုင်ပဲ ပင်ပန်းလွယ်နေတတ်ပါတယ်။ အထူးသဖြင့် အဆင့်ဆင့် ပြုပြင်ထုတ်လုပ်ထားတဲ့ အစားအသောက်တွေ(ဥပမာ- ပေါင်မုန့်၊ ကိတ်မုန့်၊ အအေဗူး) တွေက ဒီလိုဖြစ်တတ်ပါတယ်။

၆။ ရောဂါပိုးဝင်ခြင်း

လေထဲကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်ခံရရင်လည်း သင်ဟာ ဘာမှမလုပ်ပဲ မောပန်းလွယ်ပြီး ကိုယ်ခံအား မကောင်းသူ ဖြစ်နေမှာပါ။

Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top