iMyanmarHouse.com - Best Property Website for Myanmar
×

Shaolin kung fu ကိုယ်ခံပညာဆိုတာ အကြီးမားဆုံးပျော်ရွှင်မှု၊ လူတစ်ဦးတစ်ယောက် အသက်လုံခြုံမှုနဲ့အတူ ဘဝကို အဆုံးစွန်ထိ ရှင်သန်စေနိုင်စွမ်းရှိတဲ့ ခန္ဓာကိုယ်နဲ့ စိတ် ထိန်းသိမ်းခြင်းနဲ့ ဆက်နွယ်ပါတယ်။ တစ်သက်လုံး ဒေါင်ဒေါင်မြည် ကျန်းမာစေဖို့ ကွယ်လွန်သွားပြီဖြစ်တဲ့ Shaolin ကိုယ်ခံပညာရှင်နဲ့ Instant Health: The Shalin Qigong Workout for Longevity  ကလောင်ရှင် Shifu Yan Lei မှ ဖော်ပြပေးထားတဲ့ အချက် (၁၀) ချက်ရှိပါတယ်။

၁။ သိပ်မတွေးပါနဲ့။ စဉ်းစားတွေးခေါ်ခြင်းက အားအင် ကုန်ခမ်းစေပါတယ်။ စဉ်းစားခြင်းက လူကို အိုမင်းရင့်ရော်စေနိုင်ပါတယ်။

၂။ စကားသိပ်မပြောနဲ့။ လူအများစု စကားသိပ်ပြောကြပါတယ်။ အလုပ်လုပ်တာ ပိုမိုကောင်းမွန်ပါတယ်။

၃။ အလုပ်လုပ်တဲ့အခါ မိနစ် ၄၀ လုပ်ပြီး ၁၀ မိနစ်အနားယူပါ။ တစ်ချိန်လုံး တစ်ခုခုကြည့်နေတဲ့အခါ မျက်လုံးအပြင် အတွင်းပိုင်းအင်္ဂါများနဲ့ စိတ်တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်စီးစေတတ်ပါတယ်။

၎။ ပျော်နေတဲ့အခါ မိမိပျော်ရွှင်မှုကို ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ မထိန်းချုပ်တတ်ပါက အဆုတ်ကို အားနည်းစေပါတယ်။

၅။ စိုးရိမ်မှု (သို့) ဒေါသ သိပ်မလွန်ကဲပါနဲ့။ အသည်းနဲ့ အူတွေ ထိခိုက်စေပါတယ်။

၆။ အစား စားတဲ့အခါ သိပ်များများ မစားပါနဲ့။ သရက်ရွက်ကို ထိခိုက်စေတတ်တာကြောင့် ဗိုက်ပြည့်ရုံအမယ်လေးသာ ဖြစ်အောင် အမြဲသတိထားပါ။ ဗိုက်အနည်းငယ်ဆာရင် နည်းနည်းလေးပဲ စားပေးပါ။

၇။ အလုပ်တွေ လုပ်တဲ့အခါ အချိန်ယူပါ။ သိပ် အလျင်စလို မဖြစ်ပါနဲ့။

၈။ တစ်ချိန်လုံး ကိုယ်ကာယလေ့ကျင့်ခန်းသာ လုပ်ပြီး qiqong လုံးဝမလုပ်ပါက ဟန်ချက်ပျက်ပြီး စိတ်မရှည်မတွေ ဖြစ်လာပါလိမ့်မယ်။ ခန္ဓာကိုယ်ရဲ့ yin ခေါ် အမဓာတ်သဘောရှိတဲ့ လောကဓာတ်ကို ဆုံးရှုံးပါတယ်။ yin နဲ့ အဖိုဓာတ်သဘောရှိတဲ့ yang ဟန်ချက်ညီဖို့ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ပါ။

၉။ ကိုယ်ကာယလေ့ကျင့်ခန်းမလုပ်ဘဲ စိတ်တည်ငြိမ်မှု၊ တရားထိုင်ခြင်း၊ အသေးမွားလေ့ကျင့်မှု၊ qigong တို့သာ ဆောင်ရွက်ပါက yang ခေါ် အဖိုဓာတ်သဘောရှိတဲ့ လောကဓာတ်ရမှာ မဟုတ်ပါ။

၁၀။ Shaolin kung fu က အားလုံးကို ရစေပါတယ်။ ဒီလေ့ကျင့်မှုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က yin ခေါ် အမဓာတ်သဘောရှိတဲ့ လောကဓာတ်နဲ့ yang ခေါ် အဖိုဓာတ်သဘောရှိတဲ့ လောကဓာတ် နှစ်ဖက်ညီမျှမှု ရှိစေဖို့ ဖြစ်ပါတယ်။ အချိန်ဘယ်လောက်ပေးပြီးတယ်ဆိုတာ အရေးမကြီးပါ။ မိမိခန္ဓာကိုယ်မှ လိုအပ်သလောက်လေး သိထားဖို့ ပါပဲ။

Credit : Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top