iMyanmarHouse.com - Best Property Website for Myanmar
×

ကနဦးသမီးရည်းစားချိန်းတွေ့မှုဆိုတာ ထူးခြားပါတယ်။ ဘယ်လောက်လန်းချင်လဲဆိုတာ အရေးမကြီးသေးပါဘူး။ တိုတိုပြောရင် မိမိသဘောကျတဲ့ မိန်းကလေးနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံရတော့မှာမို့ စိတ်ဝင်စားမှုရအောင် လုပ်ချင်ကြမှာ အမှန်ပါပဲ။  ခမ်းနားတဲ့နေရာ ရွေးချယ်သတ်မှတ်ပြီး အကောင်းဆုံးရေမွှေးဆွတ်ထားသည့်တိုင် မိမိစတိုင်လ်ကို လျစ်လျုရှုထားပါက အစစအရာရာ စီစဉ်ထားသလိုဖြစ်လာမှာ မဟုတ်ပါဘူး။ ပထမဆုံးသမီးရည်းစားချက်တွေ့မှုဆိုင်ရာ သိသင့်တဲ့အချက်တချို့ဖော်ပြပေးပါမယ်။

ရှည်ရှည်ဝေးဝေးမစဉ်းစားဘဲ ကိုယ်နဲ့သင့်တော်လိုက်ဖက်တာတွေ ဝတ်ဆင်ပါ။ ဒီချိန်မှာ ဒါက တခြားအရာထက် ပိုအရေးကြီးပါတယ်။ 

အဝတ်အစားအရောင်

အနီ၊ လိမ္မော်ရောင်စတဲ့ မျက်စိနောက်စရာကောင်းလောက်အောင် တောက်ပြောင်လွန်းတဲ့ အရောင်မျိုးရှောင်ပါ။ အစိမ်းနုရောင်၊ နက်ပြာရောင်၊ မိုးပြာရောင်၊ မြေနီရောင်၊ မြေဝါရောင်တွေ အမြဲ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

ဖိနပ်ကို အထူးဂရုစိုက်ပါ
သိတဲ့အတိုင်း မိန်းကလေးတွေဟာ ဖိနပ်နဲ့ ပတ်သက်လို့ အရူးအမူးဖြစ်ကြပြီး ဖိနပ်ကိုပဲ အထူးအာရုံထားတတ်ကြပါတယ်။ ကြိုးဖိနပ် သို့မဟုတ် ပေါ့ပါးတဲ့ဖိနပ်မျိုး ထသွားထလာအတွက်စီးတဲ့ ဖိနပ်မျိုး ရွေးစီးပါ။ အဲဒီဖိနပ်မျိုးက ဘယ်ရာသီဥတုနဲ့မဆို အပ်စပ်ပါတယ်။ အပြင်မှာ သိပ်မပူရင် ညှပ်ဖိနပ်စီးနိုင်ပါတယ်။

ရေမွှေးစွတ်ဖို့ မမေ့ပါနဲ့
မိမိအကြိုက်ဆုံး ရေမွှေးမစွတ်ဘဲ သမီးရည်းစားချိန်းတွေ့ဖို့ မသွားပါနဲ့။ ရေမွှေးက မိန်းကလေးတွေအတွက် အဝတ်စားကောင်းတစ်ခုကဲ့သို့ အရေးကြီးပါတယ်။

အလုပ်ဝတ်စုံမဟုတ်ဘဲ ထသွားထလာအတွက် အဝတ်အစားမျိုးဝတ်ဆင်ပါ
မိမိသွားမှာ အလုပ်မဟုတ်၊ သမီးရည်စားချိန်းတွေ့ဖို့ဆိုတာ မမေ့ပါနဲ့။ အလုပ်ဝတ်စုံနဲ့ ရှိုးနဲ့ သွားမတွေ့လိုက်ပါနဲ့။ သူမ စိတ်ကျဉ်းကျပ်သွားပါလိမ့်မယ်။ သင်ဟာ သင်သဘောကျတဲ့ မိန်းကလေးနဲ့ အချိန်ကောင်းတစ်ခု ရယူမှာဖြစ်ပြီး သက်သောင့်သက်သာ ဖြစ်ချင်တာပါ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top