iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယား နိုင်ငံ ကျော်သရုပ်ဆောင်မင်းသမီး လီယောင်အေးသည် အီကွေဒေါ ငလျင်ဒဏ်သင့်ပြည်သူများ အတွက် ကယ်ဆယ်ရေးလုပ်ငန်း များတွင် အသုံးပြုနိုင်ရန် ကိုရီးယားနိုင်ငံတကာ အကူအညီပေးရေး အဖွဲ့သို့ ကန်ဒေါ်လာ ၅၀,၀၀၀ လှူဒါန်းခဲ့သည်ဟု သတင်းများက ဖော်ပြသည်။

လီယောင်အေးသည် ဧပြီ ၁၆ ရက်တွင် အီကွေဒေါနိုင်ငံ၌ လှုပ်ခတ်ခဲ့သော ပြင်းအားမဂ္ဂနီ ကျု့ဒ် ၇ ဒသမ ၈ အဆင့်ရှိ ငလျင် ဒဏ်သင့်ပြည်သူများကို ကူညီရန် ကိုရီးယားနိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) သို့ ငွေများလှူဒါန်းခဲ့ ခြင်းဖြစ်သည်။

အမြွှာကလေးနှစ်ဦး၏ မိခင်အသက် (၄၅)နှစ်အရွယ်ရှိ လီယောင်အေးသည် ၂၀၀၃တွင် နန်းတွင်းရတနာ အမည်ရ ကိုရီးယားဒရာမာ ဇာတ်လမ်းတွဲ ဖြင့် နာမည်ကျော်ကြားလာသော သရုပ်ဆောင် မင်းသမီးဖြစ်သည်။ လီယောင်အေးသည် ပရဟိတ လုပ်ငန်းများ လုပ်ကိုင်လျက်ရှိ သည်။ပြီးခဲ့သည့်နှစ်တွင် စစ်မဲ့ဇုန်၌ပေါက်ကွဲမှုဖြစ်ပွားစဉ် ဒဏ်ရာရရှိ ခဲ့သော ကိုရီးယားစစ်သားနှစ်ဦး အား လီယောင်အေးက ကိုရီးယား ဝမ်သန်း ၅၀ လှူဒါန်းခဲ့သည်။ ထို့အပြင် လီယောင်အေးသည် ၂၀၁၄ တွင် လမစေ့ဘဲ မွေးလာ သော တိုင်ပေကလေးငယ်တစ်ဦး အတွက် ဆေးဝါးကုသစရိတ်များ ထောက်ပံ့ပေးခဲ့ပြီး ၂၀၀၆ နှင့် ၂၀၀၇ တွင် တရုတ်နိုင်ငံရှိ စာသင်ကျောင်းများသို့လည်း ငွေ ကြေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ သည်။

လီယောင်အေးသည် ကိုရီး ယားနာမည်ကျော်သရုပ်ဆောင် မင်းသား ဆောင်းဆောင်ဟွန်းနှင့် အတူ လက်ရှိတွင် ကိုရီးယား ဒရာမာဇာတ်လမ်းတွဲ Saim dang, Herstory ၌ ပါဝင်သရုပ် ဆောင်လျက်ရှိသည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top