iMyanmarHouse.com - Best Property Website for Myanmar
×

၁။ သတ်မှတ်ပါ

တစ်ပန်းစားမယ်လို့ ဆုံးဖြတ်ထားပြီးရင် ပိုမယူပါနဲ့။ စားကောင်းတိုင်း စားနေသမျှတော့ ဝိတ်ကျမှာမဟုတ်ပါဘူး။

၂။ ပန်းကန်သေးသေး

အစားအစားတိုင်း ပန်းကန်သေးသေးနဲ့စားပါ။ အထူးသဖြင့် ထမင်းစားမယ်ဆို ထမင်းကို ပန်းကန်လုံးသေးသေးနဲ့ထည့်ပြီး တူနဲ့စားရင် အစားများများမစားမိတော့ဘူးပေါ့။

၃။ ကိုယ်တိုင်ချက်ကြည့်ပါ

စားသောက်ဆိုင်တွေက အစားအသောက်တွေကို ကြိုက်တယ်ဆို အိမ်မှာ ကိုယ်တိုင်ချက်ကြည့်ပါ။ ဆီနဲ့အချိုမှုန့်ကို လျှော့ပြီး ကိုယ်တိုင်ချက်ပြုတ်ခြင်းက ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

၎။ လောဘတကြီး မဝယ်ပါနဲ့

ကိုယ်လိုသလောက်လေးပဲဝယ်ပါ။ များများဝယ်မိရင် များများစားဖြစ်သွားရောလေ။ များများဝယ်လိုက်မိတော့ နှမျောတာနဲ့ပဲ ကုန်အောင်စားရင်းက ဝိတ်က ကျမလာဘဲ တက်ပြီးရင်းတက်နေတော့မှာပါ။

၅။ ကျေညက်အောင်ဝါး

အစာစားတိုင်း ဖြည်းဖြည်းချင်းနဲ့ ကျေညက်အောင်ဝါးပြီးမှ မျိုချပါ။


Credit  : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top