iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ်ချစ်ခင်ရသူ တစ်စုံတစ်ယောက်နဲ့ ရန်ဖြစ်ရတာဟာ ဘယ်သူမှ မကြုံချင်တဲ့ ဒုက္ခတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ လူအတော်များများကတော့ ဒါမျိုး ကြုံရလေ့ ရှိပါတယ်။

ဒီလိုအချိန်မျိုးမှာ ကိုယ့်ဘက်က အမှားလုပ်မိလိုက်တဲ့အခါ ကိုယ်ချစ်ခင်ရသူဆီက ခွင့်လွှတ်တာမျိုး လူတိုင်းလိုချင်ကြပါတယ်။ သူမြန်မြန်ခွင့်လွှတ်လာအောင် လုပ်နိုင်တဲ့ နည်းလမ်း (၇) ခုရှိပါတယ်။

၁။ အချိန်ပေးပါ

သူ့ကို အချိန်ပေးလိုက်ပါ။ သူ့အနားက ခဏလောက် ထွက်လာခဲ့လိုက်ပါ။ သူလည်း တစ်ယောက်တည်းနေလိုက်တဲ့အခါ စိတ်ပြေသွားပါလိမ့်မယ်။

၂။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ

ကိုယ်လုပ်မိလိုက်တာက ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်လား မေးကြည့်ပါ။ ဆိုလိုတာက ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ခွင့်လွှတ်နိုင်တဲ့ အမှားမျိုးလားဆိုတာ စဉ်းစားပါ။

၃။ စကားပြောပါ။

ဒါတွေပြီးရင် သူနဲ့ စကားသေချာပြောပါ။ နက်နက်နဲနဲ စကားတွေ ပြောဖို့ လိုပါတယ်။

၎။ ခွင့်လွှတ်နိုင်မလား သူ့ကိုမေးပါ

သူနဲ့ မျက်နှာချင်းဆိုင်ပြီး ခွင့်လွှတ်နိုင်မလား ဆိုတာကိုမေးပါ။ လေသံကို မတိုး၊ မကျယ်အသံနဲ့ မေးပါ။ တောင်းပန်တဲ့အသံ ပေါက်စရာ မလိုပေမဲ့ ဒီလိုဖြစ်သွားလည်း ကိစ္စမရှိပါဘူး။

၅။ ဝန်ခံပါ

သင်ဘာမှားခဲ့လဲ ဆိုတာကို ဝန်ခံဖို့ မရှက်ပါနဲ့။ သင်လုပ်ကို လုပ်ရမယ့် ကိစ္စပါ။ ဝန်ခံပြီးတော့မှ လိုအပ်တယ်ထင်ရင် လိုအပ်သလောက် တောင်းပန်ပါ။

၆။ ပိုပြီးကြင်နာပြပါ

 သူ့ဆီက ပြည့်ဝတဲ့ ခွင့်လွှတ်မှုမျိုးကိုလိုချင်ရင် သင်အရင်ထက် ကြင်နာပြလိုက်ပါ။ သင့်ရဲ့ အပြုအမူ၊ သို့မဟုတ် အမှားဟာ သာမန်လောက်ပဲဆိုရင် ဒီအချိန်ဆိုရင် သင့်ဘက်က အဆင်သင့်ဖြစ်နေလောက်ပါပြီ။

၇။ သက်သေပြပါ

သင် တကယ် ပြောင်းလဲသွားပြီဆိုတာ စကားအပြောနဲ့တင်မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြလိုက်ပါ။



Credit : Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top