iMyanmarHouse.com - Best Property Website for Myanmar
×

X-Men ဇာတ္ကားအတြက္ ၀ိတ္ခ်ဖုိ႕ ၾကိဳးစားခဲ့တဲ့ သရုပ္ေဆာင္ Olivia Munn ဟာ ၈၀/၂၀ စည္းမ်ဥ္းေၾကာင့္ သူမရဲ႕ခႏၶာကိုယ္အေလးခ်ိန္ရဲ႕ ၁၂ေပါင္ က်သြားခဲ့တယ္လို႕ ဖြင့္ဟခဲ့ပါတယ္။ ၈၀/၂၀ ဆိုတာ ဘာမ်ားလဲ။ မၾကားဖူးရင္ေတာ့ ေသခ်ာဖတ္ဖုိ႕ လိုပါျပီ။

ဒါကရိုးရွင္းပါတယ္။ သင္ဟာ ၀ိတ္ခ်ဖုိ႕ ၾကိဳးစားေနသူဆုိရင္ ဒီနည္းေလးကို စမ္းျပီး က်င့္သံုးၾကည့္ေစခ်င္တာပါ။ ၈၀/၂၀ ဆိုတဲ့ စည္းမ်ဥ္းေလးက သန္႕ရွင္းျပီးေကာင္းမြန္တဲ့ ၊ က်န္းမာေရးနဲ႕ ညီညြတ္တဲ့ အသီးအရြက္၊ အသီးအႏွံစတာေတြဟာ သင္စားတဲ့ အစားအစာရဲ႕ ၈၀ရာခုိင္ႏႈန္း ျဖစ္ေနဖုိ႕ လိုအပ္တယ္ဆုိတာေလးကို ေျပာခ်င္တာပါ။ က်န္တဲ့ ၂၀ ရာခုိင္ႏႈန္းကေတာ့ သင္စားခ်င္တဲ့ အစားအစာ ဘယ္အရာကိုမဆို စားႏိုင္တာမ်ိဳးပါ။

Olivia က Women's Health ကို ေျပာထားတာကေတာ့ "X-Men စရိုက္ေတာ့မယ္ဆုိေတာ့ ထရိန္နင္ေတြ အသားကုန္လုပ္ရတယ္။ ျပီးေတာ့ က်န္းမာေရးအတြက္ ေတာ္ေတာ္ေလး ျပန္လုပ္ရတယ္။ အစားအစာ စားတာကအစ အားလံုးကို ဂရုစိုက္ရတယ္။ က်ြန္မရဲ႕ ရည္ရြယ္ခ်က္ကေတာ့ က်န္းမာသန္စြမ္းဖုိ႕ပါပဲ။ ဒီေတာ့ ေန႕တုိင္း ကိုယ္လက္ေလ့က်င့္ခန္းေတြ လုပ္တယ္။ ျပီးေတာ့ ခုနေျပာတဲ့ ၈၀/၂၀ စည္းမ်ဥ္းေလးအတုိင္းသြားခဲ့တယ္။ ခုနေျပာတဲ့ ၂၀ရာခုိင္ႏႈန္းကို က်ြန္မၾကိဳက္တဲ့ ေပါင္မုန္႕ေတြ၊ အသားေတြ စားတာပဲ။ ၈၀ရာခုိင္ႏႈန္းကေတာ့ အသီးအႏွံ၊ အသီးအရြက္ေတြ ျဖစ္ေနရမွာေပါ့"တဲ့။

ကဲ သင္လည္း ၀ိတ္ခ်ဖုိ႕ ၾကိဳးစားေနသူတစ္ဦးဆုိရင္ ဒီနည္းေလးကို က်င့္သံုးၾကည့္ဖုိ႕ တုိက္တြန္းပါရေစ။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

X-Men ဇာတ်ကားအတွက် ဝိတ်ချဖို့ ကြိုးစားခဲ့တဲ့ သရုပ်ဆောင် Olivia Munn ဟာ ၈၀/၂၀ စည်းမျဉ်းကြောင့် သူမရဲ့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁၂ပေါင် ကျသွားခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ၈၀/၂၀ ဆိုတာ ဘာများလဲ။ မကြားဖူးရင်တော့ သေချာဖတ်ဖို့ လိုပါပြီ။

ဒါကရိုးရှင်းပါတယ်။ သင်ဟာ ဝိတ်ချဖို့ ကြိုးစားနေသူဆိုရင် ဒီနည်းလေးကို စမ်းပြီး ကျင့်သုံးကြည့်စေချင်တာပါ။ ၈၀/၂၀ ဆိုတဲ့ စည်းမျဉ်းလေးက သန့်ရှင်းပြီးကောင်းမွန်တဲ့ ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအရွက်၊ အသီးအနှံစတာတွေဟာ သင်စားတဲ့ အစားအစာရဲ့ ၈၀ရာခိုင်နှုန်း ဖြစ်နေဖို့ လိုအပ်တယ်ဆိုတာလေးကို ပြောချင်တာပါ။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ သင်စားချင်တဲ့ အစားအစာ ဘယ်အရာကိုမဆို စားနိုင်တာမျိုးပါ။

Olivia က Women's Health ကို ပြောထားတာကတော့ "X-Men စရိုက်တော့မယ်ဆိုတော့ ထရိန်နင်တွေ အသားကုန်လုပ်ရတယ်။ ပြီးတော့ ကျန်းမာရေးအတွက် တော်တော်လေး ပြန်လုပ်ရတယ်။ အစားအစာ စားတာကအစ အားလုံးကို ဂရုစိုက်ရတယ်။ ကျွန်မရဲ့ ရည်ရွယ်ချက်ကတော့ ကျန်းမာသန်စွမ်းဖို့ပါပဲ။ ဒီတော့ နေ့တိုင်း ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်တယ်။ ပြီးတော့ ခုနပြောတဲ့ ၈၀/၂၀ စည်းမျဉ်းလေးအတိုင်းသွားခဲ့တယ်။ ခုနပြောတဲ့ ၂၀ရာခိုင်နှုန်းကို ကျွန်မကြိုက်တဲ့ ပေါင်မုန့်တွေ၊ အသားတွေ စားတာပဲ။ ၈၀ရာခိုင်နှုန်းကတော့ အသီးအနှံ၊ အသီးအရွက်တွေ ဖြစ်နေရမှာပေါ့"တဲ့။

ကဲ သင်လည်း ဝိတ်ချဖို့ ကြိုးစားနေသူတစ်ဦးဆိုရင် ဒီနည်းလေးကို ကျင့်သုံးကြည့်ဖို့ တိုက်တွန်းပါရစေ။

Credit:Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top