iMyanmarHouse.com - Best Property Website for Myanmar
×

ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ အကြီးဆုံးက အရေပြားဆိုတာ သင်သိပါသလား?

အရေပြားက ဘက်တီးရီးယားပိုးတွေ ဗိုင်းရပ်စ်တွေ ရန်က ကာကွယ်ပေးတဲ့ ပထမဦးဆုံး အလွှာဖြစ်ပါတယ်။ ပြီးတော့ ခန္ဓာကိုယ်ကို အေးမြစေပြီး အေးတဲ့အချိန်မှာလည်း နွေးထွေးနေအောင် ပြုလုပ်ပေးပါတယ်။

ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ သဘာဝ ပေါင်းတင်မျက်နှာဖုံးနဲ့ အညစ်အကြေးတွေ၊ ဘက်တီးရီးယားများတွေနဲ့ တခြား ကူးစက်ရောဂါတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

အိမ်မှာပဲ ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ ပေါင်းတင်မျက်နှာဖုံးအတွက် လိုအပ်တဲ့ပစ္စည်းလေးတွေကတော့

•    ရှားစောင်းလက်ပပ် ကတော့ နီရဲယောင်ယမ်းခြင်းတွေကို သက်သာစေပြီး ဓါတ်တိုးပစ္စည်းတွေ များစွာပါဝင်ပါတယ်။

•    မုန့်ဖုတ်ဆော်ဒါ ကတော့ မှိုရောဂါတွေကို ကာကွယ်တိုက်ဖက်ပေးပြီး အဆီပြန်မှုကိုလည်း တားဆီးပေးနိုင်ပါတယ်။

•    သစ်ကြမ်းပိုးခေါက်ကတော့ အဏုဇီဝရောဂါပိုးတွေကို သဘာဝအတိုင်း ဖယ်ရှားတိုက်ထုတ်ပေးနိုင်ပါတယ်။

•    အုန်းဆီ သို့ သံလွင်ဆီကတော့ အစိုဓါတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

•    လက်ဖက်စိမ်းမှုန့် ကတော့ ဓါတ်တိုးပစ္စည်းတွေရဲ့ ဘုရင်ပါပဲ။ အဏုဇီဝပိုးမွှားတွေနဲ့ နီရဲယောင်ယမ်းမှုတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

•    ပျားရည်ကတော့ သဘာဝ ပိုးသတ်ဆေးပါပဲ။

•    သံပုရာရည်ကတော့ အဆီပြန်မှုတွေကို သက်သာစေပါတယ်။

Credit: ThitHtooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top