iMyanmarHouse.com - Best Property Website for Myanmar
×

 ကြည်နူးစရာ အချစ်ဇာတ်လမ်း အသက်သွင်းခြင်းမှ သည် ချစ်စိတ်တွေ တဖွားဖွားဖြစ်အောင်ဖန်တီးရာမှာ ကျွန်ုပ်တို့ဟာ အချစ်ရေးကို နည်းလမ်းမျိုးစုနဲ့ ကြိုးစားဆောင်ရွက်နေကြပေမယ့် ငြီးငွေ့စရာ ကောင်းပါတယ်။ ရိုးအီမနေချင်ရင် ဒီရိုးရှင်းသော နေစဉ်အလေ့အကျင့်တွေက တကယ်ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကို ဖန်တီးပေးပါလိမ့်မယ်။

အချင်းချင်းစကားပြောဆိုပါ

အရေးကြီးဆုံး သတိပြုရမယ့် အချက်တွေထဲက တစ်ခုက တစ်ယောက်ကို တစ်ယောက်စကားပြောခြင်းပဲ ဖြစ်တယ်။ အချိန်ရတိုင်း အနည်းဆုံး ၂ နာရီကြာ အချင်းချင်း စကားပြောဆိုရင်း အချိန်ကုန်ဆုံးစေပါ။ တစ်နေ့တာ အလုပ်အကြောင်း၊ အနာဂတ်စီမံကိန်း စသဖြင့် ဘာအကြောင်းပဲဖြစ်ဖြစ်ပေါ့။ ဖုန်းနဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချပါ။ သီချင်းနားထောင် သို့မဟုတ် အာလာပသလ္လာပတွေ အတူပြောဆိုပါ။

ထမင်းအတူစားပါ

စုံတွဲအများစုမှာ နေ့လည်စာ (သို့) မနက်စာအတွက် တွေ့ဆုံဖို့ မဖြစ်နိုင်ပါ။ ဒါပေမယ့် အလုပ်အတူ လုပ်သူတွေတော့ ကျင့်သုံးနိုင်ပြီး နေ့လယ်စာ စားချိန်မှာ တွေ့ဆုံနိုင်ပါတယ်။ ဒါက အလုပ်များနေတဲ့ အလုပ်ကနေ ခေတ္တအနားရစေပြီး လန်းဆန်းမှု တကယ် ဖြစ်စေနိုင်ပါတယ်။ ဒီလိုမဟုတ်ရင်လည်း အနည်းဆုံး တစ်ကြိမ်တော့ ထမင်းအတူ စားဖြစ်အောင်စားပါ။ အဲဒီအတူရှိနေခြင်းက အစာစားလိုစိတ် တိုးပွားစေရုံမက စကားပြောဆိုဆက်ဆံဖို့ အချိန်ပိုရစေပါတယ်။

အတူရယ်မောပါ

ဟာသရုပ်ရှင်ကားလေး ကြည့် ဒါမှမဟုတ် အင်တာနက်ကနေ ဟာသတွေ အတူဖတ်ပါ။ အနည်းဆုံး ၂ မိနစ် အတူရယ်မောပါ။ ရယ်မောခြင်းက လူတိုင်းအတွက် အကောင်းဆုံးဆေးတစ်ခွက်ပါ။ စိတ်ကို နုပျိုလန်းဆန်းစေပါတယ်။

တစ်ယောက်ကို တစ်ယောက် လက်မောင်းခေါင်းအုံး အိပ်ပါ

တစ်နေ့တာ ကုန်ဆုံးပြီးချိန်မှာ အချင်းချင်းလက်မောင်းပေါ် အိပ်စက်အနားယူပါ။ အိပ်နေစဉ် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ပြီး ချော့အိပ်ပါ။ အချစ်ရေး တိုးတက်ကောင်းမွန်စေရုံမက နှလုံးလည်း ကျန်းမာစေမယ့်အပြင် ပိုမိုချစ်ခင်သော အချစ်နဲ့ မနက် အိပ်ယာထနိုးပါလိမ့်မယ်။ တကယ်တော့ တစ်ယောက်ကိုတစ်ယောက် လက်မောင်းခေါင်းအုံးအိပ်ခြင်းဟာ သာယာကြည်နူးဖွယ် အိပ်မက်တွေ မက်စေပါတယ်။



Credit:Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top