iMyanmarHouse.com - Best Property Website for Myanmar
×

အပျိုဖော်ဝင်ချိန်စောသူတွေနဲ့ သွေးဆုံးချိန်နောက်ကျသူတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ဖို့ အခွင့်အလမ်းပိုများတယ်လို့ သိရပါတယ်။

အပျိုဖော်ဝင်ချိန်စောသူတွေနဲ့ သွေးဆုံးချိန်နောက်ကျသူတွေဟာ အီထရိုဂျင် ဟော်မုန်း ထိတွေ့ချိန်ပိုများတာကြောင့် ရင်သားကင်ဆာဖြစ်နိုင်ခြေ အခွင့်အလမ်း ပိုများတာဖြစ်ကြောင်း ဓာတ်ရောင်ခြည်အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်မေကြည်က ပြောကြားထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အသက် ၁၂ နှစ်ထက် စောပြီး အပျိုဖော်ဝင်ရင် ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများကာ အသက်ကြီးလေ ဖြစ်နိုင်ချေပိုများလေ ဖြစ်တယ်လို့ သိရပါတယ်။ ရင်သားကင်ဆာဟာ အသက် ၉၂ နှစ်အရွယ်ထိဖြစ်နိုင်ပြီး ဖြစ်နိုင်ခြေအများဆုံးအရွယ်ဟာ ၄၀ နဲ့ ၆၀ ကြားဖြစ်ပါတယ်။ မိသားစုထဲမှာ ရင်သားကင်ဆာဖြစ်ဖူးသူရှိလည်း ဖြစ်နိုင်ခြေပိုများပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top