iMyanmarHouse.com - Best Property Website for Myanmar
×




Credit: 7 Day Daily



#Unicode

မိမိကိုယ်ကိုယ်သတ်သေ ရန် ကြိုးစားခဲ့ပြီးနောက် ဦးနှောက် သေသွားခဲ့သော တောင်ကိုရီး ယား သရုပ်ဆောင်မင်းသား ကင် ဆောင်မင်းသည် ဇွန်လ ၂၆ ရက်တွင်   ကွယ်လွန်သွားသည်။ ကင်ဆောင်မင်းသည် ဇွန်လ ၂၆ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ဦးနှောက်    သေသွားကြောင်းဆေးရုံ တာဝန်ရှိသူက  အတည်ပြုခဲ့သည်။ ကင်ဆောင်မင်း၏ လှူဒါန်း မည့်ကိုယ်တွင်းအင်္ဂါများကို ထုတ် ယူရန် အသက်ရှူကိရိယာဖြင့်၎င်းအား ဆက်လက်အသက်ရှူ စေပြီးနောက် ခွဲစိတ်မှုအားလုံး ပြီးစီးသည့် ည ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် ယင်းကိရိယာကို ဖယ်ရှားခဲ့သည်။

ကင်ဆောင်မင်းသည် ကိုယ်တွင်းအင်္ဂါများကို လှူဒါန်းမည် ဟု အမြဲပြောခဲ့သဖြင့် မိသားစုက ယင်းသို့လှူဒါန်းရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။ ကင်ဆောင်မင်း ၏ နှလုံး၊ အဆုတ်၊ ကျောက်ကပ် များ၊ အသည်းနှင့် မျက်ကြည်လွှာ များကို လူနာငါးဦးအား လှူဒါန်း မည်ဖြစ်သည်။ ၎င်းသည် ဇွန်လ ၂၄ ရက်တွင် ဇနီးဖြစ်သူနှင့်စကား များရန်ဖြစ်ခဲ့ပြီးနောက် ရေချိုးခန်း ထဲ၌ မိမိကိုယ်ကိုယ် သတ်သေရန် ကြိုးစားခဲ့သည်။ ၎င်းသေဆုံးမှု သည် လူသတ်မှုဖြစ်သည်ဟူသော အထောက်အထားများ မရှိဟု ရဲတပ်ဖွဲ့က ပြောသည်။

အသက် (၄၃)နှစ်တွင် ကွယ် လွန်ခဲ့သော ကင်ဆောင်မင်းသည် Miss Mermaid, Lotus Flower Fairy နှင့် Couple or Trouble ကေဒရာမာ ဇာတ်လမ်းတွဲများဖြင့် မြန်မာပရိသတ်များအကြား နာ မည်ကျော်ကြားသော သရုပ် ဆောင်မင်းသားဖြစ်သည်။

Credit: 7 Day Daily


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top