iMyanmarHouse.com - Best Property Website for Myanmar
×

အိပ်ရာမှ နံနက်စောစောနိုးထလေ့ရှိသူတွေဟာ အခြားသူတွေထက် ပိုသာတတ်တယ်လို့ ဆိုကြပါတယ်။ အိပ်ရာမှ စောစောထခြင်းက ဘဝအောင်မြင်မှုအတွက်သာမက ကျန်းမာရေးအတွက်လည်း အကျိုးပြုနိုင်တယ်လို့ သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ သိရပါတယ်။ အိပ်ရာမှ စောစောထခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး (၆) ခုကို ဖော်ပြထားပါတယ်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်နိုင်

နံနက်စောစော အိပ်ရာမှထသူတွေဟာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ ပိုများပါတယ်။ တစ်နေ့လုံး လုပ်ငန်းခွင်မှာ အလုပ်လုပ်ရပြီး ညနေပိုင်းမှာ ကိုယ်လက်လှုပ်ရှားလုပ်နိုင်ဖို့ မလွယ်ပါဘူး။

ကောင်းမွန်တဲ့ နံနက်စာ စားသောက်နိုင်

နံနက်စောစော အိပ်ရာထခြင်းက ကျန်းမာရေးနဲ့သင့်တော်ပြီး ကောင်းမွန်တဲ့ နံနက်စာကို အချိန်ပေး စားသောက်နိုင်ခွင့် ပိုများပါတယ်။ အိပ်ရာထ နောက်ကျသူတွေဟာ လုပ်ငန်းခွင်ဝင်ကို အချိန်မီရောက်စေဖို့ ရုန်းကန်ရတာကြောင့် ကောင်းမွန်တဲ့ နံနက်စာကို အချိန်ပေး စားသောက်နိုင်ဖို့ ခက်ပါတယ်။

စိတ်ဓာကျမှု နည်းပါး

နံနက်စောစော အိပ်ရာထသူတွေဟာ စိတ်ဓာတ်ကျမှု ခံစားရနိုင်မှု နည်းပါးတယ်လို့ ဆိုပါတယ်။ ဂျာမန်သုတေသီတွေရဲ့ လေ့လာမှုအရ ည့ဉ်နက်ပိုင်းမှ အိပ်လေ့ရှိပြီး နံနက်စောစော ထလေ့မရှိသူတွေဟာ နံနက်စောစောထသူတွေထက် စိတ်ဓာတ်ကျမှု ခံစားရနိုင်ခြေ သုံးဆပိုများတယ်လို့ သိရပါတယ်။ ဒါ့ပြင် ညဘက်အိပ်ချိန် အလွန်နောက်ကျသူတွေဟာ စိုးရိမ်မှုနဲ့ မကောင်းမြင်မှုတွေ ပိုဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

စိတ်ဖိစီး ကင်းဝေးစေနိုင်

နံနက်စောစော အိပ်ရာထသူတွေဟာ စိတ်ဖိစီးမှု ခံစားနိုင်ခြေလည်း နည်းပါတယ်။ နံနက်စောစောထခြင်းကြောင့် တစ်နေ့တာအတွက် ပြင်ဆင်ရာမှာ အလျင်စလို အသည်းအသန် ဖြစ်စရာမလိုဘဲ အချိန်လုံလောက်စေပါတယ်။ အိပ်ချိန်နောက်ကျတာကြောင့် နံနက်စောစော မထနိုင်သူတွေဟာ နံနက်စာစားချိန်မရခြင်း၊ အလျင်စလို သွားလာရခြင်း၊ ချိန်းဆိုထားမှုတွေ နောက်ကျခြင်းနဲ့အတူ တစ်နေ့တာ လုပ်ငန်းအစီအစဉ်တွေမှာ အချိန်မလုံလောက်မှုဖြစ်ရာက စိတ်ဖိစီးမှု ခံစားရနိုင်ပါတယ်။

ပိုမိုပျော်ရွှင်စေ

နံနက်စောစောထသူတွေဟာ စိတ်ဓာတ်ကျမှု၊ စိတ်ဖိစီးမှု ခံစားရနိုင်ခြေ နည်းပါးမှုနဲ့အတူ ပိုမို လန်းဆန်းပျော်ရွှင်မှုကို ခံစားရမှာပါ။

ကောင်းမွန်စွာ အိပ်စက်နိုင်

အိပ်ရာမှ နံနက်စောစောထသူတွေဟာ ညပိုင်းမှာလည်း အိပ်ရာဝင်ချိန် ပုံမှန်ဖြစ်ကြပါတယ်။ အိပ်ချိန်ပုံမှန်ဖြစ်တာကြောင့် ကောင်းမွန်တဲ့ အိပ်စက်မှုကို ရရှိစေပြီး ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။



Credit : Duwun
 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top