iMyanmarHouse.com - Best Property Website for Myanmar
×

လတ်တလောမှာ အပူရှိန်ကလည်း ပြင်းလွန်းတာကြောင့် နေပူထဲထွက်သူတွေရဲ့ ဆံပင်တွေဟာ ပိုပြီးပျက်စီးနေကြတာ တွေ့ရပါတယ်။ ဆံပင်နှစ်ခွဖြစ်တာ၊ ဆံသားကြမ်းတမ်းတာအပြင် ဆံပင်အရောင် မွဲခြောက်ခြောက် ဖြစ်တာတွေအတွက် အိမ်မှာနေရင်း အုန်းဆီနဲ့ ဆံပင်ပေါင်းတင်လို့ရပါတယ်။ သင်္ကြန်မှာ လျှောက်လည်လို့ဖြစ်ဖြစ်၊ ကမ်းခြေမှာ ရေကစားခဲ့တာဖြစ်ဖြစ် ဆံပင်တွေ ပျက်စီးလာတယ်ဆိုရင်တော့ ဆံပင်ကိုပြုပြင်ထိန်းသိမ်းပေးဖို့ မမေ့သင့်ပါဘူး။

- အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းကို ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းနဲ့ ပေါင်းစပ်ပြီး သမအောင်မွှေပါ။

- ဆံပင်တွေကို အရင်းနဲ့အဖျားပါမကျန် နှံ့အောင် သုတ်လိမ်းပေးပါ။

- ခေါင်းကို တဘက်နဲ့ပတ်ထားပါ။ ဒါမှမဟုတ် ကိုယ့်ရဲ့ခေါင်းအုံးပေါ်မှာ တဘက်တင်ပြီး အိပ်လို့ရပါတယ်။

- မနက်မိုးလင်းမှ ခေါင်းလျှော်ပါ။ ခေါင်းလျှော်ရည်ကို အသုံးပြုပြီး လျှော်နိုင်သလို ဆံပင်ပျော့ဆေးကိုလည်း အသုံးပြုပေးလို့ရပါတယ်။

 ခေါင်းလျှော်ပြီးတဲ့အခါ ပိုမိုနူးညံ့ပြီး တောက်ပြောင်တဲ့ ဆံကေသာကို ရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ဒီနည်းလမ်းအတိုင်း တစ်ပတ် နှစ်ကြိမ် ပြုလုပ်ပေးရင် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဆံပင်တွေ သိသိသာသာ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top