iMyanmarHouse.com - Best Property Website for Myanmar
×

လမ္းခြဲခဲ့ျပီးသား ရည္းစားေဟာင္းက သင့္နားတ၀ဲလည္လည္ ျပန္ျဖစ္ေနပါသလား။ သင့္ကို မတ္ေဆ့ခ်္ေတြပို႕ ဖုန္းေတြေခၚျပီး ဇာတ္လမ္းကို အသစ္ျပန္စၾကဖို႕ ေတာင္းဆိုေနပါသလား။ သင္ဟာ ဒီလိုအျဖစ္မ်ိဳး ၾကံဳလာရျပီဆုိရင္ သင့္ရည္းစားေဟာင္း သင့္ဆီျပန္လာရျခင္း အေၾကာင္းအရင္း (၅) ခ်က္ကို ေျပာျပေပးခ်င္ပါတယ္။

၁။ႏွလံုးသားက မရႏိုင္ေတာ့ဘူးထင္တဲ့အရာေတြကို ပိုလိုခ်င္တယ္။

ကေလးဘ၀တုန္းက ကုိယ္မရတဲ့အရုပ္ေလး၊ ကိုယ့္ဆီမွာမရွိတဲ့ အရုပ္ေလးကို ပိုလိုခ်င္တတ္ၾကပါတယ္။ ငါ ဒါကို ရကိုရမွျဖစ္မယ္ဆုိတဲ့ အေတြးမ်ိဳးက ကေလးဘ၀မွာတင္ အဆံုးသတ္တာ မဟုတ္ပါဘူး။ အသက္ေတြရလာေလ ဒီလို စိတ္မ်ိဳးေတြ ပိုမုိျပင္းထန္လာေလေလပါပဲ။ ခုလည္း ကိုယ္လက္လြတ္ဆံုးရႈံးလိုက္ရေတာ့မွ ငါလံုး၀မရႏိုင္ေတာ့ဘူးဆိုတာ သိေတာ့မွ ငါအရမ္းလိုခ်င္တယ္။ မရလို႕မျဖစ္ဘူးဆုိတာမ်ိဳးေတြ ခံစားလာၾကရပါတယ္။ ဒီေတာ့ ကိုယ္မရေတာ့တဲ့ အရာကို ပိုလိုခ်င္တယ္။ ဒါဟာ အတြင္းစိတ္ရဲ႕ အျပင္းအထန္ ဖိအားေပးမႈေၾကာင့္လည္း ျဖစ္ပါတယ္။

၂။သင္ ဒီေလာက္ ျမန္ျမန္ႀကီး ေျပာင္းလဲသြားလိမ့္မယ္လို႕ သူတုိ႕မထင္ထားတာေၾကာင့္လည္း ျပန္လိုခ်င္တယ္။

သင္ဟာ သူနဲ႕ လမ္းခြဲျပီးေနာက္ပိုင္း ခ်က္ခ်င္းႀကီး အရာအားလံုးကိုေမ့ပစ္သြားႏိုင္သလို သင္လုပ္ရမယ့္အရာေတြကို လုပ္သြားႏိုင္တယ္။ လြမ္းေနတယ္၊ အသည္းကြဲေနတယ္ဆုိတာမ်ိဳး မသိရ မျမင္ရပဲ ေပ်ာ္ေပ်ာ္ပါးပါးနဲ႕ သင္လုပ္စရာရွိတဲ့အရာေတြကို ဆက္လက္လုပ္ေဆာင္ေနတာမ်ိဳး သူတုိ႕ျမင္တဲ့အခါ မယံုၾကည္ႏိုင္ဘူး။ ေဒါသလည္းျဖစ္သလို စိတ္မေကာင္းလည္း ျဖစ္ေနလိမ့္မယ္။ ငါမရွိပဲ ေနႏိုင္ပါလားဆုိတာသိရင္ လူေတြဟာ အဲ့ဒီလို ျဖစ္ေစခ်င္မွ ျဖစ္ေစခ်င္လိမ့္မယ္။ ဒါဟာ သဘာ၀ပါပဲ။ ဒီေတာ့ သူတုိ႕ျပန္ခ်ဥ္းကပ္လာပါလိမ့္မယ္။

၃။သူတုိ႕အမွားကို သူတုိ႕သိသြားတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။

အခ်ိန္ေတြကုန္လာတဲ့အခါ အျခားတစ္ေယာက္က သင့္ဆီခ်ဥ္းကပ္ျပီး ခ်စ္ေရးဆုိလာႏိုင္တာ သူတုိ႕ျမင္လာသိလာၾကတယ္။ သူ႕အမွားကိုလည္း အခ်ိန္နဲ႕အမ်ွ ျပန္ေတြးျပီး သူသင့္အေပၚ ဘယ္ေလာက္လြန္သြားတယ္ဆိုတာ သူသိျပီး ေနာင္တရလာတဲ့အခါ၊ သင္ကလြဲျပီး သူ႕အေပၚ ဘယ္သူကမွ ဒီေလာက္မခ်စ္ႏိုင္ေတာ့ဘူးဆုိတာ သိလာတဲ့အခါ သင့္ကိုျပန္လုိခ်င္လာတာမ်ိဳးလည္း ရွိပါတယ္။

၄။အျခားတစ္ေယာက္က သင့္လိုမခ်စ္ႏိုင္ဘူးဆုိတာ သိလုိ႕လညး္ ျဖစ္ႏိုင္ပါတယ္။

သင္တို႕ႏွစ္ေယာက္ လမ္းခြဲလိုက္ရတ့ဲအေၾကာင္းအရင္းက သူ႕မွာ အျခားတစ္ေယာက္ရွိလာတာေၾကာင့္မ်ားလား။ သင့္ရည္းစားဟာ ဟိုတစ္ေယာက္ကိုပဲ ပစ္တြဲလိုက္ရေတာ့မလား၊ သင့္ကိုပဲတြဲရမလားဆုိတာမ်ိဳး ဒြိဟျဖစ္ေနခ်ိန္ သင္က ဒါေတြသိျပီး လမ္းခြဲလိုက္တယ္ ဆုိပါစို႕။ သူ႔ဘက္က သင္နဲ႕ျပတ္သြားခ်ိန္မွ ဟိုတစ္ေယာက္က သင့္ေလာက္ မေကာင္းဘူးဆိုတာ သိသြားျပီး သင့္ဆီျပန္လာတမ်ိဳးလည္း ရွိပါတယ္။ သင့္ကိုမရမက ျပန္တြယ္ကပ္ျပီး ခ်စ္ခြင့္ျပန္ေတာင္းတာမ်ိဳးေပါ့။

၅။သင္ျဖတ္သြားတာကို သူမခံခ်င္လုိ႕ သင့္ကိုျပန္ခ်ဥ္းကပ္တာမ်ိဳးပါ။

သင့္ခ်စ္သူက သင္က သူ႔ကိုဘလိုင္းႀကီးျဖတ္သြားတာမ်ိဳး ခံလိုက္ရလို႕ မခံခ်င္စိတ္နဲ႕ သင့္ကိုျပန္လိုက္တာမ်ိဳးပါ။ ဒီလိုလူမ်ိဳးေတြရဲ႕ စိတ္မွာေတာ့ အျငိႈးေတြဘာေတြ ရွိေကာင္းရွိႏိုင္ပါတယ္။ သင့္ကိုျပန္ခ်ဥ္းကပ္ ခ်စ္ေရးျပန္ဆိုျပီး သင္သူ႔ကို ျပန္စိတ္၀င္စားေအာင္ လုပ္မယ္။ အဲ့ဒီေနာက္မွာေတာ့ သူက သင့္ကို ျပန္ျဖတ္မယ္ဆုိျပီး ေတးထားတာမ်ိဳးေပါ့။ ကေလးဆန္ေပမယ့္ ဒီလိုလုပ္ရပ္မ်ိဳးေတြ လုပ္တတ္တဲ့သူေတြ တစ္ပံုႀကီးရွိပါတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လမ်းခွဲခဲ့ပြီးသား ရည်းစားဟောင်းက သင့်နားတဝဲလည်လည် ပြန်ဖြစ်နေပါသလား။ သင့်ကို မတ်ဆေ့ချ်တွေပို့ ဖုန်းတွေခေါ်ပြီး ဇာတ်လမ်းကို အသစ်ပြန်စကြဖို့ တောင်းဆိုနေပါသလား။ သင်ဟာ ဒီလိုအဖြစ်မျိုး ကြုံလာရပြီဆိုရင် သင့်ရည်းစားဟောင်း သင့်ဆီပြန်လာရခြင်း အကြောင်းအရင်း (၅) ချက်ကို ပြောပြပေးချင်ပါတယ်။


၁။နှလုံးသားက မရနိုင်တော့ဘူးထင်တဲ့အရာတွေကို ပိုလိုချင်တယ်။

ကလေးဘဝတုန်းက ကိုယ်မရတဲ့အရုပ်လေး၊ ကိုယ့်ဆီမှာမရှိတဲ့ အရုပ်လေးကို ပိုလိုချင်တတ်ကြပါတယ်။ ငါ ဒါကို ရကိုရမှဖြစ်မယ်ဆိုတဲ့ အတွေးမျိုးက ကလေးဘဝမှာတင် အဆုံးသတ်တာ မဟုတ်ပါဘူး။ အသက်တွေရလာလေ ဒီလို စိတ်မျိုးတွေ ပိုမိုပြင်းထန်လာလေလေပါပဲ။ ခုလည်း ကိုယ်လက်လွတ်ဆုံးရှုံးလိုက်ရတော့မှ ငါလုံးဝမရနိုင်တော့ဘူးဆိုတာ သိတော့မှ ငါအရမ်းလိုချင်တယ်။ မရလို့မဖြစ်ဘူးဆိုတာမျိုးတွေ ခံစားလာကြရပါတယ်။ ဒီတော့ ကိုယ်မရတော့တဲ့ အရာကို ပိုလိုချင်တယ်။ ဒါဟာ အတွင်းစိတ်ရဲ့ အပြင်းအထန် ဖိအားပေးမှုကြောင့်လည်း ဖြစ်ပါတယ်။

၂။သင် ဒီလောက် မြန်မြန်ကြီး ပြောင်းလဲသွားလိမ့်မယ်လို့ သူတို့မထင်ထားတာကြောင့်လည်း ပြန်လိုချင်တယ်။

သင်ဟာ သူနဲ့ လမ်းခွဲပြီးနောက်ပိုင်း ချက်ချင်းကြီး အရာအားလုံးကိုမေ့ပစ်သွားနိုင်သလို သင်လုပ်ရမယ့်အရာတွေကို လုပ်သွားနိုင်တယ်။ လွမ်းနေတယ်၊ အသည်းကွဲနေတယ်ဆိုတာမျိုး မသိရ မမြင်ရပဲ ပျော်ပျော်ပါးပါးနဲ့ သင်လုပ်စရာရှိတဲ့အရာတွေကို ဆက်လက်လုပ်ဆောင်နေတာမျိုး သူတို့မြင်တဲ့အခါ မယုံကြည်နိုင်ဘူး။ ဒေါသလည်းဖြစ်သလို စိတ်မကောင်းလည်း ဖြစ်နေလိမ့်မယ်။ ငါမရှိပဲ နေနိုင်ပါလားဆိုတာသိရင် လူတွေဟာ အဲ့ဒီလို ဖြစ်စေချင်မှ ဖြစ်စေချင်လိမ့်မယ်။ ဒါဟာ သဘာဝပါပဲ။ ဒီတော့ သူတို့ပြန်ချဉ်းကပ်လာပါလိမ့်မယ်။

၃။သူတို့အမှားကို သူတို့သိသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အချိန်တွေကုန်လာတဲ့အခါ အခြားတစ်ယောက်က သင့်ဆီချဉ်းကပ်ပြီး ချစ်ရေးဆိုလာနိုင်တာ သူတို့မြင်လာသိလာကြတယ်။ သူ့အမှားကိုလည်း အချိန်နဲ့အမျှ ပြန်တွေးပြီး သူသင့်အပေါ် ဘယ်လောက်လွန်သွားတယ်ဆိုတာ သူသိပြီး နောင်တရလာတဲ့အခါ၊ သင်ကလွဲပြီး သူ့အပေါ် ဘယ်သူကမှ ဒီလောက်မချစ်နိုင်တော့ဘူးဆိုတာ သိလာတဲ့အခါ သင့်ကိုပြန်လိုချင်လာတာမျိုးလည်း ရှိပါတယ်။

၄။အခြားတစ်ယောက်က သင့်လိုမချစ်နိုင်ဘူးဆိုတာ သိလို့လည်း ဖြစ်နိုင်ပါတယ်။

သင်တို့နှစ်ယောက် လမ်းခွဲလိုက်ရတဲ့အကြောင်းအရင်းက သူ့မှာ အခြားတစ်ယောက်ရှိလာတာကြောင့်များလား။ သင့်ရည်းစားဟာ ဟိုတစ်ယောက်ကိုပဲ ပစ်တွဲလိုက်ရတော့မလား၊ သင့်ကိုပဲတွဲရမလားဆိုတာမျိုး ဒွိဟဖြစ်နေချိန် သင်က ဒါတွေသိပြီး လမ်းခွဲလိုက်တယ် ဆိုပါစို့။ သူ့ဘက်က သင်နဲ့ပြတ်သွားချိန်မှ ဟိုတစ်ယောက်က သင့်လောက် မကောင်းဘူးဆိုတာ သိသွားပြီး သင့်ဆီပြန်လာတမျိုးလည်း ရှိပါတယ်။ သင့်ကိုမရမက ပြန်တွယ်ကပ်ပြီး ချစ်ခွင့်ပြန်တောင်းတာမျိုးပေါ့။

၅။သင်ဖြတ်သွားတာကို သူမခံချင်လို့ သင့်ကိုပြန်ချဉ်းကပ်တာမျိုးပါ။

သင့်ချစ်သူက သင်က သူ့ကိုဘလိုင်းကြီးဖြတ်သွားတာမျိုး ခံလိုက်ရလို့ မခံချင်စိတ်နဲ့ သင့်ကိုပြန်လိုက်တာမျိုးပါ။ ဒီလိုလူမျိုးတွေရဲ့ စိတ်မှာတော့ အငြှိုးတွေဘာတွေ ရှိကောင်းရှိနိုင်ပါတယ်။ သင့်ကိုပြန်ချဉ်းကပ် ချစ်ရေးပြန်ဆိုပြီး သင်သူ့ကို ပြန်စိတ်ဝင်စားအောင် လုပ်မယ်။ အဲ့ဒီနောက်မှာတော့ သူက သင့်ကို ပြန်ဖြတ်မယ်ဆိုပြီး တေးထားတာမျိုးပေါ့။ ကလေးဆန်ပေမယ့် ဒီလိုလုပ်ရပ်မျိုးတွေ လုပ်တတ်တဲ့သူတွေ တစ်ပုံကြီးရှိပါတယ်။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top