iMyanmarHouse.com - Best Property Website for Myanmar
×

အမေရိကန် အဆိုတော် ကေတီပယ်ရီသည် ၂၀၁၃ က Prism တေးအယ်လ် ဘမ် ထွက်ရှိပြီးနောက် ပထမဆုံး တေးသီချင်းသစ်ကို ဇူလိုင် ၁၄ရက်ညတွင် ထွက်ရှိသည်။ ကေ တီပယ်ရီ၏ Rise သီချင်းသစ်တွင် ‘အောင်မြင်မှုဟာ မင်းတို့သွေး ကြောထဲမှာပါ’ဟူသော စာသားအပါအဝင်  စိတ်ဓာတ်တက်ကြွ စေသော တေးသီချင်းစာသားများ ပါဝင်သည်။

Rise သီချင်းသည် လာမည့် သြဂုတ်လတွင် ကျင်းပမည့် ရီယိုအိုလံပစ် အားကစားပြိုင်ပွဲ မတိုင်မီ ထွက်ရှိခြင်းဖြစ်သည်။ အမေရိကန်ရုပ်သံကွန်ရက် NBC သည်Rise သီချင်းကို ရီယိုအိုလံပစ်အားကစားပြိုင်ပွဲအတွက် တေးသီချင်းတစ်ပုဒ်အဖြစ် အသုံးပြုရန် ရွေးချယ်ထားသည်ဟု ကေတီပယ်ရီက ပြောသည်။ ကေတီပယ်ရီသည် ဂက်ဘရီလီဒေါက် ဂလက်စ်၊ မိုက်ကယ်ဖဲလ်နှင့် အူစိန်ဘော့ အပါအဝင် အိုလံပစ်အားကစားသမား ပါဝင်သော Rise တေးဂီတ ဗီဒီယိုလည်း ထွက်ရှိခဲ့သည်။

ကေတီပယ်ရီက လက်ရှိ တွင် ကမ္ဘာကြီးအတွက် စည်းလုံး ညီညွတ်ရန်လိုအပ်သောကြောင့် တေးအယ်လ်ဘမ်သစ် ပြီးဆုံး ချိန်အထိ မစောင့်ဘဲ ယခု တေးသီချင်းသစ် ထွက်ရှိခဲ့ရခြင်းဖြစ်သည်ဟု ရှင်းလင်းပြောကြား သည်။ ယင်းသို့ စည်းလုံးညီညွတ် ရန် အိုလံပစ်အားကစားသမား များထက် ပိုမိုကောင်းမွန်သော ဥပမာကို စဉ်းစား၍မရခဲ့ဟု ကေ တီပယ်ရီက ပြောသည်။


Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top