iMyanmarHouse.com - Best Property Website for Myanmar
×

ေန႔တိုင္း ဘီယာႏွစ္ခြက္ထက္ ပိုေသာက္တဲ႔ သက္လတ္ပိုင္း အမ်ိဳးသားေတြမွာ မွတ္ဉာဏ္ဆံုး႐ႈံးႏိုင္မႈ အႏၱရာယ္ျမင္႔တယ္လို႔ မၾကာေသးမီက ျပဳလုပ္ခဲ႔တဲ႔ သုေတသနရပ္က ဆိုပါတယ္။

လန္ဒန္ေကာလိပ္တကၠသိုလ္က သိပၸံပညာ႐ွင္ေတြဟာ ၿဗိတိန္ႏိုင္ငံသား အမ်ိဳးသား ၅၀၀၀ ေက်ာ္နဲ႔ ႏွစ္ ၂၀ ၾကာေအာင္ ေလ႔လာမႈျပဳခဲ႔ရာ ဘီယာအရမ္းေသာက္တဲ႔ သက္လတ္ပိုင္းအမ်ိဳးသားေတြမွာ မွတ္ဉာဏ္ ထိခိုက္မႈအႏၱရာယ္ ျမင္႔တယ္လို႔ ေတြ႔႐ွိခဲ႔ၾကပါတယ္။

ေတာ္႐ံုတန္႐ံု အရက္ေသာက္ရင္၊ ဘီယာႏွစ္ခြက္ေအာက္ နည္းေသာက္ရင္ ျပႆနာေျဖ႐ွင္းႏိုင္မႈနဲ႔ ခ်င္႔ခ်ိန္ႏိုင္စြမ္းစတဲ႔ မွတ္ဉာဏ္ပိုင္းကို မထိခိုက္ႏိုင္ပါဘူး။

ေန႔စဥ္ဘီယာ ၂ခြက္ထက္ပို ေသာက္လာတဲ႔ သတ္လက္ပိုင္း အမ်ိဳးသားေတြရဲ႕ မွတ္ဉာဏ္ျပန္ေခၚႏိုင္စြမ္းဟာ ႏွစ္၂၀ေက်ာ္လာတဲ႔အခါ မျဖစ္ထြန္းေတာ႔တာကို သိပၸံပညာ႐ွင္ေတြက ေတြ႕႐ွိခဲ႔ၾကပါတယ္။ ဒီ႔အျပင္ အသက္ ၆ႏွစ္ ပိုႀကီးရင္႔မႈ၊ အာ႐ံုစိုက္ႏိုင္စြမ္း နဲ႔ သံုးသပ္ဆင္ျခင္ႏိုင္စြမ္း ေလ်ာ႔နည္းလာမႈ ေတြကိုလည္း ေတြ႕႐ွိရပါတယ္။

ဒီေလ႔လာမႈမွာ လြန္ခဲ႔တဲ႔ ၁၀ႏွစ္ေက်ာ္ ၁၉၉၀ျပည္႔လြန္ႏွစ္ေတြက လူေပါင္း ၅၀၅၄ေယာက္ရဲ႕  အေသာက္အစား အေလ႔အက်င္႔ေတြကိုပါ ေျခရာေကာက္ထားခ်က္ေတြလည္း ပါတယ္လို႔ သိရပါတယ္။

Credit:သစ္ထူးလြင္

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

နေ့တိုင်း ဘီယာနှစ်ခွက်ထက် ပိုသောက်တဲ့ သက်လတ်ပိုင်း အမျိုးသားတွေမှာ မှတ်ဉာဏ်ဆုံးရှုံးနိုင်မှု အန္တရာယ်မြင့်တယ်လို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနရပ်က ဆိုပါတယ်။

လန်ဒန်ကောလိပ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ ဗြိတိန်နိုင်ငံသား အမျိုးသား ၅၀၀၀ ကျော်နဲ့ နှစ် ၂၀ ကြာအောင် လေ့လာမှုပြုခဲ့ရာ ဘီယာအရမ်းသောက်တဲ့ သက်လတ်ပိုင်းအမျိုးသားတွေမှာ မှတ်ဉာဏ် ထိခိုက်မှုအန္တရာယ် မြင့်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

တော်ရုံတန်ရုံ အရက်သောက်ရင်၊ ဘီယာနှစ်ခွက်အောက် နည်းသောက်ရင် ပြဿနာဖြေရှင်းနိုင်မှုနဲ့ ချင့်ချိန်နိုင်စွမ်းစတဲ့ မှတ်ဉာဏ်ပိုင်းကို မထိခိုက်နိုင်ပါဘူး။

နေ့စဉ်ဘီယာ ၂ခွက်ထက်ပို သောက်လာတဲ့ သတ်လက်ပိုင်း အမျိုးသားတွေရဲ့ မှတ်ဉာဏ်ပြန်ခေါ်နိုင်စွမ်းဟာ နှစ်၂၀ကျော်လာတဲ့အခါ မဖြစ်ထွန်းတော့တာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။ ဒီ့အပြင် အသက် ၆နှစ် ပိုကြီးရင့်မှု၊ အာရုံစိုက်နိုင်စွမ်း နဲ့ သုံးသပ်ဆင်ခြင်နိုင်စွမ်း လျော့နည်းလာမှု တွေကိုလည်း တွေ့ရှိရပါတယ်။

ဒီလေ့လာမှုမှာ လွန်ခဲ့တဲ့ ၁၀နှစ်ကျော် ၁၉၉၀ပြည့်လွန်နှစ်တွေက လူပေါင်း ၅၀၅၄ယောက်ရဲ့  အသောက်အစား အလေ့အကျင့်တွေကိုပါ ခြေရာကောက်ထားချက်တွေလည်း ပါတယ်လို့ သိရပါတယ်။

Credit:သစ်ထူးလွင်

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top