၁ - တန်ဖိုးတူ
ယုံကြည်ချက်တူ၊ ဝါသနာချင်းတူတဲ့ သူငယ်ချင်းကို
ရွေးပါ။ သူငယ်ချင်း ဆက်ဆံရေးအပြင် တူညီမှုတစ်ခုပေါ်မှာ ရပ်မိနေတာကြောင့်
အသက်တောင်ပေးမယ့် သူငယ်ချင်း ဖြစ်လာနိုင်ပါတယ်။
၂ - ရည်ရွယ်ချက်
ရည်ရွယ်ချက်တူတဲ့
လူဟာ သင့်ရဲ့ သူငယ်ချင်းကောင်းဖြစ်လာနိုင်ပါတယ်။ ဒီရည်ရွယ်ချက်ဆီ
နှစ်ယောက်အတူသွားရင်းနဲ့ တစ်ယောက်ကို တစ်ယောက် ဖေးမတာ၊ အားပေးတာတွေ
လုပ်နိုင်ပါတယ်။
၃ - အားနည်းချက်
သင့်အားနည်းတဲ့ နေရာမှာ
သင့်သူငယ်ချင်းက အားကောင်းပြီး လိုက်လံဖြည်းဆည်းပေးနိုင်တာမျိုးပါ။
တစ်ချို့ တပူးတွဲတွဲ နေတဲ့ သူငယ်ချင်းတွေဟာ ဆန့်ကျင်ဘက်အရည်အသွေးတွေ
ရှိနေသူတွေဖြစ်တာကို တွေ့ရတတ်ပါတယ်။
၎ - အားပေးသူ
အားဖြစ်စေတဲ့
သူငယ်ချင်းမျိုးကို ရွေးပါ။ သူတို့နဲ့တွေ့ရတဲ့အခါ၊
သူတို့နဲ့စကားပြောရတဲ့အခါ လုံခြုံတယ်လို့ ခံစားရပြီး စိတ်အားတက်ကြွမှုတွေ
ပေးနိုင်တဲ့သူငယ်ချင်းမျိုးပါ။
၅ - ဆာလောင်သူ
အသိပညာကို
အမြဲဆာလောင်နေတဲ့ သူငယ်ချင်းမျိုး ဖြစ်ပါတယ်။ သင်စိတ်ဝင်စားတဲ့နယ်ပယ်နဲ့
သူစိတ်ဝင်စားတဲ့နယ်ပယ် တူတယ်ဆိုရင်တော့ ဒီလူဟာ သင့်အတွက် သူငယ်ချင်းကောင်း
ဖြစ်လာနိုင်ပါတယ်။
၆ - နှလုံးသား သူငယ်ချင်း
သင့်အကြောင်း
အူမချေးခါးမကျန် ပြောပြလို့ရတဲ့ သူငယ်ချင်းမျိုးပါ။ ဒီလိုပြောရလောက်အောင်
သင်နဲ့နီးစပ်တယ်လို့ ခံစားရတဲ့လူမျိုးကို သူငယ်ချင်းအဖြစ် ရွေးချယ်ပါ။
၇ - အတည်သမား
အတည်သမားဆိုတာ
ဘယ်ကိစ္စမဆို တည်တည်တံ့တံ့ တွေးခေါ်နေတာကို ပြောတာမဟုတ်ပါဘူး။ သူတို့လည်း
သာမန်ပါပဲ၊ ဒါပေမဲ့ သူတို့မှာ ရည်မှန်းချက်ရှိပြီး
ဒီရည်မှန်းချက်နဲ့ပက်သက်လာရင် လေးနက်သွားတတ်သူတွေပါ။
*** ခိုင်မာတဲ့သူငယ်ချင်းဆက်ဆံရေးမှာ အနစ်နာခံမှုတွေ များစွာ ပါဝင်ပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
သူငယ်ချင်းကောင်းရဖို့ ဒီအချက်တွေကြည့်ပြီး ရွေးပါ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။