iMyanmarHouse.com - Best Property Website for Myanmar
×

ယနေ့ခေတ် လူသားတွေရဲ့  နေ့စဉ်နေထိုင်မှု အချိန်ဇယား တွေမှာ ဖုန်း တွေဟာ မပါမဖြစ်ပါပဲ။ ဖုန်းတွေဟာ ကျွန်ုပ်တို့ ဘ၀တွေကို ကြီးမားတဲ့ သက်ရောက်မှုတွေရှိနေတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ နေ့တိုင်း ကိုယ်ချစ်တဲ့သူတွေနဲ့ ဆက်သွယ် ဖို့ ၊ အလုပ်ကိစ္စတွေဆွေးနွေးဖို့ ၊ ကမ္ဘာကြီးက ရွာတစ်ရွာသာ ဖြစ်တယ်လို့ သက်သေပြခဲ့တဲ့ အင်တာနက် ကို အသုံးပြုနိုင်ဖို့ ၊ သီချင်းနားထောင်ဖို့ စသဖြင့် ကွန်ပျူတာအသေးစား လေးများ(သို့) စမတ်ဖုန်းတွေဟာ ကျွန်ုပ်တို့အတွက် နည်းပညာရဲ့  အခြေခံလိုအပ်ချက်ဖြစ်လာခဲ့ပါတယ်။ တစ်ကယ်လို့များ သင့်နေ့စဉ်ဘ၀အတွက် အရေးပါတဲ့ သင့်ရဲ့ဖုန်းသာ တစ်ရက်လောက် အိမ်မှာ မေ့ကျန်ခဲ့မယ်ဆိုရင်ဘာတွေဖြစ်လာနိုင်ပါသလဲ။ ဖြစ်လာနိုင်ချေရှိတဲ့ အများစုကတော့ သင့်အတွက် ကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။ အဲဒါတွေကတော့

၁။ ဒရာမာ တွေကို ကျောခိုင်းခဲ့နိုင်မယ်
သင့်သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အချစ်ရေး အဆင်မပြေမှုတွေ ရင်ဖွင့်သမျှ သင်နားထောင်နေစရာ မလိုတော့ပါဘူး။ မိသားစုရဲ့  ပြဿနာတွေလည်း သင်တစ်နေ့တာ မကြားရတော့ပါဘူး။ မပြီးဆုံးနိုင်တဲ့ လူမှုကွန်ယက်ပေါ်က အချိန်နဲ့တစ်ပြေးညီ အသစ်အသစ်သော သတင်း နဲ့ အတင်းအဖျင်းတွေကို သင်မေ့ထားနိုင်သွားပါတယ်။ အနည်းဆုံးတော့ သင်စိတ်ဖိစီးစရာ ၊ စိတ်ရှုပ်စရာ ဒရာမတွေနဲ့ ကင်းကွာသွားပါလိမ့်မယ်။

၂။ လူသစ်တွေနဲ့ စကားပြောဖြစ်မယ်
သင့်လက်ထဲမှာ ဖုန်းရှိနေတဲ့အခါ သင်တစ်ခုခုကို စကားပြောချင်လာရင် ဖုန်းဆက်ပြီး သူငယ်ချင်းတွေ ၊ မိသားစုဝင်တွေကို ပြောဖြစ်ပါလိမ့်မယ်။ ဖုန်းမရှိတဲ့အခါမှာတော့ သင်နဲ့ စကားပြောလေ့မရှိတဲ့ သင့်ပတ်ဝန်းကျင်က မိတ်ဆွေအသစ်တွေနဲ့ စကားပြောဖြစ်လာပါမယ်။ အဲဒီအခါကျမှသာ သင့်ပတ်ဝန်းကျင်မှာ သင်လစ်လျူရှုထားမိတဲ့ လူတွေများစွာ ရှိနေသေးတာကို သင်သတိထားမိလာမှာပါ။

၃။ သင့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သင်အာရုံစိုက်နိုင်လာမယ်
လူတွေဟာ အချိန်တိုင်း ဖုန်း ကိုပဲ အာရုံစိုက်အသုံးပြုနေကြတာပါ။ ကိုယ်အလုပ်သွားတဲ့ တစ်လမ်းလုံးလည်း ဖုန်းသုံးရင်း သွားနေခဲ့မိတဲ့အတွက် လမ်းတစ်လျှောက် ဘာတွေ ပြောင်းလဲသွားတယ်ဆိုတာကိုတောင် သင် သေသေချာချာ သတိထားမိခဲ့မှာမဟုတ်ပါဘူး။ ဖုန်းမပါလာတဲ့နေ့မှာတော့ သင်ဟာ တစ်ကယ့်ဘ၀ကို မြင်တွေ့ရပါပြီ။

၎။ စိတ်နဲ့လူနဲ့ ပိုကပ်လာပါတယ်
ပတ်ဝန်းကျင်ကို အာရုံစိုက်မိတဲ့အခါမှာ သင်ဟာ စိတ်နဲ့ လူနဲ့ ကပ်လာပါလိမ့်မယ်။ အရင်တုန်းကတော့ ဖုန်းပဲ အမြဲ ပွတ်နေတာကြောင့် ကိုယ့်ဘေးမှာ တစ်ယောက်ယောက်က စကားလာပြောရင်တောင် တဟင် ဟင်နဲ့ ပြန်ပြန်မေးနေရတာပါ။ ဖုန်းကျန်ခဲ့တဲ့နေ့မှာ အဲဒီလို ဖြစ်ရပ်တွေ မရှိနိုင်တော့ပါဘူး။


Credit:Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top