iMyanmarHouse.com - Best Property Website for Myanmar
×

သွားတိုက်တံ သုံးစွဲခြင်းက အခြေခံအကျဆုံး တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် သွားနဲ့ သွားဖုံးကျန်းမာအောင် ပုံမှန်ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

၁၉၃၀ မှာ ပထမဦးဆုံး သွားတိုက်တံ ပေါ်ခဲ့ပြီး နိုင်လွန်အမျှင်လေးတွေနဲ့ဖြစ်ပါတယ်။ အဲဒီတော့ ဝယ်ယူသုံးစွဲသူတွေမှာ ရွေးချယ်စရာအနည်းငယ်သာ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုအခါမှာ ရိုးရိုးသွားတိုက်တံ၊ တခါသုံးနဲ့ လျှပ်စစ်သွားတိုက်တံ စသဖြင့် ရွေးချယ်စရာ အမျိုးအစား စုံလင်အောင် ရှိနေပါပြီ။ လက်အဓိကသုံး ဖြစ်ဖြစ်၊ လျှပ်စစ်ဓာတ်အားသုံး ဖြစ်ဖြစ် သွားတိုက်တံတစ်ချောင်းမှာ ထည့်စဉ်းစားသင့်တဲ့ အစိတ်အပိုင်းလေးတွေ ရှိပါတယ်။

အရွယ်အစား

သွားတစ်ခုနဲ့ တစ်ခုကြား ဝင်ရောက်နိုင်ရပါမယ်။ ခေါင်းအကြီးတွေဟာ ပါးစပ်အနှံ့ အလှမ်းမမှီတဲ့ အခက်အခဲ ဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် နေရာအနှံ့ရောက်နိုင်အောင် သေချာပြင်ဆင် သို့မဟုတ် ပျော့ပျောင်းနေဖို့ လိုအပ်ပါတယ်။ နောက် လက်ထဲမှာ ကိုင်တွင်ထိန်းချုပ်ရ အဆင်ပြေလွယ်ကူတဲ့ ဟာလေးလည်း ဖြစ်ရပါမယ်။

အမွေး တောင့်တင်း၊ ပျော့ပျောင်းမှု အခြေအနေ

သွားတိုက်တံဝယ်မယ်ဆိုရင် အမွေးအမျှင် ပျော့ပျော့လေး၊ အနေတော်နဲ့ အမာစားတစ်ခုခု ရွေးကောင်း ရွေးပါလိမ့်မယ်။ အများစုအတွက် အမွေးအမျှင်ပျော့တွေဟာ သက်တောင့်သက်သာနဲ့ စိတ်ချရဆုံး ရွေးချယ်မှုဖြစ်ပါတယ်။

Credit: Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top