iMyanmarHouse.com - Best Property Website for Myanmar
×

အိုမင္းရင့္ေရာ္မႈ၊ အဆီမ်ားျခင္း သုိ႔မဟုတ္ ေရေသာက္သုံးမႈမလုံေလာက္ျခင္းရဲ႕ အက်ဳိးဆက္အျဖစ္ လည္ပင္းတဝိုက္ အဆီပုိေတြ ျဖစ္ပြားတတ္ပါတယ္။ ဒီျပသနာကို အမ်ဳိးသမီးနဲ႔ အမ်ဳိးသား အေတာ္မ်ားမ်ား ရင္ဆုိင္ၾကရတတ္ပါတယ္။ ေမးေစ့ေအာက္အဆီပုိ ဖယ္ရွားျခင္းကို ေျဖရွင္းမရတဲ့ ျပသနာလုိ႔ အမ်ားစု ယူဆၾကပါတယ္။ ဒါေပမယ့္ အဲဒီလုိ မဟုတ္ပါဘူး။ လွပေခ်ာေမာေျပျပစ္တဲ့ လည္ပင္းနဲ႔ ေမးရုိး ပုိင္ဆုိင္လုိပါက ရုိးရွင္းျပီး သဘာဝေျဖရွင္းနည္း (၃) ခု ေဖာ္ေပးလုိက္ပါတယ္။

၁။ ေရ ပုိေသာက္ေပးပါ

ေရအလုံအေလာက္ေသာက္သုံးျခင္းက မ်က္ႏွာေပၚ အဆီပို ျဖစ္ေစႏုိင္တဲ့ ေရဝွက္/တင္ျခင္းကို ရွင္းထုတ္ေပးပါလိမ့္မယ္။ ေရာင္ရမ္းမႈျဖစ္ေစႏုိင္ပါတယ္။ ဒီ သေဘာက်စရာ မေကာင္းတဲ့ ျပသာနာမျဖစ္ေအာင္ ေရွာင္ရွားဖုိ႔ ေန႔စဥ္ေရအလုံအေလာက္ ေသာက္ျဖစ္ေအာင္ ေသခ်ာဂရုစုိက္ပါ။

၂။ က်န္းမာေရးနဲ႔ ညီညြတ္ေအာင္ စားသုံးပါ

အစားအေသာက္က အျပင္ပန္းရုပ္အသြင္အျပင္ကို အမ်ားဆုံး အက်ဳိးသက္ေရာက္ေစပါတယ္။ အဆီနဲ႔ ကယ္လုိရီမ်ားတဲ့ အစားအေသာက္ေတြ ေရွာင္ပါ။ သန္႔ရွင္းလတ္ဆတ္တဲ့ သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ ပိုစားေပးပါ။ ေနာက္ျပီး အမွ်င္ဓာတ္ ၾကြယ္ဝတဲ့ အစားအေသာက္ေတြကိုလည္း ပိုမိုစားသုံးေပးပါ။

၃။ လည္ပင္းနဲ႔ မ်က္ႏွာ ႏွိပ္နယ္ေပးပါ

ပုံမွန္ႏိွပ္နယ္ေပးျခင္းက လည္ပင္တဝုိက္ရိွ အဆီပုိေတြ သိသာစြာ ရွင္းလင္းေပးႏုိင္ပါတယ္။ လက္ေခ်ာင္းေတြ အသုံးျပဳျပီး စက္ဝိုင္းပုံစံျဖင့္ အဓိကအေရးၾကီးတဲ့ေနရာေတြကို မိနစ္ ၂၀ ႏွိပ္နယ္ေပးပါ။

Credit: Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

အိုမင်းရင့်ရော်မှု၊ အဆီများခြင်း သို့မဟုတ် ရေသောက်သုံးမှုမလုံလောက်ခြင်းရဲ့ အကျိုးဆက်အဖြစ် လည်ပင်းတဝိုက် အဆီပိုတွေ ဖြစ်ပွားတတ်ပါတယ်။ ဒီပြသနာကို အမျိုးသမီးနဲ့ အမျိုးသား အတော်များများ ရင်ဆိုင်ကြရတတ်ပါတယ်။ မေးစေ့အောက်အဆီပို ဖယ်ရှားခြင်းကို ဖြေရှင်းမရတဲ့ ပြသနာလို့ အများစု ယူဆကြပါတယ်။ ဒါပေမယ့် အဲဒီလို မဟုတ်ပါဘူး။ လှပချောမောပြေပြစ်တဲ့ လည်ပင်းနဲ့ မေးရိုး ပိုင်ဆိုင်လိုပါက ရိုးရှင်းပြီး သဘာဝဖြေရှင်းနည်း (၃) ခု ဖော်ပေးလိုက်ပါတယ်။

၁။ ရေ ပိုသောက်ပေးပါ

ရေအလုံအလောက်သောက်သုံးခြင်းက မျက်နှာပေါ် အဆီပို ဖြစ်စေနိုင်တဲ့ ရေဝှက်/တင်ခြင်းကို ရှင်းထုတ်ပေးပါလိမ့်မယ်။ ရောင်ရမ်းမှုဖြစ်စေနိုင်ပါတယ်။ ဒီ သဘောကျစရာ မကောင်းတဲ့ ပြသာနာမဖြစ်အောင် ရှောင်ရှားဖို့ နေ့စဉ်ရေအလုံအလောက် သောက်ဖြစ်အောင် သေချာဂရုစိုက်ပါ။

၂။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပါ

အစားအသောက်က အပြင်ပန်းရုပ်အသွင်အပြင်ကို အများဆုံး အကျိုးသက်ရောက်စေပါတယ်။ အဆီနဲ့ ကယ်လိုရီများတဲ့ အစားအသောက်တွေ ရှောင်ပါ။ သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ပိုစားပေးပါ။ နောက်ပြီး အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေကိုလည်း ပိုမိုစားသုံးပေးပါ။

၃။ လည်ပင်းနဲ့ မျက်နှာ နှိပ်နယ်ပေးပါ

ပုံမှန်နှိပ်နယ်ပေးခြင်းက လည်ပင်တဝိုက်ရှိ အဆီပိုတွေ သိသာစွာ ရှင်းလင်းပေးနိုင်ပါတယ်။ လက်ချောင်းတွေ အသုံးပြုပြီး စက်ဝိုင်းပုံစံဖြင့် အဓိကအရေးကြီးတဲ့နေရာတွေကို မိနစ် ၂၀ နှိပ်နယ်ပေးပါ။


Credit: Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top