iMyanmarHouse.com - Best Property Website for Myanmar
×

တောင်ကိုရီးယားမင်းသား လီဂျောင်ဆွတ်ခ်သည် အနုပညာလုပ်ငန်းများ လုပ်ကိုင်ရန် YG Entertainment နှင့် စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီက မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

လီဂျောင်ဆွတ်ခ်သည် “I Hear Your Voice” ၊ “Doctor Stranger” နှင့် “Pinocchio” ကဲ့သို့ သော ဒရမ်မာဇာတ်ကားတို့ဖြင့် အာရှတစ်ဝန်းတွင် ပရိတ်သတ်များ၏ အားပေးမှုကို ရရှိထားသည့်အ ပြင် ကိုရီးယားနိုင်ငံတွင်လည်း ပရိတ်သတ်များ၏ အားပေးမှုကို ရရှိထားသူတစ်ဦး ဖြစ်သည်။

လီဂျောင်ဆွတ်ခ်သည် မကြာသေးမီက ကိုရီးယား-တရုတ် ဒရမ်မာဇာတ်ကား “Jade Lover” ကို တရုတ်နိုင်ငံတွင် ရိုက်ကူးလျက်ရှိပြီး MBC ရုပ်သံ၏ ဒရမ်မာဇာတ်ကား “W” တွင် ဟန်ဟေဂျို နှင့်အတူ ပါဝင် သရုပ်ဆောင်လျက်ရှိသည်။

လီဂျောင်ဆွတ်ခ်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ၎င်း၏ အေဂျင်စီနှင့် လမ်းခွဲခဲ့ပြီးနောက် ယခုနှစ်အစောပိုင်းက ကိုယ်ပိုင်အေဂျင်စီတစ်ခုကို စတင်ခဲ့သော်လည်း ကာကွယ်မှုရှိပြီး တည်ငြိမ်သည့် ပတ်ဝန်းကျင်တွင် သရုပ်ဆောင်အလုပ်ကို အာရုံစိုက် လုပ်ဆောင်လိုခြင်းကြောင့် YG Entertainment နှင့် စာချုပ်ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Credit: Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top