iMyanmarHouse.com - Best Property Website for Myanmar
×

ကြွက်သားများ တည်ဆောက်ခြင်းနှင့် အဆီများ လျှော့ချခြင်းဖြင့် နှလုံးရောဂါဖြင့် လူများ စောစောစီးစီး သေဆုံးနိုင်သည့် အန္တရာယ်ကို လျော့ကျစေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။


ဆရာဝန်များအနေဖြင့် လူနာများကို ကိုယ်အလေးချိန်လျှော့ချ ခြင်းပြုလုပ်ရန် တွန်းအားပေးပြီး စောင့်ကြည့်ခြင်းထက် ကျန်းမာရေး နှင့်ညီသော လူနေမှုဘဝပုံစံ၏တစ်စိတ်တစ်ပိုင်းအဖြစ် ကြံ့ခိုင်မှုဆိုင်ရာ လေ့ကျင့်ခန်းများလုပ်ရန် တိုက်တွန်းသင့်သည်ဟု သုတေသီများက အကြံပြုထားသည်။

ယခုလေ့လာမှုအတွက် လော့စ်အန်ဂျလိစ်မြို့ ကယ်လီဖိုးနီး ယားတက္ကသိုလ်မှ ဒေါက်တာပရီသီသိရိခန်သန်နှင့် အပေါင်းအပါ များက နှလုံးရောဂါရှိသော အမေရိကန်နိုင်ငံသား ၆,၄၀၀ ကျော်ထံမှ အချက်အလက်များရယူကာ လေ့လာခဲ့ခြင်းဖြစ်သည်။

ခန္ဓာကိုယ်တွင် အဆီပိုနည်းပြီး ကြွက်သားထုထည်ပိုများသော လူများသည် နှလုံးပြဿနာများကြောင့် သေဆုံးနိုင်သည့်အန္တရာယ် ပိုနည်းကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

သုတေသီများက လေ့လာမှုတွင် ပါဝင်သူများကို ကြွက်သားထု ထည်နည်းပါးသူနှင့် အဆီများသူများအုပ်စု၊ ကြွက်သားထုထည်နည်းသူနှင့်အဆီနည်းသူများအုပ်စု၊ ကြွက်သားထုထည်များပြီး အဆီများ သော အုပ်စုဟူ၍ အုပ်စုသုံးစုခွဲကာ လေ့လာခဲ့ကြခြင်းဖြစ်သည်။

နှလုံးရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားနေသူများ၌ပင် အရွယ်မတိုင်မီ သေဆုံးနိုင်သည့်အန္တရာယ်များကို လျှော့ချရန် ကြွက် သားထုများ တည်ဆောက်ရန် အရေးကြီးကြောင်း ယခုလေ့လာမှုက ဖော်ပြနေသည်ဟု သုတေသီများက ပြောသည်။

ခန္ဓာကိုယ်ကြံ့ခိုင်မှုအားကောင်းစေသော လေ့ကျင့်ခန်းများကို နေအိမ်၌ပင် အလွယ်တကူရရှိနိုင်သော ပစ္စည်းများဖြင့် လုပ်ဆောင် နိုင်သော်လည်း လေ့ကျင့်ခန်းမလုပ်မီ ဆရာဝန်နှင့် တိုင်ပင်သင့် ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ယခုလေ့လာမှုကို Cardiology အမေရိကန်ဂျာနယ်တွင် ဖော်ပြထားသည်။             

Credit : 7Day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top