iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ကြင္းညိဳတာဟာ အလွအပကိုျမတ္ႏိုးတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးေတြတုိင္းအတြက္ ၿခိမ္းေျခာက္မႈတစ္ခုပါ။ ဒါေၾကာင့္ မ်က္ကြင္းညိဳေပ်ာက္ေစမယ့္ အလွကုန္ပစၥည္းေတြ ၀ယ္ယူသံုးစြဲေနသူေတြရွိသလို အသားအေရႏုလြန္းသူေတြအေနနဲ႔ မိမိအသားအေရထိခိုက္မွာစိုးတဲ့အတြက္ ဟိုပစၥည္းေကာင္းႏုိး၊ ဒီပစၥည္းေကာင္းႏိုးနဲ႔ ေ၀ခြဲရခက္ေနသူေတြလည္း ရွိပါတယ္။

တကယ္ေတာ့ မ်က္ကြင္းညိဳတာဟာ စိတ္ဖိစီးမႈမ်ားတာ၊ အိပ္ေရးပ်က္တာ၊ ေဟာ္မုန္းေျပာင္းလဲတာ၊ မ်ိဳး႐ိုးလိုက္တာ စတဲ့အေၾကာင္းရင္းအမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္လာရတာပါ။ တခ်ိဳ႕သူေတြအေနနဲ႔ မ်က္ကြင္းညိဳေပ်ာက္ေဆးသံုးလို႔ မ်က္ကြင္းညိဳတာသက္သာသြားေပမယ့္ လူတစ္ေယာက္နဲ႔ တစ္ေယာက္ အသားအေရမတူညီၾကတဲ့အတြက္ တခ်ိဳ႕သူေတြမ်က္ကြင္းညိဳေပ်ာက္တိုင္း မိမိေပ်ာက္ခ်င္မွ ေပ်ာက္မွာပါ။

ဒါေၾကာင့္ အသားအေရအတြက္ ေဘးဥပါဒ္လည္းမျဖစ္ လူတုိင္းနဲ႔သင့္ေလ်ာ္တဲ့ မ်က္ကြင္းညိဳေပ်ာက္ေစမယ့္ သဘာ၀နည္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

1.  ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးအရည္ညႇစ္ၿပီးသား လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာနဲ႔ ေရွာက္ရည္လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာကိုေရာၿပီး မ်က္ကြင္းညိဳတဲ့ေနရာေပၚလိမ္းေပးပါ။ 10 မိနစ္ခန္႔ထားၿပီးေနာက္ ေရေဆးခ်ပါ။ အနည္းဆံုးတေန႔ႏွစ္ႀကိမ္လုပ္ေပးပါ။ ေနာက္တစ္နည္းက ခရမ္းခ်ဥ္သီးရည္၊ ေရွာက္ရည္နဲ႔ ပူဒီနာရြက္ ေပါင္းစပ္ကာေဖ်ာ္ရည္လုပ္ေသာက္ေပးပါကလည္း မ်က္ကြင္းညိဳသက္သာေစႏုိင္ပါတယ္။

2.  အာလူး

ျခစ္ၿပီးအရည္ညႇစ္ထားတဲ့ အာလူးရည္ကိုဂြမ္းဖတ္နဲ႔တို႔ယူပါ။ မ်က္လံုးမွိတ္ထားကာ ယင္းဂြမ္းဖတ္ကို မ်က္လံုးေပၚ 10 မိနစ္ၾကာတင္ထားပါ။ ၿပီးေနာက္ ေရေအးနဲ႔ေဆးခ်ပါ။ မ်က္ကြင္းညိဳတဲ့ေနရာေရာ မ်က္ခြံေပၚကိုပါ ယင္းဂြမ္းဖတ္ကထိေနပါေစ။

3.  လက္ဖက္ေျခာက္အိတ္

ခ်မိုမုိင္းလက္ဖက္ေျခာက္အိတ္ ဒါမွမဟုတ္ လက္ဖက္စိမ္းလက္ဖက္ေျခာက္အိတ္ကို ေရမွာ စိမ္ၿပီး ေရခဲေသတၱာထဲမွာ အတန္ၾကာထည့္ထားပါ။ ထုိ႔ေနာက္ မ်က္လံုးေပၚကပ္ေပးပါ။ ပံုမွန္လုပ္ေပးပါက မ်က္ကြင္းညိဳတာသက္သာလာတာကို ေတြ႕ရပါလိမ့္မယ္။

4.  ႏုိ္႔ေအး

ဂြမ္းဖတ္ကိုအေအးခံထားတဲ့ ႏုိ႔ထဲမွာစိမ္ကာ ဒါမွမဟုတ္ ေရခဲေရထဲမွာစိမ္ကာ ယင္းဂြမ္းဖတ္ကို မ်က္လံုးေပၚသို႔ ခဏၾကာဖံုးအုပ္ထားပါ။ ၿပီးေနာက္ ေရေဆးခ်ပါ။

5.  လိေမၼာ္ရည္

လိေမၼာ္ရည္ကိုအလွဆီတစ္စက္၊ ႏွစ္စက္ေရာၿပီး မ်က္ကြင္းညိဳတဲ့ေနရာေပၚလိမ္းေပးပါ။ မ်က္ကြင္းညိဳတာေပ်ာက္ေစ႐ံုသာမက မ်က္လံုးကိုပါၾကည္လင္ေစပါတယ္။

6.  ေယာဂ/တရားထိုင္ျခင္း

မ်က္ကြင္းညိဳတာက စိတ္ဖိစီးမႈေၾကာင့္အျဖစ္မ်ားတာေၾကာင့္ စိတ္ဖိစီးမႈေျပေလ်ာ့ေစဖုိ႔ ေယာဂက်င့္တာ၊ တရားထုိင္တာ ျပဳလုပ္ေပးသင့္ပါတယ္။ ေယာဂက်င့္ျခင္း၊ တရားထုိင္ျခင္း ပံုမွန္ျပဳလုပ္ေပးပါက မ်က္ကြင္းညိဳတာ သက္သာေစတဲ့အျပင္ စိတ္ကုိတည္ၿငိမ္ေအးခ်မ္းေစႏုိင္ပါတယ္။

Credit : DrMyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

မျက်ကွင်းညိုတာဟာ အလှအပကိုမြတ်နိုးတဲ့ အမျိုးသား၊ အမျိုးသမီးတွေတိုင်းအတွက် ခြိမ်းခြောက်မှုတစ်ခုပါ။ ဒါကြောင့် မျက်ကွင်းညိုပျောက်စေမယ့် အလှကုန်ပစ္စည်းတွေ ဝယ်ယူသုံးစွဲနေသူတွေရှိသလို အသားအရေနုလွန်းသူတွေအနေနဲ့ မိမိအသားအရေထိခိုက်မှာစိုးတဲ့အတွက် ဟိုပစ္စည်းကောင်းနိုး၊ ဒီပစ္စည်းကောင်းနိုးနဲ့ ဝေခွဲရခက်နေသူတွေလည်း ရှိပါတယ်။

တကယ်တော့ မျက်ကွင်းညိုတာဟာ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးပျက်တာ၊ ဟော်မုန်းပြောင်းလဲတာ၊ မျိုးရိုးလိုက်တာ စတဲ့အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်လာရတာပါ။ တချို့သူတွေအနေနဲ့ မျက်ကွင်းညိုပျောက်ဆေးသုံးလို့ မျက်ကွင်းညိုတာသက်သာသွားပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက် အသားအရေမတူညီကြတဲ့အတွက် တချို့သူတွေမျက်ကွင်းညိုပျောက်တိုင်း မိမိပျောက်ချင်မှ ပျောက်မှာပါ။

ဒါကြောင့် အသားအရေအတွက် ဘေးဥပါဒ်လည်းမဖြစ် လူတိုင်းနဲ့သင့်လျော်တဲ့ မျက်ကွင်းညိုပျောက်စေမယ့် သဘာဝနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

1.  ခရမ်းချဉ်သီး

ခရမ်းချဉ်သီးအရည်ညှစ်ပြီးသား လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ ရှောက်ရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကိုရောပြီး မျက်ကွင်းညိုတဲ့နေရာပေါ်လိမ်းပေးပါ။ 10 မိနစ်ခန့်ထားပြီးနောက် ရေဆေးချပါ။ အနည်းဆုံးတနေ့နှစ်ကြိမ်လုပ်ပေးပါ။ နောက်တစ်နည်းက ခရမ်းချဉ်သီးရည်၊ ရှောက်ရည်နဲ့ ပူဒီနာရွက် ပေါင်းစပ်ကာဖျော်ရည်လုပ်သောက်ပေးပါကလည်း မျက်ကွင်းညိုသက်သာစေနိုင်ပါတယ်။

2.  အာလူး

ခြစ်ပြီးအရည်ညှစ်ထားတဲ့ အာလူးရည်ကိုဂွမ်းဖတ်နဲ့တို့ယူပါ။ မျက်လုံးမှိတ်ထားကာ ယင်းဂွမ်းဖတ်ကို မျက်လုံးပေါ် 10 မိနစ်ကြာတင်ထားပါ။ ပြီးနောက် ရေအေးနဲ့ဆေးချပါ။ မျက်ကွင်းညိုတဲ့နေရာရော မျက်ခွံပေါ်ကိုပါ ယင်းဂွမ်းဖတ်ကထိနေပါစေ။

3.  လက်ဖက်ခြောက်အိတ်

ချမိုမိုင်းလက်ဖက်ခြောက်အိတ် ဒါမှမဟုတ် လက်ဖက်စိမ်းလက်ဖက်ခြောက်အိတ်ကို ရေမှာ စိမ်ပြီး ရေခဲသေတ္တာထဲမှာ အတန်ကြာထည့်ထားပါ။ ထို့နောက် မျက်လုံးပေါ်ကပ်ပေးပါ။ ပုံမှန်လုပ်ပေးပါက မျက်ကွင်းညိုတာသက်သာလာတာကို တွေ့ရပါလိမ့်မယ်။

4.  နို့်အေး

ဂွမ်းဖတ်ကိုအအေးခံထားတဲ့ နို့ထဲမှာစိမ်ကာ ဒါမှမဟုတ် ရေခဲရေထဲမှာစိမ်ကာ ယင်းဂွမ်းဖတ်ကို မျက်လုံးပေါ်သို့ ခဏကြာဖုံးအုပ်ထားပါ။ ပြီးနောက် ရေဆေးချပါ။

5.  လိမ္မော်ရည်

လိမ္မော်ရည်ကိုအလှဆီတစ်စက်၊ နှစ်စက်ရောပြီး မျက်ကွင်းညိုတဲ့နေရာပေါ်လိမ်းပေးပါ။ မျက်ကွင်းညိုတာပျောက်စေရုံသာမက မျက်လုံးကိုပါကြည်လင်စေပါတယ်။

6.  ယောဂ/တရားထိုင်ခြင်း

မျက်ကွင်းညိုတာက စိတ်ဖိစီးမှုကြောင့်အဖြစ်များတာကြောင့် စိတ်ဖိစီးမှုပြေလျော့စေဖို့ ယောဂကျင့်တာ၊ တရားထိုင်တာ ပြုလုပ်ပေးသင့်ပါတယ်။ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း ပုံမှန်ပြုလုပ်ပေးပါက မျက်ကွင်းညိုတာ သက်သာစေတဲ့အပြင် စိတ်ကိုတည်ငြိမ်အေးချမ်းစေနိုင်ပါတယ်။

Credit : DrMyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top