iMyanmarHouse.com - Best Property Website for Myanmar
×

လူေတာ္ေတာ္မ်ားမ်ားက ဆံပင္ ကၽြတ္တာဟာ ေသြးအားနည္းျခင္းရဲ ႔ လကၡဏာ ျဖစ္တယ္ဆိုတာကို မသိၾက ပါဘူး။ တိတိက်က်ေျပာရရင္ေတာ့ ဆံပင္ကၽြတ္ျခင္းကို တိုက္ရိုက္ ျဖစ္ေပၚလာေစတာဟာ သံဓါတ္ ခ်ိဳ႕တဲ့ျခင္း ေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကၽြႏ္ုပ္တို႔အေနနဲ႔ ဆံသား အာဟာရ နဲ႔ ဆံသားေကာင္းမြန္မႈ ၾကားက ဆက္စပ္ေနမႈေတြကို နားလည္ဖို႔ လိုအပ္လာပါၿပီ။

သံဓါတ္ခ်ိဳ႕တဲ့တယ္လို႔ သတ္မွတ္ဖို႔အတြက္ လူတစ္ေယာက္ရဲ ႔ ခႏၶာကိုယ္ဟာ ပ်မ္းမွ်အားျဖင့္ သံဓါတ္ပမာဏ ဘယ္ေလာက္ရွိဖို႔ လိုအပ္သလဲဆိုတာကို သိထားဖို႔လည္း လိုပါတယ္။ ပံုမွန္အားျဖင့္ အမ်ိဳးသားေတြနဲ႔ ဓမၼတာလာေနခ်ိန္မဟုတ္တဲ့ အမ်ိဳးသမီးေတြဟာ တစ္ေန႔ကို သံဓါတ္ ၁၀ မီလီဂရမ္ လိုအပ္ပါတယ္။ ဓမၼတာလာခ်ိန္ေရာက္ေနတဲ့ အမ်ိဳးသမီးေတြနဲ႔ မိခင္ႏို႔တိုက္ေကၽြးေနရတဲ့ အမ်ိဳးသမီးေတြကေတာ့ ၁၅ မီလီဂရမ္ အထိ သံဓါတ္ ပမာဏ ရွိေနဖို႔ လိုအပ္ပါတယ္။

သံဓါတ္ဟာ ခ်ိဳ႕တဲ့ရင္လည္း မေကာင္းသလို လြန္ကဲသြားရင္လည္း ဆိုးက်ိဳးေတြ ရွိႏိုင္ပါတယ္။ ဒါေၾကာင့္ သံဓါတ္ ျဖည့္တင္းေပးတဲ့ အစားထိုး ေဆး၀ါးေတြကို လြန္ကဲစြာ မွီခိုျခင္း မျပဳလုပ္သင့္ပါဘူး။ သံဓါတ္ ရရွိေစမယ့္ အစားအစာကို ေရြးခ်ယ္တဲ့အခါမွာ “heme” သံဓါတ္ပါ၀င္တဲ့ အသား ေတြကို ေရြးခ်ယ္သင့္ပါတယ္။ “heme” သံဓါတ္ဟာ ခႏၶာကိုယ္အတြက္ စုပ္ယူဖို႔ လြယ္ကူတဲ့ သံဓါတ္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ “heme” သံဓါတ္မဟုတ္ပဲ အျခား သံဓါတ္ပါ၀င္တဲ့ အစားအစာေတြ စားသံုးတဲ့အခါမွာေတာ့ ရလဒ္ဟာ သင့္ကို ဗီတာမင္ စီ ေတြ ျဖည့္စြက္ရရွိသြားေစပါတယ္။ ဗီတာမင္ စီ လံုေလာက္စြာ ရရွိျခင္းဟာလည္း သင့္ရဲ ႔ သံဓါတ္ပမာဏကို ျမွင့္တင္ေပးပါတယ္။ ဒါေၾကာင့္ ဗီတာမင္စီ ၾကြယ္၀တဲ့ သစ္သီးေတြကလည္း သံဓါတ္ကို ရရွိလာေစႏိုင္ပါတယ္။

ဆံပင္ကၽြတ္ျခင္းကို ျဖစ္ေစတဲ့ အေျခခံ အရင္းအျမစ္ ကေတာ့ သံဓါတ္ခ်ိဳ႕တဲ့မႈ ျဖစ္ပါတယ္။ အဲဒီလိုပဲ ဆံသား ပ်က္စီးမႈေတြကို ထိန္းသိမ္းေပးႏိုင္မယ့္ အျခားနည္းလမ္းတစ္ခုကေတာ့ ေခါင္းေလွ်ာ္ရည္နဲ႔ ေပ်ာ့ေဆး(Conditioner) အသံုးျပဳတာ မွန္ကန္ဖို႔ ပဲ ျဖစ္ပါတယ္။ တစ္ခ်ိဳ႕ေခါင္းေလွ်ာ္ရည္ေတြဟာ ဆံသားကို ေတာင့္တင္းမာေၾကာလာေစၿပီး ဆံပင္ကၽြတ္ျခင္းကို ပိုမိုျဖစ္ေစႏိုင္ပါတယ္။ ဥပမာအားျဖင့္ ဆာလ္ဖိတ္ ပါ၀င္တဲ့ ေခါင္းေလွ်ာ္ရည္ေတြပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဓါတ္ခြဲခန္းရဲ ႔အဆင့္မွီမႈေတြနဲ႔ ေခါင္းေလွ်ာ္ရည္ ရဲ ႔ အရည္အေသြးကို မဆံုးျဖတ္ပါနဲ႔။ သဘာ၀ နည္းလမ္းနဲ႔ ေဖာ္စပ္ထားမႈကို ဦးစားေပးပါ။ ဥပမာ - ဆံသား ရွင္သန္မႈကို ျဖစ္ေပၚေစတဲ့ သဘာ၀ ရနံ႔ဆီနဲ႔ ျပဳလုပ္ထားတဲ့ ေခါင္းေလွ်ာ္ရည္ ကို သံုးပါ။ အၿမဲစိမ္းၿခံဳပင္ ၊ သစ္ကတိုး ၊ စမုန္ျဖဴ စတာေတြဟာ ဆံသားရွင္သန္မႈကို ေကာင္းမြန္ေစၿပီး ဆံပင္ကၽြတ္ျခင္းကို တားဆီးေပးႏိုင္တဲ့ သဘာ၀ ရနံ႔ဆီ ေတြပဲ ျဖစ္ပါတယ္။

Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

လူတော်တော်များများက ဆံပင် ကျွတ်တာဟာ သွေးအားနည်းခြင်းရဲ့ လက္ခဏာ ဖြစ်တယ်ဆိုတာကို မသိကြ ပါဘူး။ တိတိကျကျပြောရရင်တော့ ဆံပင်ကျွတ်ခြင်းကို တိုက်ရိုက် ဖြစ်ပေါ်လာစေတာဟာ သံဓါတ် ချို့တဲ့ခြင်း ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့အနေနဲ့ ဆံသား အာဟာရ နဲ့ ဆံသားကောင်းမွန်မှု ကြားက ဆက်စပ်နေမှုတွေကို နားလည်ဖို့ လိုအပ်လာပါပြီ။

သံဓါတ်ချို့တဲ့တယ်လို့ သတ်မှတ်ဖို့အတွက် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ပျမ်းမျှအားဖြင့် သံဓါတ်ပမာဏ ဘယ်လောက်ရှိဖို့ လိုအပ်သလဲဆိုတာကို သိထားဖို့လည်း လိုပါတယ်။ ပုံမှန်အားဖြင့် အမျိုးသားတွေနဲ့ ဓမ္မတာလာနေချိန်မဟုတ်တဲ့ အမျိုးသမီးတွေဟာ တစ်နေ့ကို သံဓါတ် ၁၀ မီလီဂရမ် လိုအပ်ပါတယ်။ ဓမ္မတာလာချိန်ရောက်နေတဲ့ အမျိုးသမီးတွေနဲ့ မိခင်နို့တိုက်ကျွေးနေရတဲ့ အမျိုးသမီးတွေကတော့ ၁၅ မီလီဂရမ် အထိ သံဓါတ် ပမာဏ ရှိနေဖို့ လိုအပ်ပါတယ်။

သံဓါတ်ဟာ ချို့တဲ့ရင်လည်း မကောင်းသလို လွန်ကဲသွားရင်လည်း ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် သံဓါတ် ဖြည့်တင်းပေးတဲ့ အစားထိုး ဆေးဝါးတွေကို လွန်ကဲစွာ မှီခိုခြင်း မပြုလုပ်သင့်ပါဘူး။ သံဓါတ် ရရှိစေမယ့် အစားအစာကို ရွေးချယ်တဲ့အခါမှာ “heme” သံဓါတ်ပါဝင်တဲ့ အသား တွေကို ရွေးချယ်သင့်ပါတယ်။ “heme” သံဓါတ်ဟာ ခန္ဓာကိုယ်အတွက် စုပ်ယူဖို့ လွယ်ကူတဲ့ သံဓါတ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် “heme” သံဓါတ်မဟုတ်ပဲ အခြား သံဓါတ်ပါဝင်တဲ့ အစားအစာတွေ စားသုံးတဲ့အခါမှာတော့ ရလဒ်ဟာ သင့်ကို ဗီတာမင် စီ တွေ ဖြည့်စွက်ရရှိသွားစေပါတယ်။ ဗီတာမင် စီ လုံလောက်စွာ ရရှိခြင်းဟာလည်း သင့်ရဲ့ သံဓါတ်ပမာဏကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် ဗီတာမင်စီ ကြွယ်ဝတဲ့ သစ်သီးတွေကလည်း သံဓါတ်ကို ရရှိလာစေနိုင်ပါတယ်။

ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတဲ့ အခြေခံ အရင်းအမြစ် ကတော့ သံဓါတ်ချို့တဲ့မှု ဖြစ်ပါတယ်။ အဲဒီလိုပဲ ဆံသား ပျက်စီးမှုတွေကို ထိန်းသိမ်းပေးနိုင်မယ့် အခြားနည်းလမ်းတစ်ခုကတော့ ခေါင်းလျှော်ရည်နဲ့ ပျော့ဆေး(Conditioner) အသုံးပြုတာ မှန်ကန်ဖို့ ပဲ ဖြစ်ပါတယ်။ တစ်ချို့ခေါင်းလျှော်ရည်တွေဟာ ဆံသားကို တောင့်တင်းမာကြောလာစေပြီး ဆံပင်ကျွတ်ခြင်းကို ပိုမိုဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် ဆာလ်ဖိတ် ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဓါတ်ခွဲခန်းရဲ့အဆင့်မှီမှုတွေနဲ့ ခေါင်းလျှော်ရည် ရဲ့ အရည်အသွေးကို မဆုံးဖြတ်ပါနဲ့။ သဘာ၀ နည်းလမ်းနဲ့ ဖော်စပ်ထားမှုကို ဦးစားပေးပါ။ ဥပမာ - ဆံသား ရှင်သန်မှုကို ဖြစ်ပေါ်စေတဲ့ သဘာ၀ ရနံ့ဆီနဲ့ ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည် ကို သုံးပါ။ အမြဲစိမ်းခြုံပင် ၊ သစ်ကတိုး ၊ စမုန်ဖြူ စတာတွေဟာ ဆံသားရှင်သန်မှုကို ကောင်းမွန်စေပြီး ဆံပင်ကျွတ်ခြင်းကို တားဆီးပေးနိုင်တဲ့ သဘာ၀ ရနံ့ဆီ တွေပဲ ဖြစ်ပါတယ်။

Credit: Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top