iMyanmarHouse.com - Best Property Website for Myanmar
×

မျက်နှာမှာ အရောင်ဖြစ်ပေါ်မှု အတွေ့များပါတယ်။ ပုံမှန်ကျန်းမာတဲ့ အရေပြားမှာ ပိုမိုညှိမည်းတဲ့ အသားရောင်၊ အန္တရာယ်မပြုတဲ့ အသားအရေပြောင်းလဲမှု ဖြစ်နေကျပါ။ အသားရောင်ညှိမည်းခြင်းကြောင့် ဖြစ်တဲ့ အမည်းကွက်တွေဟာ ကျန်းမာရေးပြသနာ အမျိုးမျိုး သို့မဟုတ် အသက်အရွယ်ကြောင့် မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။ နောက် ဒီပြသနာက အသက်အားနည်းခြင်း၊ ဝက်ခြံနဲ့ ပြင်ပအကျိုးသက်ရောက်မှု ခုခံတုံ့ပြန်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒီအမည်းကွက်တွေက ခန္ဓာကိုယ်မှာ နေရာမရွေး ဖြစ်ပေါ်နိုင်ပြီး မျက်နှာ သို့မဟုတ် လက်တွေမှာ အများဆုံးဖြစ်ပေါ်ပါတယ်။ အဲဒီအမည်းကွက်တွေ ဖယ်ရှားပေးမယ့် နည်းလမ်းတစ်ခု ဖော်ပြပေးလိုက်ပါတယ်။

သန့်ရှင်းလတ်ဆတ်တဲ့ အာလူးပွတ်ပေးခြင်း

အာလူးမှာ အရေပြားဆဲလ်တွေ အသစ်လှဲလှယ်ပေးတဲ့ ဗီတာမင်-ဘီနဲ့ အသားရောင် ဖြူသွားစေတဲ့ nicotinamide အပါအဝင် အာဟာရဓာတ်တွေ ကြွယ်ဝပါတယ်။ အဝိုင်းလိုက် လှီးထားတဲ့ အာလူးနဲ့ ၁၀ မိနစ်ကြာ တစ်နေ့ ၃- ၄ ကြိမ် ပွတ်ပေးဖို့ အကြံပြုထားပါတယ်။ အသားရေခြောက်သွေ့နေရင် အာလူးကို ရေထဲနှစ်ပေးရပါမယ်။

Credit: Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top