iMyanmarHouse.com - Best Property Website for Myanmar
×

သာမန်ရိုးရှင်းပေမယ့် ထူထည်းတဲ့ချစ်ခြင်းတရားတွေက
မိဘနဲ့ သင့်ရင်ထဲကိန်းဝပ်ခဲ့တယ်။ သင့် တစ်ဘဝစာလောက် အဖော်ပြုခဲ့တယ်...

သင် ငယ်ငယ်တုန်းက ဇွန်း၊ ခက်ရင်းတွေကိုင်တတ်ဖို့ သူတို့အချိန်ပေးပြီး သင်ပေးခဲ့တယ်။
ဘယ်လို အင်္ကျီဝတ်တယ်၊ ဘယ်လို ကြယ်သီးတပ်တယ်၊
ဘယ်လို ဖိနပ်စီးတယ်၊ ဘယ်လို မျက်နှာသစ်တယ်၊
ဘယ်လို ခေါင်းဖြီးတယ်၊ ဘယ်လို နှပ်ချီးသုတ်တယ်၊ ဘယ်လို အိမ်သာတက်တယ်...
ဘယ်လို လူပီသအောင်လုပ်မယ်... ဒါတွေကို သူတို့သင်ပေးခဲ့တယ်။

မှတ်မိပါသေးရဲ့လား...

ပထမဆုံးသီချင်းတစ်ပုဒ်ကို သင်ဆိုတတ်ဖို့ သူတို့ ဘယ်လိုအထပ်ထပ် ကျင့်ပေးခဲ့တယ်ဆိုတာ.. သားသားက.. မီးမီးက... ဘယ်ကလာပြီး ဘယ်လိုဖြစ်လာသလဲဆိုတာ.. "ဘာကြောင့်"တွေ အတင်းအဓမ္မမေးခဲ့ဖူးကြမယ်။

ဒါကြောင့်.... ဒါကြောင့် တစ်ချိန်ချိန်မှာ သူတို့အိုမင်းသွားတဲ့အခါ၊
တစ်ခုခုကို သူတို့ချက်ချင်း သတိမရတတ်တဲ့အခါ၊
အကြောင်းအရာ ရှေ့နောက်မညီညွတ် စကားတွေပြောမိတဲ့အခါ၊
ပြောပြီးသားကို ထပ်တလဲလဲ အကြိမ်ကြိမ် သူတို့ပြန်ပြောမိတဲ့အခါ သူတို့ကို အပြစ်မတင်ပါနဲ့..

အင်္ကျီကြယ်သီးတွေတပ်ဖို့ သူတို့မေ့သွားတဲ့အခါ၊ ဖိနပ်စီးဖို့ မေ့သွားတဲ့အခါ၊
အစာစားနေရင်း ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်ပေကျံတဲ့အခါ၊ လက်ကတုန်ကယင်နဲ့ ခေါင်းဖြီးနိုင်အောင် သူတို့ကြိုးစားတဲ့အခါ သူတို့ကို မလောပါနဲ့..

သင်တဖြည်းဖြည်း ကြီးပြင်းလာတဲ့နည်းတူ သူတို့ တဖြည်းဖြည်း အိုမင်းသွားလို့ပါ။

သူတို့မျက်စိရှေ့မှာ သင်ရှိနေရင် သူတို့ရင်မှာ နွေးထွေးရတယ်။

တကယ်လို့ တစ်နေ့နေ့မှာ
သူတို့ မားမားမရပ်နိုင်တော့တဲ့အခါ၊ လှမ်းတဲ့ခြေလှမ်းတွေ ယိုင်ယိမ်းလာတဲ့အခါ
ကျေးဇူးပြုပြီး.... သူတို့လက်ကို တင်းတင်းဆုပ်ကိုင်လို့ သင်ငယ်ငယ်တုန်းက လမ်းလျှောက်သင်စလို သူတို့နဲ့အတူ ဖြည်းဖြည်းညင်သာ လျှောက်လှမ်းအဖော်ပြုပါ။

သာမန်ရိုးရှင်းပေမယ့် ထူထည်းတဲ့ချစ်ခြင်းတရားတွေက သူတို့နဲ့ သင့်ရင်ထဲကိန်းဝပ်နေပြီး သင့်တစ်သက်တာ အတူဖြတ်သန်းပါစေ....

(မေလ ဒုတိယပတ်တနင်္ဂနွေနေ့က မိခင်များနေ့ပေါ့။ နေ့တိုင်းမိခင်များနေ့ဖြစ်နိုင်ပေမယ့် မြင့်မြတ်သူတိုင်းမှာ အထိမ်းအမှတ်နေ့တစ်နေ့တော့ ရှိသင့်တယ်မဟုတ်လား။ အားတဲ့အချိန်လေးရှာပြီး အမေ့ကို အဖော်ပြုဖို့ မမေ့ပါနဲ့၊ အမေစားချင်တာလေး ဝယ်ကျွေးဖို့ မမေ့ပါနဲ့.. ဖုန်းတစ်ချက်ဆက်ဖို့ မမေ့ပါနဲ့...)

Credit : နိုင်းနိုင်းစနေ

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top