iMyanmarHouse.com - Best Property Website for Myanmar
×

အရင်းနှီးဆုံး သူစိမ်းတွေလို့ ပြောလေ့ရှိတဲ့ အိမ်ထောင်ရှင်တွေနဲ့ ချစ်သူစုံတွဲတွေက သာယာပျော်ရွင်တဲ့ ဘ၀ကို လိုချင်ကြမှာ သေချာပါတယ်။

ဒီလို သာယာပျော်ရွင်တဲ့ ဘ၀ကိုရနေတဲ့ အိမ်ထောင်ရှင်တွေက တစ်ယောက်နဲ့တစ်ယောက်က နားလည်မှုတွေရှိပြီး သစ္စာရှိရှိ ချစ်ခင်ကြင်နာတတ်တဲ့အတွဲတွေက ရွှေလက်တွဲ ခိုင်မြဲကြတာများပါတယ်။ အဲ့ဒီလိုမြဲတဲ့အတွဲတွေ၊ အိမ်ထောင်ရှင်တွေမှာ တွေ့ရလေ့ရှိတဲ့ အချက်တချို့ကို ဓူဝံ ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။

၁။ အိပ်ယာအတူဝင်တတ်ကြတယ်

အိမ်ထောင်သည်တွေဟာ ယူပြီးစအချိန်ကာလတွေမှာသာ အိပ်ယာအတူဝင်တတ်ကြတာပါ။ အနည်းဆုံး ညတိုင်းအိပ်ယာအတူဝင်တယ်ဆိုတာ နေ့တစ်နေ့ကို အတူတူ အဆုံးသတ်တဲ့ သဘောပါပဲ။ အိပ်ခါနီး စကားလေး တပြောပြောနဲ့  ကြည်ကြည်နူးနူး အိပ်တတ်တဲ့ အတွဲမျိုးတွေဟာ ဘယ်လောက်ကြာကြာ ပြတ်ဖို့ ခဲယဉ်းပါတယ်။

၂။ အကြိုက်တွေ တူကြတယ်

ကိုယ်ဘာလုပ်မယ်၊ သူဘာလုပ် ဆိုတာမျိုး အထူးတိုင်ပင်စရာ မလိုဘဲ အကြိုက်ချင်း၊ သဘောထားချင်း တိုက်ဆိုင်နေတတ်ကြတဲ့ အတွဲမျိုးတွေပေါ့။ ညှိလုပ်နေရာတာမျိုး မဟုတ်ဘဲ နှစ်ယောက်သား အမြဲတမ်း တူညီနေတတ်တာမျိုးကို ပြောတာပါ။

၃။ တစ်ဦးနဲ့တစ်ဦး ကြင်ကြင်နာနာ ရှိကြတယ်

တွဲတာနှစ်နဲ့ချီလာလို့ တစ်ယောက်လက်တောင် တစ်ယောက်မကိုင်တော့တာမျိုး၊ အိမ်ထောင်သက်တမ်းရှိလာလို့ နဖူးလေးနမ်းတာ၊ ပါးလေးနမ်းတာ၊ ပွေ့ဖက်တာမျိုးတွေ နည်းလာတာမျိုးမရှိပဲ ချစ်ခင်ကြင်နာစကအတိုင်း တစ်ဦးနဲ့တစ်ဦး မြတ်မြတ်နိုးနိုး ရှိနေတတ်ကြတယ်။

၎။ တစ်ဦးနဲ့တစ်ဦး ဆူပူကြိမ်းမောင်းနေတာမျိုးတွေ မလုပ်ကြပါဘူး

အကြောင်းမရှိ ကိုယ်စိတ်မရှည်တိုင်း ကိုယ့်ချစ်သူကို အော်လိုက်၊ ငေါက်လိုက် စတာတွေ ဘယ်တော့မှ မလုပ်ဘူး။ တစ်ဖက်လူရဲ့ လုပ်ရပ်က စိတ်အနှောင့်အယှက်ဖြစ်ရင်တောင် ဘာ့ကြောင့်ဒီလိုဖြစ်ရသလဲဆိုတာ ပွင့်ပွင့်လင်းလင်း မေးတယ်၊ ပြောတယ်။ အပြစ်တင်တာမျိုး တတ်နိုင်သလောက် မလုပ်ကြပါဘူး။

၅။ ဘယ်သွားသွား အတူတူပဲသွားကြပါတယ်

အတတ်နိုင်ဆုံး နှစ်ဦးသားအတူတူ အပြင်သွားတတ်ကြတယ်။ အတူရှိနေရအောင်လည်း ကြိုးစားတတ်ကြပါတယ်။

၆။ သူ့သူငယ်ချင်း၊ ကိုယ့်သူငယ်ချင်းတွေနဲ့လည်း အဆင်ပြေအောင်နေတယ်

ဟိုဘက်၊ ဒီဘက် အသိမိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် နေကြတယ်။ ဒါမှရေရှည်မှာ အဆင်ပြေမယ်လို့လည်း သူတို့ တွေးကြပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top