iMyanmarHouse.com - Best Property Website for Myanmar
×

၁။ အထအန မကောက်ပါနဲ့

ကိုယ့်ချစ်သူပြောသမျှကို အကောင်းဖက်ကပဲမြင်ပေးကြည့်ပါ ချစ်သူပြောလိုက်တဲ့စကားက ကိုယ့်ကို လာကျောတာလားဆိုတာမျိုးပဲ တွေးမိနေတာမျိုး ရှောင်ပါ
-
၂။ အရွဲ့မတိုက်ပါနဲ့

ချစ်သူတွေ နှစ်ယောက်ကြားမှာ အေးစက်မှုအနည်းငယ်ဖြစ်နေပြီဆိုရင်
ပွင့်ပွင့်လင်းလင်းပြောပြီး ပြန်နွေးထွေးအောင်အရင်ကြိုးစားကြည့်ပါ
ကိုယ့်ချစ်သူပြန်ဂရုစိုက်တတ်လာအောင် အရွဲ့တိုက်ပြီး နောက်တစ်ယောက်တွဲပြတာမျိုးသာလုပ်လို့ကိုတော့ အခြေနေက ၁၀ ဆ ပိုဆိုးပြီး တစ်ခါထဲ
ပြတ်သွားပါလိမ့်မယ်
-
၃။ မခနဲ့ပါနဲ့

ကိုယ့်ချစ်သူကို ခနဲ့တဲ့ စကားမျိုးတွေမပြောမိအောင်ရှောင်ပါ ဥပမာ
ကိုယ့်ချစ်သူက ကိုယ့်အတွက် တစ်ခုခု Surprise ဖြစ်ဖြစ် လက်ဆောင်ဖြစ်ဖြစ် လုပ်ထားတာမျိုးဆိုရင် အရင် ရည်းစားတုန်းကကော ဒီလိုပဲလားဆိုတဲ့
မလိုအပ်တဲ့ စကားတွေမပြောပါနဲ့
-
၎။ တောင်းပန်ဖို့ဝန်မလေးပါနဲ့

တစ်ချို့တွေရှိတယ် ကိုယ်မှားနေမှန်းသိလဲ မတောင်းပန်ဘူး ပြန်အဆင်ပြေအောင် မကြိုးစားကြည့်ဘူး နင်က မိန်းကလေးပဲ နင်က ယောကျာ်းလေးပဲ
သဘောထားကြီးရမှာပေါ့ မှားနေလဲ သည်းခံပေးလေဆိုတာမျိုးတွေရှောင်ပါ
-
၅။ အနိုင်မလိုချင်ပါနဲ့

ပိုချစ်တဲ့သူက ပိုအရှုံးပေးတတ်တာ ဖြစ်နေကျပါ ဒါပေမဲ့ ချစ်တယ်ဆိုတိုင်း
အနိုင်ယူနေရင်တော့ ဘယ်တရားပါ့မလဲ နှစ်ယောက်လုံး တစ်ယောက်ကို
တစ်ယောက် လိုအပ်တာလေးတွေ ဖြည့်ဆည်းပေးတာက တဖတ်သတ်ဆန်ရာမကျတော့ဘူးပေါ့

တကယ်ချစ်တဲ့သူတွေ အတွက် တည်မြဲတဲ့ Rs လေးတစ်ခုဖြစ်ဖို့ပါ
LDRS (အဝေးရောက်ချစ်သူ) တွေကတော့ သာမာန်ထက်ပိုပြီးတော့ကို
အထက်ပါအချက်တွေကို လိုက်နာသင့်ပါတယ် အနီးအနားမှာ အမြဲရှိနေတာ
မဟုတ်တဲ့အတွက် တစ်ခုခုဖြစ်ရင် ဖြေရှင်းဖို့ ပိုခက်လို့ပါ

Credit : မူရင်းရေးသားသူ - Ye Myat

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top