iMyanmarHouse.com - Best Property Website for Myanmar
×

ေလျဖတ္ထားေသာသက္ႀကီးရြယ္အိုမ်ား ေသြးအားနည္းေရာ ဂါခံစားရပါက အသက္ေသဆံုးႏုိင္သည့္ အႏၲရာယ္ပုိမ်ားလာႏုိင္ သည္ဟု American Heart Association ဂ်ာနယ္တြင္ ေဖာ္ျပထား ေသာ ေလ့လာမႈအသစ္တစ္ခုအရ သိရသည္။

ေလျဖတ္ထားသူအားလံုး၏ ၈၇ ရာခုိင္ႏႈန္းသည္ ေသြးလည္ ပတ္မႈအေႏွာင့္အယွက္ျဖစ္ေပၚကာ ေအာက္ဆီဂ်င္ပါေသာ ေသြးကုိဦးေႏွာက္သုိ႔ ပို႔ေဆာင္ေပးသည့္ ေသြးေၾကာမ်ား ပိတ္ဆို႔မႈျဖစ္ေပၚ လာသည္။ ဦးေႏွာက္ထဲရိွ ေသြးေၾကာမွ ယိုစိမ့္ျခင္း (သုိ႔မဟုတ္) ေပါက္ၿပဲျခင္းျဖစ္ေပၚလာပါက ယင္းအေျခအေနကုိ ေသြးဆံုး႐ႈံးမႈဆုိင္ရာ ေလျဖတ္ျခင္းဟု ေခၚသည္။

ၿဗိတိန္ႏုိင္ငံရိွ အဘာဒင္းတကၠသုိလ္မွ ေဒါက္တာၿဖိဳးျမင့္ ဦး ေဆာင္ေသာ သုေတသီမ်ားအဖြဲ႕၏ အဆိုအရ ေလျဖတ္ထားဖူး ေသာ လူနာအမ်ားအျပားသည္ ေသြးအားနည္းေသာေရာဂါရိွတတ္ ေၾကာင္း သိရသည္။

ေသြးနီဥမ်ား (သို႔မဟုတ္) ေဟမိုဂလုိဘင္ပမာဏနည္းပါးေန ေသာ အေျခအေနကို ေသြးအားနည္းသည္ဟု သတ္မွတ္ၿပီး ယင္း အေျခအေနေၾကာင့္ ခႏၶာကုိယ္၏ ကုိယ္တြင္းအဂၤါမ်ားႏွင့္ တစ္သ်ွဴး မ်ားသုိ႔ ပို႔ေဆာင္ေပးရေသာ ေအာက္ဆီဂ်င္ပမာဏေလ်ာ့က်သြား သည္။ ေသြးအားနည္းေရာဂါ၏ လကၡဏာမ်ားတြင္ ေမာပန္းႏြမ္းနယ္ ျခင္း၊ ေခါင္းကိုက္ျခင္း၊ အသားအေရေဖ်ာ့ေတာ့ျခင္း၊ မူးေ၀ျခင္း၊ အသက္႐ွဴရခက္ျခင္း၊ ေျခဖ်ားလက္ဖ်ားေအးျခင္းႏွင့္ ရင္ဘတ္နာ က်င္ျခင္းတို႔ျဖစ္သည္။

မည္သည့္အသက္အရြယ္တြင္မဆို ေသြးအားနည္းေရာဂါျဖစ္ ႏုိင္ၿပီး ကုိယ္၀န္ေဆာင္အမ်ိဳးသမီးမ်ား၊ အသက္အရြယ္ႀကီးသူမ်ား ယင္းအေျခအေနႏွင့္ ႀကံဳေတြ႕ႏုိင္ေျခပိုမ်ားသည္။

ေဒါက္တာၿဖိဳးျမင့္ႏွင့္ သုေတသီမ်ားက ေလျဖတ္ၿပီးေနာက္ ေသဆံုးႏုိင္မႈအေပၚ ေသြးအားနည္းေရာဂါ မည္သုိ႔လႊမ္းမုိးမႈရိွ ေၾကာင္း ေလ့လာခဲ့ျခင္းျဖစ္သည္။

သုေတသီမ်ားက ၂၀၁၃-၁၅ ၾကား ျပင္းထန္ေသာ ေလျဖတ္ ေရာဂါျဖင့္ ေဆး႐ံုတင္ရသူမ်ား၏ ပ်မ္းမွ်အသက္အရြယ္ (၇၇) ႏွစ္ရိွ သူ ၈,၀၀၀ ေက်ာ္၏ အခ်က္အလက္မ်ားကုိ ေလ့လာခဲ့သည္။

ေအာက္ဆီဂ်င္သယ္ေဆာင္သည့္ ေသြးနီဥမ်ားထဲရိွ ပ႐ိုတိန္း တစ္မ်ိဳးျဖစ္ေသာ ေဟမုိဂလိုဘင္ပမာဏသည္ ေလျဖတ္ၿပီးေနာက္ တစ္ႏွစ္အတြင္း ေသဆံုးႏုိင္သည့္ အႏၲရာယ္အေပၚ လႊမ္းမုိးမႈရိွ ေၾကာင္း သုေတသီမ်ားေလ့လာေတြ႕ရိွခဲ့သည္။

ေလျဖတ္ထားေသာ လူနာမ်ား၏ ၂၅ ရာခုိင္ႏႈန္းသည္ ေသြးအားနည္းေရာဂါ ခံစားရေသာေၾကာင့္ တစ္ႏွစ္အတြင္း ေသဆံုးႏုိင္ သည့္ အႏၲရာယ္ျမင့္မားလာသည္။

ျပင္းထန္ေသာ ေလျဖတ္ျခင္း ႀကံဳေတြ႕ခဲ့ရသူမ်ားသည္ ေသြး အားနည္းေရာဂါလည္း ခံစားေနရပါက ေသြးအားနည္းေရာဂါမရိွ ေသာ ေလျဖတ္ေ၀ဒနာသည္မ်ားထက္ ေသဆံုးႏုိင္သည့္ အႏၲရာယ္ ႏွစ္ဆပိုမ်ားေၾကာင္း ေဒါက္တာၿဖိဳးျမင့္ ဦးေဆာင္ေသာ သုေတသီ မ်ားက ေျပာသည္။

ထို႔အျပင္ ေသြးနီဥပမာဏမ်ားျပားေသာ ေလျဖတ္ေ၀ဒနာရွင္ မ်ားလည္း ေလျဖတ္ၿပီး တစ္လအၾကာတြင္ ေသဆံုးႏုိင္ေၾကာင္း သုေတသီမ်ားေလ့လာေတြ႕ရိွခဲ့သည္။ ယင္းေၾကာင့္ ေသြးအားနည္း ေရာဂါရိွသူမ်ားႏွင့္ ေသြးနီဥပမာဏျမင့္မားေသာ ေလျဖတ္ေ၀ဒနာ ရွင္မ်ားအားလံုး ေသဆံုးႏုိင္သည့္ အႏၲရာယ္ပိုမ်ားေၾကာင္း သုေတ သီမ်ားက ေျပာသည္။ သံဓာတ္ခ်ဳိ႕တဲ့မႈေၾကာင့္ ေသြးအားနည္းႏုိင္ၿပီး ေသြးအားနည္းျခင္းေၾကာင့္ အျခားက်န္းမာေရးဆိုးက်ိဳးမ်ား ႀကံဳေတြ႕ရႏုိင္သည္။ 

Credit : 7Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လေဖြတ်ထားသောသက်ကြီးရွယ်အိုများ သွေးအားနည်းရော ဂါခံစားရပါက အသက်သေဆုံးနိုင်သည့် အန္တရာယ်ပိုများလာနိုင် သည်ဟု American Heart Association ဂျာနယ်တွင် ဖော်ပြထား သော လေ့လာမှုအသစ်တစ်ခုအရ သိရသည်။

လေဖြတ်ထားသူအားလုံး၏ ၈၇ ရာခိုင်နှုန်းသည် သွေးလည် ပတ်မှုအနှောင့်အယှက်ဖြစ်ပေါ်ကာ အောက်ဆီဂျင်ပါသော သွေးကိုဦးနှောက်သို့ ပို့ဆောင်ပေးသည့် သွေးကြောများ ပိတ်ဆို့မှုဖြစ်ပေါ် လာသည်။ ဦးနှောက်ထဲရှိ သွေးကြောမှ ယိုစိမ့်ခြင်း (သို့မဟုတ်) ပေါက်ပြဲခြင်းဖြစ်ပေါ်လာပါက ယင်းအခြေအနေကို သွေးဆုံးရှုံးမှုဆိုင်ရာ လေဖြတ်ခြင်းဟု ခေါ်သည်။

ဗြိတိန်နိုင်ငံရှိ အဘာဒင်းတက္ကသိုလ်မှ ဒေါက်တာဖြိုးမြင့် ဦး ဆောင်သော သုတေသီများအဖွဲ့၏ အဆိုအရ လေဖြတ်ထားဖူး သော လူနာအများအပြားသည် သွေးအားနည်းသောရောဂါရှိတတ် ကြောင်း သိရသည်။

သွေးနီဥများ (သို့မဟုတ်) ဟေမိုဂလိုဘင်ပမာဏနည်းပါးနေ သော အခြေအနေကို သွေးအားနည်းသည်ဟု သတ်မှတ်ပြီး ယင်း အခြေအနေကြောင့် ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါများနှင့် တစ်သျှူး များသို့ ပို့ဆောင်ပေးရသော အောက်ဆီဂျင်ပမာဏလျော့ကျသွား သည်။ သွေးအားနည်းရောဂါ၏ လက္ခဏာများတွင် မောပန်းနွမ်းနယ် ခြင်း၊ ခေါင်းကိုက်ခြင်း၊ အသားအရေဖျော့တော့ခြင်း၊ မူးဝေခြင်း၊ အသက်ရှူရခက်ခြင်း၊ ခြေဖျားလက်ဖျားအေးခြင်းနှင့် ရင်ဘတ်နာ ကျင်ခြင်းတို့ဖြစ်သည်။

မည်သည့်အသက်အရွယ်တွင်မဆို သွေးအားနည်းရောဂါဖြစ် နိုင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အသက်အရွယ်ကြီးသူများ ယင်းအခြေအနေနှင့် ကြုံတွေ့နိုင်ခြေပိုများသည်။

ဒေါက်တာဖြိုးမြင့်နှင့် သုတေသီများက လေဖြတ်ပြီးနောက် သေဆုံးနိုင်မှုအပေါ် သွေးအားနည်းရောဂါ မည်သို့လွှမ်းမိုးမှုရှိ ကြောင်း လေ့လာခဲ့ခြင်းဖြစ်သည်။

သုတေသီများက ၂၀၁၃-၁၅ ကြား ပြင်းထန်သော လေဖြတ် ရောဂါဖြင့် ဆေးရုံတင်ရသူများ၏ ပျမ်းမျှအသက်အရွယ် (၇၇) နှစ်ရှိ သူ ၈,၀၀၀ ကျော်၏ အချက်အလက်များကို လေ့လာခဲ့သည်။

အောက်ဆီဂျင်သယ်ဆောင်သည့် သွေးနီဥများထဲရှိ ပရိုတိန်း တစ်မျိုးဖြစ်သော ဟေမိုဂလိုဘင်ပမာဏသည် လေဖြတ်ပြီးနောက် တစ်နှစ်အတွင်း သေဆုံးနိုင်သည့် အန္တရာယ်အပေါ် လွှမ်းမိုးမှုရှိ ကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။

လေဖြတ်ထားသော လူနာများ၏ ၂၅ ရာခိုင်နှုန်းသည် သွေးအားနည်းရောဂါ ခံစားရသောကြောင့် တစ်နှစ်အတွင်း သေဆုံးနိုင် သည့် အန္တရာယ်မြင့်မားလာသည်။

ပြင်းထန်သော လေဖြတ်ခြင်း ကြုံတွေ့ခဲ့ရသူများသည် သွေး အားနည်းရောဂါလည်း ခံစားနေရပါက သွေးအားနည်းရောဂါမရှိ သော လေဖြတ်ဝေဒနာသည်များထက် သေဆုံးနိုင်သည့် အန္တရာယ် နှစ်ဆပိုများကြောင်း ဒေါက်တာဖြိုးမြင့် ဦးဆောင်သော သုတေသီ များက ပြောသည်။

ထို့အပြင် သွေးနီဥပမာဏများပြားသော လေဖြတ်ဝေဒနာရှင် များလည်း လေဖြတ်ပြီး တစ်လအကြာတွင် သေဆုံးနိုင်ကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။ ယင်းကြောင့် သွေးအားနည်း ရောဂါရှိသူများနှင့် သွေးနီဥပမာဏမြင့်မားသော လေဖြတ်ဝေဒနာ ရှင်များအားလုံး သေဆုံးနိုင်သည့် အန္တရာယ်ပိုများကြောင်း သုတေ သီများက ပြောသည်။ သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းနိုင်ပြီး သွေးအားနည်းခြင်းကြောင့် အခြားကျန်းမာရေးဆိုးကျိုးများ ကြုံတွေ့ရနိုင်သည်။ 

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top