iMyanmarHouse.com - Best Property Website for Myanmar
×

ရင့္က်က္တဲ့လူတစ္ေယာက္ ျဖစ္လာဖို႔အတြက္ အခ်ိန္နဲ႔ အေတြ႔အႀကံဳေတြက မရွိမျဖစ္လိုအပ္တဲ့အရာေတြျဖစ္ပါတယ္။ ရင့္က်က္ၿပီး ေနေပ်ာ္တဲ့ သူတစ္ဦးျဖစ္ဖို႔ စိတ္ေနစိတ္ထားကလည္း အေရးႀကီးပါေသးတယ္။

အရာရာကို စိုးရိမ္ပူပန္တတ္တာမ်ိဳး၊ အလိုမက်တာမ်ိဳး ျဖစ္ေနရင္လည္းသင္ဟာ ေပ်ာ္႐ႊင္ၿပီး ရင့္က်က္သူတစ္ဦး ျဖစ္လာမွာ မဟုတ္ပါဘူး။ ရင့္က်က္တဲ့ အမ်ိဳးသမီးေတြ အသက္ရလာတဲ့အခါ လက္ခံက်င့္သံုးတဲ့ အခ်က္ (၁၀) ခ်က္ရွိပါတယ္။

၁။ ကိုယ့္ကုိကိုယ္ခ်စ္ပါ

ကိုယ့္ကိုကုိယ္လည္း ခ်စ္ဖို႔လိုပါတယ္။ ဒါအေရးႀကီးပါတယ္။ ကုိယ္က ဘယ္သူဆိုတာကိုလည္း လက္ခံရမွာပါပဲ။ ကမၻာေက်ာ္ မင္းသမီး၊ ေမာ္ဒယ္ မျဖစ္ခဲ့လို႔လည္း ဝမ္းနည္းစရာ မရွိပါဘူး။ ကိုယ့္ရဲ႕ျဖစ္တည္မႈကို လက္ခံၿပီး ကိုယ့္ကိုကုိယ္ခ်စ္ဖို႔က ပထမပါ။

၂။ ကိုယ္ဘာျဖစ္ခ်င္လဲ သိေအာင္ႀကိဳးစား

ကုိယ့္ရဲ႕ ျပင္းျပတဲ့ စိတ္ဆႏၵဟာ ဘာလဲဆိုတာတိတိက်က် သိဖို႔လိုအေရးႀကီးပါတယ္။ ရင့္က်က္သူေတြက ကိုယ့္ရဲ႕ျပင္းျပမႈကို ေကာင္းေကာင္းေဖာ္ေဆာင္ႏိုင္စြမ္းရိွပါတယ္။ ဘယ္အရာကို ကိုယ့္ကိုရွင္သန္ေနထိုင္ေပ်ာ္႐ႊင္ဖို႔ တြန္းအားေပးတာလဲဆုိတာ သိေအာင္ ႀကိဳးစားရမွာပါ။

၃။ ပတ္ဝန္းက်င္ေကာင္းရွာ

ကိုယ့္ကို အေထာက္အပံ့မေပးႏိုင္တဲ့အျပင္ စိတ္ပ်က္စရာေတြပဲ ေပးေနတဲ့ ပတ္ဝန္းက်င္မွာ ဆက္ေနစရာ မလိုပါဘူး။ ကိုယ့္အတြက္ သင့္ေတာ္မယ့္ ပတ္ဝန္းက်င္နဲ႔ မိတ္ေဆြေတြကို ထပ္ရွာခြင့္ သင့္မွာ အၿမဲတမ္းရွိပါတယ္။

၄။ ကိုယ့္အတြက္ ကိုယ္အသက္ရွင္ပါ

အျခားသူေတြကုိ ခ်စ္လို႔ရပါတယ္။ မိသားစု၊ မိတ္ေဆြ စတဲ့သူေတြအေပၚ ခ်စ္ခြင့္သင့္မွာ အၿမဲရွိပါတယ္။ ဒါေပမယ့္ အျခားသူအတြက္ အသက္ရွင္ေနထိုင္ရတာမ်ိဳး မျဖစ္ပါေစနဲ႔။ ကိုယ့္အတြက္သာ ကိုယ္အသက္ရွင္ေနထိုင္ဖို႔ ႀကိဳးစားပါ။

၅။ အဆိုးျမင္သူေတြနဲ႔ မေနနဲ႔

အရာရာကို အဆုိးျမင္ေနတတ္သူေတြကို မၾကာခဏ ေတြ႔ရေလ့ရွိပါတယ္။ ဒီလိုလူတန္းစားေတြဟာ ဘယ္သူ႔အတြက္မွ အက်ိဳးမျပဳပါဘူး။ သူတို႔ရဲ႕ အျပဳအမူေတြကို ၾကည့္ၿပီး အခ်ိန္ေတြ မျဖဳန္းမိေအာင္ေနပါ။ သူတို႔ေၾကာင့္ သင့္ရဲ႕အခ်ိန္ေတြ မကုန္ပါေစနဲ႔။

၆။ ခရီးေတြထြက္

ခရီးမ်ားမ်ားထြက္ဖို႔လိုပါတယ္။ လူ႔ဘဝဆိုတာ ဘယ္အထိေနရမလဲ အတိအက် မခန္႔မွန္းႏုိင္တဲ့အတြက္ သြားႏုိင္တုန္း အခ်ိန္ေတြမွာ သြားႏုိင္သမွ် ခရီးမ်ားမ်ားထြက္ဖုိ႔ လိုပါတယ္။ အက်ိဳးမရွိတဲ့ အရာေတြနဲ႔ အခ်ိန္ကုန္မေနပဲ ခရီးေတြသာ ေအးေအးလူလူ ထြက္လုိက္ပါ။

၇။ စိတ္ပူတာေလွ်ာ့

စိတ္ပူေနလိုက္လို႔ ဘယ္ေနရာမွာမွ အက်ိဳးမရွိသြားပါဘူး။ ကိုယ္ဘာလုပ္ႏုိင္လဲဆိုတာကုိသာ စဥ္းစားထားဖို႔ လိုပါတယ္။ စိတ္ပူျခင္းေၾကာင့္ က်န္းမာေရး ဆိုးက်ိဳးပဲရွိၿပီး လက္ေတြ႔ရလဒ္ေကာင္းမလာပါဘူး။

၈။ အသက္ရွင္ဖို႔ အလုပ္မလုပ္နဲ႔

လူတန္းေစ့ ရွင္သန္ေနထိုင္ဖို႔ဆိုၿပီး အလုပ္ေတြ ပင္ပန္းတႀကီးလုပ္ေနရတာမ်ိဳး မရွိသင့္ပါဘူး။ အသင့္ေတာ္ဆံုးကေတာ့ ကိုယ္လုပ္ခ်င္ရာ၊ ဝါသနာပါရာေတြ လုပ္ဖို႔အတြက္ ဆက္ၿပီးရွင္သန္ေနဖို႔လိုပါတယ္။ အသက္ရွင္ဖို႔ အလုပ္လုပ္တာမဟုတ္ပဲ အလုပ္လုပ္ဖို႔ အသက္ရွင္တာပဲ ျဖစ္သင့္ပါတယ္။

၉။ မ်ားမ်ားေပး

အျခားသူေတြဆီက ဘာရမလဲဆိုတဲ့ ေမွ်ာ္လင့္ခ်က္ထားေနတာဟာ မေကာင္းလွပါဘူး။ တတ္ႏုိင္သေလာက္ ကိုယ့္ဘက္က ဘာျပန္ေပးႏုိင္မလဲဆိုတာပဲ စဥ္းစားတဲ့သူျဖစ္ပါေစ။ ကိုယ္ကသာ မ်ားမ်ားေပးႏုိင္တဲ့သူ ျဖစ္ေအာင္ ႀကိဳးစားရင္ သင့္ရဲ႕စိတ္လည္း ၿငိမ္းခ်မ္းေနပါလိမ့္မယ္။

၁၀။ ဘယ္သူ႔ကိုမွ အျပစ္မတင္နဲ႔

ၿပီးခဲ့တာေတြအတြက္ ဘယ္သူ႔ကိုယ္မွ အျပစ္ေတြ တင္မေနပါနဲ႔။ သင့္ကိုသင္လည္း အျပစ္မတင္ပါနဲ႔။ ေရွ႕ဆက္ရမယ့္ဘဝအတြက္ အေကာင္းဆံုး စဥ္းစားဖို႔လိုပါတယ္။ အျပစ္တင္ျခင္းဟာ အေျဖထြက္မလာပါဘူး။

Credit: duwun


ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode

ရင့်ကျက်တဲ့လူတစ်ယောက် ဖြစ်လာဖို့အတွက် အချိန်နဲ့ အတွေ့အကြုံတွေက မရှိမဖြစ်လိုအပ်တဲ့အရာတွေဖြစ်ပါတယ်။ ရင့်ကျက်ပြီး နေပျော်တဲ့ သူတစ်ဦးဖြစ်ဖို့ စိတ်နေစိတ်ထားကလည်း အရေးကြီးပါသေးတယ်။

အရာရာကို စိုးရိမ်ပူပန်တတ်တာမျိုး၊ အလိုမကျတာမျိုး ဖြစ်နေရင်လည်းသင်ဟာ ပျော်ရွှင်ပြီး ရင့်ကျက်သူတစ်ဦး ဖြစ်လာမှာ မဟုတ်ပါဘူး။ ရင့်ကျက်တဲ့ အမျိုးသမီးတွေ အသက်ရလာတဲ့အခါ လက်ခံကျင့်သုံးတဲ့ အချက် (၁၀) ချက်ရှိပါတယ်။

၁။ ကိုယ့်ကိုကိုယ်ချစ်ပါ

ကိုယ့်ကိုကိုယ်လည်း ချစ်ဖို့လိုပါတယ်။ ဒါအရေးကြီးပါတယ်။ ကိုယ်က ဘယ်သူဆိုတာကိုလည်း လက်ခံရမှာပါပဲ။ ကမ္ဘာကျော် မင်းသမီး၊ မော်ဒယ် မဖြစ်ခဲ့လို့လည်း ဝမ်းနည်းစရာ မရှိပါဘူး။ ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံပြီး ကိုယ့်ကိုကိုယ်ချစ်ဖို့က ပထမပါ။

၂။ ကိုယ်ဘာဖြစ်ချင်လဲ သိအောင်ကြိုးစား

ကိုယ့်ရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒဟာ ဘာလဲဆိုတာတိတိကျကျ သိဖို့လိုအရေးကြီးပါတယ်။ ရင့်ကျက်သူတွေက ကိုယ့်ရဲ့ပြင်းပြမှုကို ကောင်းကောင်းဖော်ဆောင်နိုင်စွမ်းရှိပါတယ်။ ဘယ်အရာကို ကိုယ့်ကိုရှင်သန်နေထိုင်ပျော်ရွှင်ဖို့ တွန်းအားပေးတာလဲဆိုတာ သိအောင် ကြိုးစားရမှာပါ။

၃။ ပတ်ဝန်းကျင်ကောင်းရှာ

ကိုယ့်ကို အထောက်အပံ့မပေးနိုင်တဲ့အပြင် စိတ်ပျက်စရာတွေပဲ ပေးနေတဲ့ ပတ်ဝန်းကျင်မှာ ဆက်နေစရာ မလိုပါဘူး။ ကိုယ့်အတွက် သင့်တော်မယ့် ပတ်ဝန်းကျင်နဲ့ မိတ်ဆွေတွေကို ထပ်ရှာခွင့် သင့်မှာ အမြဲတမ်းရှိပါတယ်။

၄။ ကိုယ့်အတွက် ကိုယ်အသက်ရှင်ပါ

အခြားသူတွေကို ချစ်လို့ရပါတယ်။ မိသားစု၊ မိတ်ဆွေ စတဲ့သူတွေအပေါ် ချစ်ခွင့်သင့်မှာ အမြဲရှိပါတယ်။ ဒါပေမယ့် အခြားသူအတွက် အသက်ရှင်နေထိုင်ရတာမျိုး မဖြစ်ပါစေနဲ့။ ကိုယ့်အတွက်သာ ကိုယ်အသက်ရှင်နေထိုင်ဖို့ ကြိုးစားပါ။

၅။ အဆိုးမြင်သူတွေနဲ့ မနေနဲ့

အရာရာကို အဆိုးမြင်နေတတ်သူတွေကို မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ဒီလိုလူတန်းစားတွေဟာ ဘယ်သူ့အတွက်မှ အကျိုးမပြုပါဘူး။ သူတို့ရဲ့ အပြုအမူတွေကို ကြည့်ပြီး အချိန်တွေ မဖြုန်းမိအောင်နေပါ။ သူတို့ကြောင့် သင့်ရဲ့အချိန်တွေ မကုန်ပါစေနဲ့။

၆။ ခရီးတွေထွက်

ခရီးများများထွက်ဖို့လိုပါတယ်။ လူ့ဘဝဆိုတာ ဘယ်အထိနေရမလဲ အတိအကျ မခန့်မှန်းနိုင်တဲ့အတွက် သွားနိုင်တုန်း အချိန်တွေမှာ သွားနိုင်သမျှ ခရီးများများထွက်ဖို့ လိုပါတယ်။ အကျိုးမရှိတဲ့ အရာတွေနဲ့ အချိန်ကုန်မနေပဲ ခရီးတွေသာ အေးအေးလူလူ ထွက်လိုက်ပါ။

၇။ စိတ်ပူတာလျှော့

စိတ်ပူနေလိုက်လို့ ဘယ်နေရာမှာမှ အကျိုးမရှိသွားပါဘူး။ ကိုယ်ဘာလုပ်နိုင်လဲဆိုတာကိုသာ စဉ်းစားထားဖို့ လိုပါတယ်။ စိတ်ပူခြင်းကြောင့် ကျန်းမာရေး ဆိုးကျိုးပဲရှိပြီး လက်တွေ့ရလဒ်ကောင်းမလာပါဘူး။

၈။ အသက်ရှင်ဖို့ အလုပ်မလုပ်နဲ့

လူတန်းစေ့ ရှင်သန်နေထိုင်ဖို့ဆိုပြီး အလုပ်တွေ ပင်ပန်းတကြီးလုပ်နေရတာမျိုး မရှိသင့်ပါဘူး။ အသင့်တော်ဆုံးကတော့ ကိုယ်လုပ်ချင်ရာ၊ ဝါသနာပါရာတွေ လုပ်ဖို့အတွက် ဆက်ပြီးရှင်သန်နေဖို့လိုပါတယ်။ အသက်ရှင်ဖို့ အလုပ်လုပ်တာမဟုတ်ပဲ အလုပ်လုပ်ဖို့ အသက်ရှင်တာပဲ ဖြစ်သင့်ပါတယ်။

၉။ များများပေး

အခြားသူတွေဆီက ဘာရမလဲဆိုတဲ့ မျှော်လင့်ချက်ထားနေတာဟာ မကောင်းလှပါဘူး။ တတ်နိုင်သလောက် ကိုယ့်ဘက်က ဘာပြန်ပေးနိုင်မလဲဆိုတာပဲ စဉ်းစားတဲ့သူဖြစ်ပါစေ။ ကိုယ်ကသာ များများပေးနိုင်တဲ့သူ ဖြစ်အောင် ကြိုးစားရင် သင့်ရဲ့စိတ်လည်း ငြိမ်းချမ်းနေပါလိမ့်မယ်။

၁၀။ ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့

ပြီးခဲ့တာတွေအတွက် ဘယ်သူ့ကိုယ်မှ အပြစ်တွေ တင်မနေပါနဲ့။ သင့်ကိုသင်လည်း အပြစ်မတင်ပါနဲ့။ ရှေ့ဆက်ရမယ့်ဘဝအတွက် အကောင်းဆုံး စဉ်းစားဖို့လိုပါတယ်။ အပြစ်တင်ခြင်းဟာ အဖြေထွက်မလာပါဘူး။

Credit: duwun


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top