iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယား သရုပ် ဆောင်မင်းသား ဆောင်းဆောင် ဟွန်းနှင့် တရုတ်သရုပ်ဆောင် မင်းသမီး လူယီဖေးတို့စုံတွဲ လမ်း ခွဲလိုက်ပြီဟူသော သတင်းများ ပျံ့နှံ့နေသော်လည်း ယင်းသတင်း များ မမှန်ကန်ကြောင်း ဆောင်း ဆောင်ဟွန်းက ငြင်းဆိုသည်။


‘‘လူယီဖေးနဲ့ ဆောင်းဆောင် ဟွန်းတို့ ချစ်သူစုံတွဲ လမ်းခွဲလိုက် ပြီဆိုတဲ့ သတင်းတွေ ထွက်နေပါ တယ်’’ဟု တရုတ်သတင်းမီဒီယာ Sina Entertainment က ဖော်ပြ သည်။

ဆောင်းဆောင်ဟွန်း၏ အရာရှိတစ်ဦးက ‘‘လမ်းခွဲတယ်ဆိုတဲ့သတင်းတွေက မမှန်ပါဘူး။ သူတို့စုံတွဲ အဆင်ပြေတုန်းပါ။ သိပ်မကြာသေးခင်ကတောင် လူယီဖေး ကိုရီးယားကို လာလည်ပြီး ဆောင်းဆောင်ဟွန်းနဲ့ တွေ့သွားပါတယ်’’ဟု တုံ့ပြန်ပြောကြားခဲ့သည်။

ထိုအတောအတွင်း ဆောင်း ဆောင်ဟွန်းသည် SBS ရုပ်သံ လိုင်းမှ ထုတ်လွှင့်ပြသမည့် Saim dang, The Herstory ဒရာမာ ဇာတ်လမ်းတွဲ ရိုက်ကူးရေးများ ဖြင့် အလုပ်များနေစဉ် လူယီဖေး သည်လည်း တရုတ်နိုင်ငံ၌ ရုပ်ရှင် ဇာတ်ကားရိုက်ကူးမှုနှင့် အလုပ် များနေသည်။ ၎င်းတို့စုံတွဲနှင့်ပတ် သက်သည့် ကောလာဟလ သတင်းများ ထွက်နေသော်လည်း နာမည်ကျော်သရုပ်ဆောင်စုံတွဲ က တွဲလက်ခိုင်မြဲဆဲဖြစ်သည်။

Credit: 7 Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top