iMyanmarHouse.com - Best Property Website for Myanmar
×

မိန်းကလေးတစ်ယောက် ရုပ်ကလေးလှနေရုံနဲ့ ပြီးပြည့်စုံလှပမသွား နိုင်ပါဘူး။ ရုပ်ကလေးလှရုံနဲ့ စိတ်ထားမလှဘူးဆိုရင် ဘယ်လိုမှမ လှပနိုင်ပါဘူး။ အတွင်းမှာရှိတဲ့ စိတ်ပုတ်စိတ်ယုတ်တွေကို အပြင် ရုပ်ရည်လှရုံလောက်နဲ့တော့ ဖုံးဖိထားလို့ မရနိုင်ပါဘူးနော်…

ရုပ်ကလေးလှနေတာတွေ၊ ပညာရှိတာတွေ၊ ငွေကြေးချမ်းသာကြွယ် ဝတာတွေ၊ ပတ်ဝန်းကျင်အ ပေါင်းအသင်း ဝင်ဆံ့နိုင်တာတွေက မိန်းကလေးတစ်ယောက်ရဲ့ တကယ့် လှပပြည့်စုံခြင်းမဟုတ်သေး ပါဘူး။ မိန်းကလေးတစ်ယောက် ရဲ့ တန်ဖိုးကိုရုပ်ရည်ကလေးနဲ့တင် မမြှင့်တင်နိုင်ပါဘူး။ ရုပ်ရည်တွေ လှပနေတယ်။ ငွေကြေးတွေချမ်းသာကြွယ်ဝနေတယ်။

ပညာတွေ တတ်နေပြီးတော့ အောက်တန်းကျတဲ့လုပ်ရပ်တွေ၊ ကိုယ်ကျင့်တရား မကောင်းတာတွေ၊ ဟန်ဆောင်လိမ်ညာတတ်တဲ့စိတ်၊ စိတ်ဓာတ် သိမ်ဖျင်းတာတွေက မိန်းကလေးတစ်ယောက်ရဲ့ အလှတရားကိုရုပ် ဆိုးအကျည်းတန်လွန်းပါတယ်။

မိန်းကလေးတစ်ယောက်ရဲ့ တကယ့်တန်ဖိုးအစစ်က နူးညံ့ပြီးမြင့် မြတ်တဲ့စိတ်ထား၊ ဖြူစင်တဲ့ ကိုယ်ကျင့်သိက္ခာအရှက်တရား၊ ရိုးသား တဲ့ စိတ်ဓာတ်၊ သနားကြင်နာမှု၊ မေတ္တာတရား၊ သစ္စာတရားကို အ သက်လိုတန်ဖိုးထားတဲ့ စိတ်ထား ဒီလိုအရာတွေရှိနေရင်ကို ပြီးပြည့် စုံလှပနေတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေပါပြီ….

Credit: ဖိုးသူတော် (www.phothutaw.com)


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top