iMyanmarHouse.com - Best Property Website for Myanmar
×

အဝတ်အစား အခြောက်ခံစက်တွေက ဘဝကို လွယ်ကူသက်သာစေတဲ့အရာဆိုတာ သံသယဖြစ်စရာ မရှိပေမယ့် တချို့ပစ္စည်းတွေက ဒီစက်ကိရိယာတွေနဲ့ အံဝင်ခွင်ကျမဖြစ်ပါဘူး။ မိမိအဝတ်အစားတွေ တွန့်ကြေခြင်း၊ ရွဲခြင်းတွေ ဖြစ်ပွားကာ အပျက်အစီး မခံလိုဘူးဆိုရင်တော့ အောက်ပါလိုက်နာသင့်တဲ့အရာတွေကို မဖြစ်မနေ သိထားဖို့လိုလာပြီပေါ့။

ရေကူးဝတ်စုံ

ရေကူးဝတ်စုံအသား ကဲ့သို့ ဘယ်အဝတ်အစားမဆို အခြောက်ခံစက်ထဲ ထည့်ပါက အပူဓာတ်ကြောင့် ပျက်စီးပြီး သူ့ရဲ့ ဆန့်ကျုံ့နိုင်တဲ့သတ္တိ ကုန်ခန်းသွားပါလိမ့်မယ်။

ဘရာစီယာ

ဘရာစီယာတွေဆိုတာ အင်မတန်နူးညံ့တဲ့ အရာတွေဖြစ်ပါတယ်။ ဒါ့အပြင် မီးအပူကြောင့် ပုံစံပျက်သွားစေပါတယ်။

ရာဘာအဓိကဖြင့် ပြုလုပ်ထားသည့် ခြေသုတ်

ရေချိုးခန်းတွေမှာ ကြမ်းခင်း ပိုမိုကုပ်တွယ်တဲ့ ရာဘာက အခြောက်ခံစက်ထဲမှာ တစစီပြုတ်ထွက်နိုင်ပြီး မီးလောင်မှုဖြစ်ပွားစေနိုင်ခြေရှိပါတယ်။

အသားကပ်ဘောင်းဘီ

၅ မိနစ်လေး ထားလိုက်ရင်တောင် ကပ်ငြိထုံးချည်ပွသွားပါတယ်။ အဲဒီလိုလုပ်မယ့်အစား မီးဖိုနားနားမှာ ချိတ်လှန်းပါ။

လက်ဝတ်ရတနာပစ္စည်းများ

အကျီင်္ကော်လန်မှာ သလင်းကျောင်းလည်ဆွဲပုတီးများ ဆင်ယင်တပ်ဆင်ထားပါသလား။ ဒီအဆင်တန်ဆာတွေ ပျက်ကျမသွားစေလိုပါက အခြောက်ခံစက်မှာ မထားပါနဲ့လို့ အကြံပြုချင်ပါတယ်။

အပေါ့စားဆောင်းတွင်းစီးဖိနပ်

၎င်းရှိသိုးသရေတွေက စက်အပူရှိန်ကြောင့် တွန့်သွားပါတယ်။ ဖြစ်နိုင်ရင် နေရောင်အောက်မှာပဲ ကြည့်လှန်းပေးပါ။



Credit :  Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top