iMyanmarHouse.com - Best Property Website for Myanmar
×

မနက်စာကို လူတိုင်းနီးပါး စားဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွှတ်ခြင်းရှိမရှိဆိုတာကတော့ ကိုယ်စားတဲ့အစားအစာတွေပေါ်မှာ ကိုယ့်အသိဉာဏ်နဲ့ သုံးသပ်ဖို့ လိုပါတယ်။ ဒီတော့ ကျန်းမာတဲ့ မနက်စာစားခြင်းရဲ့ အကျိုးကျေးဇူးတွေကို  မျှဝေလိုက်ပါတယ်။

(၁) အဆီကျစေတယ်

မနက်စာစားရင် အဆီကျတယ်ဆိုတာ နည်းနည်းတော့ အငြင်းပွားဖွယ်ရာပါဘဲ။ ဒါပေမယ့် ချွင်းချက်အနေနဲ့ ပြောထားတာရှိပါတယ်။ ကျန်းမာတဲ့ မနက်စာ-ဆိုတာလေ။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေမှာ ကယ်လိုပမာဏနည်းပါးစွာ၊ပါဝင်ပါတယ်။ ဒါ့အပြင် သက်စောင့်ဗီတာမင်အုပ်စုတွေဖြစ်တဲ့ A,C,K,E စတာတွေအပြင်၊ Fatty Acid, Omega 3 -စတာတွေ ပါဝင်တော့ အဆီကျစေတာပေါ့။

(၂) ရောဂါတွေကို ကာကွယ်ပေးတယ်

စောစောကပြောတဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေဟာ ကင်ဆာရောဂါဆိုးတွေကိုသာမက အခြား အာဂန္တုဖျားနာစေတဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ ရှိနေရင်လည်း ပျောက်ကင်းစေပါတယ်။

(၃) အစာအိမ်ရောဂါကို မဖြစ်စေဘူး

သေချာတာကတော့ အစာအခံရှိသူတွေဟာ အစာလွန်ကဲခြင်းကနေ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ အစာအိမ်ရောဂါ၊ အစာအိမ်အချဉ်ပေါက်ခြင်း၊ ၀မ်းဗိုက်ဖောရောင်ခြင်း၊ လေထိုးလေအောင့်ဖြစ်ခြင်း-စတာတွေကို လုံးဝ မဖြစ်စေပါဘူး။

(၄) ကိုလက်စထရောကို ကျဆင်းစေတယ်

သက်စောင့်ဗီတာမင်အုပ်စုတွေဖြစ်တဲ့ A,C,K,E စတာတွေအပြင်၊ Fatty Acid, Omega 3 စတဲ့ ဓာတ်တွေဟာ သွေးတွင်းကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။ ဒီအဓိပ္ပါယ်က နှလုံးရောဂါ၊ နှလုံးအဆီဖုံး၊ နှလုံးသွေးကျောအဆီဖုံး
ရောဂါ စတာတွေကို ကာကွယ်ပြီးသားရောက်တယ်လို့ ဆိုလိုပါတယ်။

(၅) အလွန်အမင်းစားတဲ့အကျင့်ကို ပျောက်ပြယ်စေတယ်

တစ်ချို့တစ်တွေက မနက်စာ စားမထားတော့ နေ့လည်စာရောက်ရင် တနင့်တပိုးတုတ်ပစ်လိုက်တာမျိုး လုပ်တတ်ပါတယ်။ဒါဟာ ခန္ဓာကိုယ်အလေးချိန်ကို အချိန်တိုအတွင်း အလွန်အမြန်တတ်စေပါတယ်။ အခုလို မနက်စာ ခံထားတော့ နေ့လည်စာကို ပုံပျက်ပန်းပျက် မစားဖြစ်တော့ဘူးပေါ့။

(၇) အာရုံစူးစိုက်မှုကို အားကောင်းစေတယ်

ဗိုက်ထဲမှာ အစာရှိနေရင် ဆာလောင်ခြင်းကြောင့် အပြင်ကို စိတ်မလွင့်တော့ဘူး၊ ဒေါသကို နည်းစေတယ်၊ သတိကို ကပ်နေစေတယ်၊ အာရုံစူးစိုက်မှုကို ကောင်းစေပါတယ်။


Credit : Shwemom
 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top