iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ကိုယ်ကိုယ့်ကိုယ်ပဲ အဓိကထားမိနေတယ်

လူတော်တော်များများက ဒါကို သတိမထားမိတတ်ကြပါဘူး။ စကားပြောတဲ့အခါ ကိုယ့်အကြောင်းပဲ ကိုယ်ပြောမိနေတတ်ပါတယ်။ လူအများကြားမှာ ကိုယ့်ကိုယ်ကိုယ်ပဲ အဓိကထားနေမိတတ်ပါတယ်။ ဒါက သင့်ကို လူတွေမကြိုက်ရတဲ့ အကြောင်းတစ်ခုပါ။

၂ - ဆရာကြီး

မပြောသင့်ဘဲလည်း ဝင်ပြောနေတာမျိုးပါ။ ပြောသင့်ရင်လည်း လိုတာထက်ပိုပြောနေတာမျိုးပါ။ ဒီလိုအပြုအမူမျိုးရှိနေတဲ့လူတွေဟာ သူတို့ဘက်က စေတနာထားတာတို့၊ သူတို့ဘက်က မှန်တယ်ဆိုတာမျိုးတွေ ပြောတတ်ကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နေရာတကာ ဝင်ပါနေတာက သင့်ကို လူတွေ မနှစ်သက်ရတဲ့ အကြောင်းတစ်ခုပါ။

၃ - အပြင်ပန်းအလှ

အပြင်ပန်းအလှကို အဓိကထားပြီး အတွင်းစိတ်နဲ့၊ တကယ့်အနှစ်သာရကို မမြင်တာမျိုးပါ။ ဒီလိုလူမျိုးတွေမှာ ရင်းနှီးတဲ့အပေါင်းအသင်းမရှိတတ်ပါဘူး။ အပေါ်ယံတွေကိုသာ အဓိကထားတဲ့လူကို ဘယ်သူကမှ အတွင်းကျကျ မပေါင်းပါဘူး။ ဒီလိုအကျင့်ရှိတဲ့လူကို ဘယ်သူကမှ နှစ်နှစ်ကာကာ သဘောမကျပါဘူး။

၎ - အပြိုင်အဆိုင်

အပြိုင်အဆိုင်များသူပါ။ ဘယ်ကိစ္စမဆို လိုက်ပြိုင်နေတတ်သူပါ။ ဒီလိုလူမျိုးကို ပတ်ဝန်းကျင်က မကြိုက်ရုံတင်မကဘဲ အမြင်ပါ ကပ်တတ်ကြပါတယ်။

၅ - သူငယ်ချင်းတွေကို ရန်သူလိုမြင်

သူငယ်ချင်းတွေကို ပြိုင်ဘက်လို မြင်နေသူပါ။ ရန်သူတွေလိုသဘောထားပြီး သူငယ်ချင်းတွေထက် အစစအရာရာ သာကြောင်း ပြချင်နေသူပါ။

၆ - မကောင်းမြင်သမား

ဘယ်ကိစ္စမဆို အပျက်ဘက်က စပြောသူပါ။ သူတို့နဲ့ တိုင်ပင်မိရင် မလိုအပ်တဲ့အကြံတွေ၊ မလိုအပ်တဲ့စကားတွေနဲ့ စိတ်ပျက်သွားအောင်လုပ်တတ်ပါတယ်။ ဒီလိုအကျင့်ရှိရင်လည်း လူတွေက သင့်နဲ့ ဝေးဝေးမှာပဲ နေချင်ကြပါတော့တယ်။



Credit : Duwun


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top