iMyanmarHouse.com - Best Property Website for Myanmar
×

အစာချေလမ်းကြောင်း ကောင်းမွန်စေဖို့နဲ့ ကိုယ်ခံစွမ်းအား ကြံ့ခိုင်စေဖို့ မိမိတို့ရဲ့ ခန္ဓာကိုယ်ကို အာဟာရဓာတ်တွေ ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ နာတာရှည် ရောဂါများနဲ့ အရွယ်မတိုင်ခင် သေဆုံးခြင်းတို့မှ ကင်းဝေးနိုင်ဖို့ ပုံမှန်စားပေးသင့်တဲ့အရာတွေက…

၁။ သဘာဝပျားရည်စစ်စစ်

ခုခံအားမြင့်မားပြီး အားအင်ကြာရှည် ထိန်းသိမ်းနိုင်ဖို့ ပျားရည်ကို အရင်ကတည်းက အသုံးပြုခဲ့ကြတယ်။ ပျားရည်ဟာ ဘက်ဘီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါများ၊ ဆီးအိမ်ရောဂါကူးစက်မှု၊ လည်ချောင်းနာ၊ ဗိုက်နာခြင်းကို ပျောက်ကင်းစေနိုင်တယ်။ အထူးသဖြင့် နှင်းခူနာ၊ ထိရှအနာများနဲ့ အရေပြားပျက်စီးခြင်းနဲ့ ပါးစပ်ထဲရှိအနာတွေကို ကုသရာမှာ အသုံးပြုနိုင်ပါတယ်။

၂။ ကြက်သွန်ဖြူ

အစွမ်းထက်ဆုံး ဆေးဖက်ဝင်အပင်တွေထဲ တစ်ခုအဖြစ် မှတ်ယူထားတဲ့ ကြက်သွန်ဖြူကို ကျန်းမာရေးအတွက် နေ့စဉ် ပုံမှန်စားသုံးနိုင်ပါတယ်။ ဗိုင်းရပ်စ်ရောဂါကို ကာကွယ်တားဆီးဖို့၊ ဘက်တီးရီယားကူစက်ရောများကုသဖို့၊ သွေးလည်ပတ်မှု ပိုမိုတိုးတက်ကောင်းမွန်စေဖို့ အဆိပ်အတောက်များဖယ်ရှားဖို့နဲ့ ကိုလက်ထရောကို လျော့ကျစေနိုင်ပါတယ်။

၃။ ပန်းသီး

တစ်နေ့ ပန်းသီးတစ်လုံး စားခြင်းဖြင့် ဆရာဝန်နဲ့ ဝေးဝေးနေနိုင်ပါတယ်။ ပန်းသီးစားခြင်းဖြင့် ရရှိတဲ့ အံ့သြစရာ အကောင်းဆုံး ကျန်းမာရေး အကျိုးကျေးဇူးတွေထဲမှ တစ်ခုက ကင်ဆာရောဂါ အန္တရာယ်လျော့ကျစေခြင်း ဖြစ်တယ်။ ပန်းသီးများများစားလေ၊ ရောဂါဖြစ်ပွားနိုင်ချေ နည်းလေဖြစ်တယ်။

၎။ မက်မွန်စေ့

မက်မွန်စေ့မှာ ကယ်လဆီယမ်၊ မက်ဂနီဆီယမ်နဲ့ အသားအမျှင် ဓာတ်ညီမျှစွာ ပါဝင်တယ်။ အခြားသော အစေ့များ သို့မဟုတ် အခွံမာအစေ့တွေထက် အမျှင်ဓာတ်ကြွယ်ဝတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top