iMyanmarHouse.com - Best Property Website for Myanmar
×

ခေါင်းကိုက်ဝေဒနာက လူတိုင်းအတွက် ခံစားရခက်စေပါတယ်။ ခေါင်းကိုက်ပျောက်စေဖို့ အကိုက်အခဲ ပျောက်ဆေးတွေ သောက်လေ့ရှိကြပေမဲ့ ပါရာစီတမော့လို ဆေးဝါးတွေက အများအပြားနဲ့ ရေရှည်သောက်တဲ့အခါ အသည်းကို ထိခိုက်စေပါတယ်။

အခု ဖော်ပြထားတဲ့ မီးဖိုချောင်သုံးပစ္စည်း သုံးမျိုးတည်းနဲ့ ဖော်စပ်နိုင်တဲ့ သဘာဝဆေးနည်းက ဘေးထွက်ဆိုးကျိုး မရှိဘဲ ခေါင်းကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေမှာပါ။

ပါဝင်တဲ့ ပစ္စည်းတွေက ကြက်သွန်ဖြူ၊ ပျားရည်စစ်စစ်နဲ့ ငရုတ်ကောင်းစေ့ အနည်းငယ် ဖြစ်ပါတယ်။ ဆေးဖော်စပ်နည်းကလည်း တစ်ကယ့်ကို အလွယ်ကူဆုံးပါပဲ။

၁။ ကြက်သွန်ဖြူ ၁၀ မြွှာကို စားလို့ အဆင်ပြေမယ့်အရွယ် လှီးပါ။
၂။ ငရုတ်ကောင်းစေ့တွေကို အမှုန့်ဖြစ်အောင် ထောင်းထားပါ။
၃။ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်နဲ့ ပျားရည်ကို ရောနှောပြီး စားပေးရုံပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top