iMyanmarHouse.com - Best Property Website for Myanmar
×

ပင်လယ်စာတွေထဲက အကောင်းဆုံးအစားအစာ စာရင်းဝင် ငါးတစ်မျိုးအဖြစ် ဆော်လ်မွန်ကို လူသိများပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်ဆစ်တွေ ကြွယ်ဝစွာပါဝင်နေလို့ ကျန်းမာရေးကို အထူးကောင်းမွန်းစေမှာပါ။ အသားဓာတ်လည်းပါလို့ လူကိုခွန်အားဖြစ်စေနိုင်ပါသေးတယ်။ ဆယ်လ်မွန်ငါးမှာ အခြားအာဟာရဓာတ်တွေလည်း ပါဝင်နေလို့ ပုံမှန်စားသုံးပေးဖို့ သင့်လျော်ပါတယ်။

၁။ အရိုးတွေကို ကျန်းမာစေ

အရိုးနဲ့သွားတွေ ကြံ့ခိုင်ကျန်းမာဖို့အတွက် ဆယ်လ်မွန်မှာပါတဲ့ ကယ်လ်ဆီယံဓာတ်တွေက ကူညီပေးနိုင်ပါတယ်။ အရိုးတွေကြံ့ခိုင်နေတဲ့အခါ အခြား အဆစ်အမြစ်ဆိုင်ရာ ပြဿနာတွေကိုလည်း

၂။ ရုတ်တရက်နှလုံးဖောက်မှုကို လျော့ကျစေ

မိမိကိုယ်တိုင် သတိမထားမိချိန်မှာပဲ ရုတ်တရက်နှလုံးဖောက်လို့ အသက်ဆုံးရှုံးရမှုတွေ ကမ္ဘာနဲ့အဝန်း ဖြစ်ပွားနေလို့ သတိကြီးကြီးထားသင့်ပါတယ်။ ဒီလိုမဖြစ်အောင်  ကြိုတင်ကာကွယ်ဖို့အတွက် နှလုံးကြွက်သားတွေကို ကျန်းမာစေတဲ့ ဆယ်လ်မွန်ငါးကို စားပေးရပါမယ်။ ဒါ့ပြင် သွေးတိုးကိုလည်း လျှော့ကျစေလို့ သွေးတိုးသမားတွေ ပိုစားသင့်ပါတယ်။

၃။ အိပ်ကောင်းစေ

ဆယ်လ်မွန်ငါး စားပေးခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ အိပ်မပျော်နိုင်သူတွေရှိရင် ဆယ်လ်မွန်ငါးကိုစားဖို့ အသိပေးလိုက်ပါ။

၎။ အမြင်အာရုံကောင်းမွန်စေ

အမြင်အာရုံ ဝေဝါးနေပြီဆိုရင် ဆယ်လ်မွန်ငါးစားဖို့ တိုက်တွန်းပါရစေ။ မျက်စိအမြင်အာရုံကို ကောင်းမွန်စေပြီး အခြားမျက်လုံးနဲ့ဆိုင်တဲ့ ပြဿနာတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

၅။ ဝိတ်ကျစေ

ကိုယ်အလေးချိန် လျော့ကျလိုသူတွေအတွက် ဆယ်လ်မွန်ငါးက အလုပ်ဖြစ်ပါတယ်။ နေ့လယ်စာ စားချိန်မှာ ဆယ်လ်မွန်းငါးကိုပိုစားပြီး အခြားအရာတွေကို လျော့စားပေးရင် သိသိသာသာ ဝိတ်ကျလာပါလိမ့်မယ်။

၆။ ဦးနှောက်စွမ်းဆောင်ရည် မြင့်မားစေနိုင်

ဆယ်လ်မွန်ငါးကို လူကြီးတွေသာမကဘဲ ကလေးတွေလည်း စားပေးဖို့လိုပါတယ်။ ဒါမှ ဦးနှောက်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးလာမှာပါ။ DHA လိုမျိုး အစွမ်းထက်တဲ့အရာတွေက မှတ်ဉာဏ်စွမ်းအားပိုကောင်းလာစေနိုင်လို့ ကလေးငယ်တွေနဲ့ ကျောင်းသားတွေကို ဆယ်လ်မွန် များများကျွေးသင့်ပါတယ်။

Credit : Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top