iMyanmarHouse.com - Best Property Website for Myanmar
×

Florida Gulf Coast တကၠသိုလ္က သုေတသီေတြက ဥာဏ္ေကာင္းလြန္းတဲ့သူေတြက ပ်င္းရိတတ္တယ္ဆုိတဲ့အေၾကာင္း အေကာင္းဆုံး သုေတသနအုပ္စုတစ္ခုကို အသုံးျပဳျပီး သက္ေသျပခဲ့ပါတယ္။ သင္ကပ်င္းရိတတ္သူတစ္ေယာက္ဆုိရင္ သင့္အတြက္ သတင္းေကာင္းျဖစ္ႏုိင္ပါတယ္။ သင္က ဥာဏ္အရမ္းေကာင္းတဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ေတာ္ရုံဥာဏ္ေကာင္းတဲ့သူတစ္ေယာက္ မဟုတ္ဘဲ မပ်င္းတဲ့သူေတြထက္ပိုျပီး ဥာဏ္ေကာင္းတဲ့သူတစ္ေယာက္လို႔ေတာင္ ေျပာႏုိင္ပါတယ္တဲ့။

သုေတသီေတြက စဥ္းစားတာကို ပုိျပီးအေလးေပးတဲ့အုပ္စုနဲ႔ စဥ္းစားျပီးတာနဲ႔ အေကာင္အထည္ေဖာ္ရတာကို ႏွစ္သက္တဲ့ အုပ္စုႏွစ္စုဆုိျပီး ခြဲျခားေလ့လာခဲ့ပါတယ္။ ေနာက္ျပီး သူတုိ႔ရဲ႕ လႈပ္ရွားမႈေတြနဲ႔ ရလာတဲ့အေတြးေတြကို ေစာင့္ၾကည့္မွတ္တမ္းတင္ခဲ့ပါတယ္။အခ်ိန္ ၇ ရက္ၾကာျပီးေနာက္မွာ ရလဒ္ေတြရရွိခဲ့ပါတယ္။ အေတြးအေခၚေကာင္းေတြထြက္တဲ့ အေတြးသမားေတြက သိပ္မေတြးတတ္တဲ့သူေတြထက္ လႈပ္ရွားမႈနည္းတာကို ေတြ႔ရွိခဲ့ရပါတယ္။ ဒီေနရာမွာ ပ်င္းတယ္ဆုိတာက တကယ္ေတာ့ လႈပ္ရွားတက္ၾကြမႈနည္းတာကို ဆုိလိုခ်င္တာျဖစ္ပါတယ္။

ဒီအဓိပၸါယ္ကိုိ သိပၸံပညာရွင္ေတြက ဆန္းစစ္ရင္း အေျဖရရွိခဲ့ပါတယ္။ ဥာဏ္အရမ္းထက္ျမက္လြန္းတဲ့သူေတြက ပိုျပီး ပ်င္းတယ္လို႔ထင္ရတာက အေၾကာင္းအရာတစ္ခုခုအေပၚကို အခ်ိန္ၾကာၾကာ ေလးေလးနက္နက္ အာရုံစူးစုိက္ထားတဲ့အတြက္ျဖစ္ပါတယ္။ ဦးေႏွာက္က အေတြးေပၚမွာ ေရာက္ေနတဲ့အတြက္ ခႏၶာကိုယ္လႈပ္ရွားမႈနည္းသြားတာ ျဖစ္ပါတယ္။ တနည္းေျပာရရင္ ဥာဏ္ေကာင္းတဲ့သူေတြက စာဖတ္ရင္း၊ တေရးတေမာအိပ္ရင္း၊ ေငးေမာေနရင္းနဲ႔ စဥ္းစားေတြးေခၚေနတာျဖစ္ပါတယ္။ ဥာဏ္မေကာင္းတဲ့သူေတြကေတာ့ ေခါင္းထဲက စဥ္းစားေနရတာကုိ ပိုပင္ပန္းသလိုခံစားရျပီး မေတြးေတာ့ဘဲ အလုပ္ပဲထလုပ္လုိက္တာ ပိုလြယ္တယ္လို႔ ခံစားမိတဲ့သူေတြ ျဖစ္ပါတယ္။

ကိုယ္ေန႔လည္ တေရးအိပ္တာ၊ ပက္လက္ကုလားထုိင္မွာ ေတြေတြေငးေငးနဲ႔ ထုိင္ေနတတ္တာေတြကုိ အတင္းေျပာတတ္တဲ့သူေတြကို ဒီသုေတသနရလဒ္ေလးေတြဖတ္ျပျပီး ပ်င္းတယ္လို႔ထင္ရတာက ဦးေႏွာက္ထဲမွာ အျပင္းအထန္အလုပ္ေပးေနတဲ့အတြက္ ျဖစ္ပါတယ္ဆုိတာကုိ အသိေပး မွ်ေဝေပးလိုက္ပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

Florida Gulf Coast တက္ကသိုလ်က သုတေသီတွေက ဉာဏ်ကောင်းလွန်းတဲ့သူတွေက ပျင်းရိတတ်တယ်ဆိုတဲ့အကြောင်း အကောင်းဆုံး သုတေသနအုပ်စုတစ်ခုကို အသုံးပြုပြီး သက်သေပြခဲ့ပါတယ်။ သင်ကပျင်းရိတတ်သူတစ်ယောက်ဆိုရင် သင့်အတွက် သတင်းကောင်းဖြစ်နိုင်ပါတယ်။ သင်က ဉာဏ်အရမ်းကောင်းတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။တော်ရုံဉာဏ်ကောင်းတဲ့သူတစ်ယောက် မဟုတ်ဘဲ မပျင်းတဲ့သူတွေထက်ပိုပြီး ဉာဏ်ကောင်းတဲ့သူတစ်ယောက်လို့တောင် ပြောနိုင်ပါတယ်တဲ့။

သုတေသီတွေက စဉ်းစားတာကို ပိုပြီးအလေးပေးတဲ့အုပ်စုနဲ့ စဉ်းစားပြီးတာနဲ့ အကောင်အထည်ဖော်ရတာကို နှစ်သက်တဲ့ အုပ်စုနှစ်စုဆိုပြီး ခွဲခြားလေ့လာခဲ့ပါတယ်။ နောက်ပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ ရလာတဲ့အတွေးတွေကို စောင့်ကြည့်မှတ်တမ်းတင်ခဲ့ပါတယ်။အချိန် ၇ ရက်ကြာပြီးနောက်မှာ ရလဒ်တွေရရှိခဲ့ပါတယ်။ အတွေးအခေါ်ကောင်းတွေထွက်တဲ့ အတွေးသမားတွေက သိပ်မတွေးတတ်တဲ့သူတွေထက် လှုပ်ရှားမှုနည်းတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီနေရာမှာ ပျင်းတယ်ဆိုတာက တကယ်တော့ လှုပ်ရှားတက်ကြွမှုနည်းတာကို ဆိုလိုချင်တာဖြစ်ပါတယ်။

ဒီအဓိပ္ပါယ်ကို သိပ္ပံပညာရှင်တွေက ဆန်းစစ်ရင်း အဖြေရရှိခဲ့ပါတယ်။ ဉာဏ်အရမ်းထက်မြက်လွန်းတဲ့သူတွေက ပိုပြီး ပျင်းတယ်လို့ထင်ရတာက အကြောင်းအရာတစ်ခုခုအပေါ်ကို အချိန်ကြာကြာ လေးလေးနက်နက် အာရုံစူးစိုက်ထားတဲ့အတွက်ဖြစ်ပါတယ်။ ဦးနှောက်က အတွေးပေါ်မှာ ရောက်နေတဲ့အတွက် ခန္ဓာကိုယ်လှုပ်ရှားမှုနည်းသွားတာ ဖြစ်ပါတယ်။ တနည်းပြောရရင် ဉာဏ်ကောင်းတဲ့သူတွေက စာဖတ်ရင်း၊ တရေးတမောအိပ်ရင်း၊ ငေးမောနေရင်းနဲ့ စဉ်းစားတွေးခေါ်နေတာဖြစ်ပါတယ်။ ဉာဏ်မကောင်းတဲ့သူတွေကတော့ ခေါင်းထဲက စဉ်းစားနေရတာကို ပိုပင်ပန်းသလိုခံစားရပြီး မတွေးတော့ဘဲ အလုပ်ပဲထလုပ်လိုက်တာ ပိုလွယ်တယ်လို့ ခံစားမိတဲ့သူတွေ ဖြစ်ပါတယ်။

ကိုယ်နေ့လည် တရေးအိပ်တာ၊ ပက်လက်ကုလားထိုင်မှာ တွေတွေငေးငေးနဲ့ ထိုင်နေတတ်တာတွေကို အတင်းပြောတတ်တဲ့သူတွေကို ဒီသုတေသနရလဒ်လေးတွေဖတ်ပြပြီး ပျင်းတယ်လို့ထင်ရတာက ဦးနှောက်ထဲမှာ အပြင်းအထန်အလုပ်ပေးနေတဲ့အတွက် ဖြစ်ပါတယ်ဆိုတာကို အသိပေး မျှဝေပေးလိုက်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top