iMyanmarHouse.com - Best Property Website for Myanmar
×

သွားကျောက်တည်တာကို သေချာကုသဖို့ လိုအပ်ပြီး ကျောက်တည်ရာကတစ်ဆင့် ရေစီးကမ်းပြိုဖြစ်ကာ နောက်ဆက်တွဲ သွားနဲ့ခံတွင်းဆိုင်ရာ ပြဿ     နာတွေ ရှိလာနိုင်တယ်လို့ သိရပါတယ်။

သွားကျောက်တည်ရင် ခံတွင်းနံ့လည်း နံလာပြီး ကျာက်တည်တဲ့နေရာမှာ ကပ်ငြိနေတဲ့ ဗက်တီးရီးယားပိုးတွေနဲ့  အစားအစာတွေပေါင်းကာ ခံတွင်းအနံ့အသက် ဆိုးလာတာ ဖြစ်ပါတယ်။ သွားကျောက်တည်တာကို သေချာမကုရင် ခံတွင်း အနံ့နံတာမပျောက်နိုင်ကြောင်း  သွားကျောက်မှာ ခိုကပ်နေတဲ့ ဗက်တီးရီးယားပိုးတွေက စားသုံးတဲ့အစားအစာတွေမှာ ပိုခိုကပ်လာပြီး ကြာလာရင် သွားဖုံးတွေ ပျက်စီးလာမှာဖြစ်တယ်လို့ ဒေါက်တာသန်းထွန်း (မိုးထက်ပါရမီ)က ပြောကြားထားကြောင်း သိရပါတယ်။ နောက်ဆက်တွဲ ရေစီးကမ်းပြို ပြဿ     နာတွေနဲ့ သွားအမြစ်ထိပ် သွားဖုံး ပြည်တည်နာတွေ ဖြစ်လာကာ တဖြည်းဖြည်းနဲ့ သွားအမြစ်ခြေတွေပေါ်လာမှာ ဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။

အရည်ရွှမ်းတဲ့ အစားအစာ အသီးအနှံ စားသုံးမှုနည်းတာနဲ့  ရေသောက်နည်းတာတွေက သွားကျောက်တည်တာကို ဖြစ်ပေါ်စေပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top