iMyanmarHouse.com - Best Property Website for Myanmar
×

ဝိတ်ချဖို့အတွက် အိမ်မှာ ကိရိယာလည်း စုံစုံလင်လင်မရှိဘူး။ အားကစားခန်းမလည်း မသွားချင်ဘူး၊ အပြင်ထွက်ပြီးလည်း မပြေးချင်ဘူးဆိုရင်တော့ အကောင်းဆုံးနည်းလမ်းက ကြိုးခုန်ခြင်းပဲ ဖြစ်ပါတယ်။ ကြိုးခုန်လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့ အောက်ပါအချက်လေးတွေ သိထားသင့်ပါတယ်။

ကြိုးဝယ်

ကြိုးဝယ်တဲ့အခါ သင့်အရပ်နဲ့ ကိုက်ညီတဲ့ ကြိုးမျိုးကို ဝယ်ပါ။

ရည်မှန်းချက်

စခုန်ပြီဆိုတာနဲ့ ရည်မှန်းချက်ထားပါ။ ငါးပေါင် ဒါမှမဟုတ် ၁၀ ပေါင်ကျရမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးပါ။ တစ်ပတ်မှာ အချိန်ဘယ်လောက်ခုန်မယ်၊ တစ်နေ့ချင်းမှာ အချိန်ဘယ်လောက်ခုန်မယ်ဆိုတာကို သတ်မှတ်ပါ။ အချိန်နဲ့သာသတ်မှတ်ပြီး ကြိမ်ရေဘယ်လောက်ခုန်မယ်ဆိုတာမျိုး မလုပ်ပါနဲ့။

နေ့စဉ်

စခုန်ပြီဆိုတာနဲ့ နေ့စဉ်ခုန်ဖို့ အရေးကြီးပါတယ်။ အချိန်တစ်ခုသတ်မှတ်ပြီး ဒီအချိန်မှာပဲ အမြဲခုန်သင့်ပါတယ်။ ဒီအချိန်မအားလို့ နောက်မှ အားတဲ့အချိန်ခုန်မယ်ဆိုတာမျိုး အတတ်နိုင်ဆုံး မလုပ်ပါနဲ့။

ရေးပါ

ပေါင်ချိန်ပါ။ တိုးတက်မှုရှိရင် ချရေးပါ။ ကြိုးခုန်ခြင်းက ရတဲ့ ခံစားချက်မျိုး၊ အကျိုးကျေးဇူးမျိုးကို စာအုပ်တစ်အုပ်ထားပြီး ရေးပါ။


Credit : Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top