iMyanmarHouse.com - Best Property Website for Myanmar
×

လူတွေဟာ တစ်နှစ်ထက် တစ်နှစ် ပြောင်းလဲလာတာနဲ့ အမျှ အကျင့်ကောင်းလေးတွေကို ကျင့်သုံးလာကြပြီး အကျင့်ဆိုးတွေကို တတ်နိုင်သလောက် ပြောင်းလဲဖို့ ဆိုတဲ့ အတွေးတွေကို နှစ်သစ်ကူး ကာလတိုင်းမှာ တွေးမိတတ်ကြပါတယ်။ အခုဆို နှစ်သစ်ကူး ပြီးဆုံးခဲ့တာလည်း ကြာခဲ့ပါပြီ။ လူတစ်ချို့စိတ်ထဲမှာ ကောင်းမွန်တဲ့ အကျင့်လေးတေလို့ သတ်မှတ်ထားပေမယ့် တစ်ကယ်တမ်းတော့ ကိုယ့်အတွက်ရော ၊ ဘယ်သူ့အတွက်မှပါ အကျိုးမရှိနိုင်တဲ့ အမူအကျင့် တစ်ချို့ ကို Elite Daily သတင်းဌာနက တွေ့ရှိထားတာကြောင့် စာဖတ်ပရိသတ်များ လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။

၁။ အိပ်မပျော်ပဲ အတင်းအိပ်ခြင်း

လူတွေ ကောင်းတယ်ထင်နေတဲ့ အမူအကျင့်တစ်ခုက အိပ်မပျော်တာကို အတင်းအကျပ် အိပ်ဖို့ ကြိုးစားနေခြင်းပဲ ဖြစ်ပါတယ်။ အိပ်မပျော်တဲ့နောက်တော့ အတင်းအိပ်နေလည်း အိပ်ရေး ၀လာမှာ မဟုတ်သလို အဲ့လို အချိန်ဖြုန်းလိုက်ခြင်းမှာ ကုန်ဆုံးသွားတဲ့ မိနစ် ပေါင်းများစွာဟာလည်း အစားထိုး ပြန်မရနိုင်ပါဘူး။ အဲဒါကြောင့်ပဲ ညတိုင်းဟာ အကောင်းဆုံး အနားယူမှုတွေကို မဖန်တီးပေးနိုင်တာပဲ ဖြစ်ပါတယ်။

၂။ ရေသန့်ဘူးများဖြင့် ရေ သောက်ခြင်း

ဖွံဖြိုးပြီးနိုင်ငံတွေမှာတော့ ရေသန့်ဘူးတွေထက် ရေသန့်ပိုက်ကရေ(Tap Water) ကို အသုံးပြုကြတာ များပါတယ်။ လက်ရှိအနေအထားအရ တစ်နှစ်ကို ပလတ်စတစ် စွန့်ပစ် ပစ္စည်းတွေဟာ တန်ချိန်ပေါင်း ၁.၅ မီလီယံ ခန့် စွန့်ပစ်နေရပါတယ်။ ကမ္ဘာကြီးကို ကယ်တင်နိုင်ဖို့ ပလတ်စတစ် သုံးစွဲမှု ကို လျှော့ချမှ ရပါလိမ့်မယ်။

၃။ ဗီတာမင် ဖြည့်စွက်အစားအစာများ

ဗီတာမင် အများအပြား ပါဝင်အောင် ထုတ်လုပ်ထားတဲ့ ဖြည့်စွက်အစားအစာ တွေ အမြောက်အများ စားသုံးခြင်းဟာ အချိန်တစ်ခုအကြာမှာ အဆုတ်ကင်ဆာ နဲ့ နှလုံးရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။

၎။ လက်သန့်စင်ဆေးရည်

လက်သန့်စင်ဆေးရည်မှာ ပါဝင်တဲ့ Triclosan ဆိုတဲ့ ဓါတုပစ္စည်းတစ်မျိုးဟာ သင့်လက်ပေါ်က ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားလိုက်ပြီး ပဋီဇီဝ ခံနိုင်ရည် အားကောင်းတဲ့ ဘက်တီးရီးယားတွေကို ရှင်သန်ပေါက်ဖွားလာစေပါတယ်။

၅။ အဆီမပါ(Fat-Free) စားသောက်ကုန်များ

အဆီမပါတဲ့ Fat-Free အစားအစာ တွေဟာ အရသာပိုင်းမှာ အားနည်းနေတတ်ပါတယ်။ အဲဒါကြောင့် ကုန်ပစ္စည်း ထုတ်လုပ်သူတွေက ထို Fat-Free အစားအစာတွေထဲကို သကြား ၊ ဂျုံမှုန့် ၊ ဆား အစရှိတာတွေကို ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ အဲဒီ ပါဝင်ပစ္စည်းတွေဟာလည်း ကယ်လိုရီ တက်လာစေနိုင်ပါတယ်။




Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top