iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ေပါင္းသင္းေနတဲ့ သူငယ္ခ်င္းေတြထဲမွာ ကိုယ့္ရဲ႕အားလပ္ခ်ိန္ေတြ ဖဲ့ေေပးျပီး ေပါင္းသင္းေလာက္ရေအာင္ မထိုက္တန္တဲ့သူေတြ ရွိေနပါတယ္။ သူတုိ႔ေတြအတြက္ အခ်ိန္ေပးမယ့္အစား အျခားအက်ိဳးရွိမယ့္ အရာတစ္ခုခုကို လုပ္လိုက္တာက ပိုေကာင္းပါတယ္။ ဘယ္လို သူငယ္ခ်င္းမ်ိဳးေတြက သင့္အတြက္ အခ်ိန္ၾကာေလ စိတ္ပ်က္စရာေကာင္းေစလိမ့္မလဲဆိုတာ ေျပာျပေပးရရင္ေတာ့

၁။ကိုယ့္အစီအစဥ္ေတြကို မသိမသာ လုိက္ဖ်က္ေနတတ္သူ

တစ္ခါတစ္ေလ သူငယ္ခ်င္းေတြနဲ႔ မဟုတ္ပဲ ခ်စ္သူနဲ႔ေတြ႕ရမယ့္အခ်ိန္ ကိုယ့္ဆီ ဘြားခနဲေပၚလာျပီး ဘယ္သြားမယ္၊ ဘာလုပ္မယ္ အတင္းႀကီး လိုက္စီစဥ္ပစ္လိုက္တဲ့ သူငယ္ခ်င္းမ်ိဳး ႀကံဳဖူးပါသလား။ ဒါမွမဟုတ္လည္း မိသားစုကို အခ်ိန္ေပးမယ္လို႔ စဥ္းစားလိုက္တာနဲ႔ ကိုယ့္ကို အျပင္အတင္းေခၚထုတ္သြားတတ္တဲ့ သူငယ္ခ်င္းမ်ိဳးေပါ့။ ကိုယ္စီစဥ္ထားတာေတြ သိရဲ႕နဲ႔ ကိုယ့္ကိုသူနဲ႔အတူ အေဖာ္လိုက္ေပးဖုိ႔၊ အခ်ိန္ျဖဳန္းေပးဖုိ႔ အတင္းျပဳမူလုပ္ေဆာင္ေနတဲ့ သူငယ္ခ်င္းမ်ိဳးဟာ တကယ္ကို စိတ္ပ်က္စရာေကာင္းတဲ့သူပါ။ သူဟာ ကိုယ့္အေပၚ ဘာေလးစားမႈ၊ နားလည္မႈမွ ေပးႏိုင္မယ့္သူ မဟုတ္ဘူးဆုိတာ ေသခ်ာေနပါတယ္။

၂။သူ႔အေၾကာင္းကိုခ်ည္း နင္းကန္ေျပာတတ္သူ

သင္က သင့္အေၾကာင္း တစ္ခုခု ေျပာလိုက္တယ္ ဆိုပါစို႔။ ဥပမာ ေနာက္တစ္ပတ္က်ရင္ တစ္ေနရာရာကို ခရီးသြားမယ္ ဆိုတာမ်ိဳးေပါ့။ သူက ကိုယ့္အေၾကာင္းဆက္နားမေထာင္ေတာ့ပဲ သူအဲ့ဒီေနရာကို ဘယ္တုန္းကေရာက္ျပီး၊ ဘာေတြလုပ္တယ္၊ ဘာျဖစ္တယ္ ဆုိတာ ဆက္တုိက္ေျပာဆိုေနတတ္တဲ့ သူငယ္ခ်င္းမ်ိဳး၊ ကုိယ့္အေၾကာင္း နည္းနည္းေလး စမေျပာလိုက္နဲ႔ ကိုယ္က ေျပာရမယ္မရွိပဲ သူခ်ည္း ဖိေျပာေနတတ္တာမ်ိဳးဟာ အေတာ္စိတ္ပ်က္စရာ ေကာင္းတာပါ။ အထူးသျဖင့္ သူဟာ တစ္ဖက္လူစကားကို အေလးေပးနားေထာင္ရမယ္ဆုိတဲ့ အေျခခံအသိေလးေတာင္ မရွိပါဘူး။

၃။သူနဲ႔အတူ မူးယစ္ေဆး၀ါးသံုးၾကည့္ဖုိ႔ ကိုယ့္ကိုအတင္းဖိအားေပးတတ္သူ

သူနဲ႔မေတြ႕လိုက္နဲ႔၊ ေတြ႕တာနဲ႔ သူသံုးတဲ့ မူးယစ္ေဆး၀ါးတစ္ခုခုကို သူနဲ႔အတူသံုးဖုိ႔ သင့္ကို ဖိအားေပးတတ္သူဟာ မေပါင္းအပ္တဲ့ သူငယ္ခ်င္းပါပဲ။ အနည္းဆံုးေတာ့ သင့္ရဲ႕ဆံုးျဖတ္ခ်က္အတုိင္းသာ ရွိသင့္ပါတယ္။ လုပ္ေဆာင္သင့္ပါတယ္။

၄။ကိုယ္စိတ္၀င္စားေနတဲ့ သူကို ကိုယ္ႀကိဳက္ေနမွန္းသိသိရက္နဲ႔ အတင္းလိုက္ကပ္ေနတဲ့ သူ

သူငယ္ခ်င္းဆိုတာ တစ္ေယာက္ရဲ႕ခံစားခ်က္ကို တစ္ေယာက္နာက်င္ေအာင္ေတာ့ မလုပ္တတ္ၾကပါဘူး။ အထူးသျဖင့္ အခ်စ္ေရးမွာဆုိရင္လည္း ကုိယ့္သူငယ္ခ်င္း စိတ္၀င္စားေနတဲ့သူကို ကုိယ္ကသိသိရက္နဲ႔ အတင္းလိုက္ေရာ၊ လိုက္ကပ္ျပီး ကုိယ့္ကိုႀကိဳက္ေအာင္ လုပ္တာမ်ိဳးဆိုတာ ဘယ္လိုမွ မလုပ္သင့္၊ မျဖစ္သင့္တဲ့အရာပါ။

၅။သင့္ဘ၀အတြက္ အခက္အခဲႀကီးႀကီးမားမား ရွိေနခ်ိန္ သင့္ကို အဖက္ေတာင္ မလုုပ္တဲ့သူ

ဘ၀အတြက္ အေျပာင္းအလဲျဖစ္ေစမယ့္ အရာေတြ သင္လုပ္ေဆာင္ေနရတဲ့အခ်ိန္၊ ဒါမွမဟုတ္ အခက္အခဲေတြႀကံဳေနရခ်ိန္ သင့္ေဘးမွာ မရွိတဲ့ သူငယ္ခ်င္း၊ သင္အေရးတႀကီးလိုအပ္ေနခ်ိန္ေတာင္ သင့္ဆီ ေရာက္မလာႏိုင္တဲ့ သူငယ္ခ်င္းမ်ိဳးကိုေတာ့ သင့္စိတ္ထဲမွာ ဘာလုိ႔အေရးေပးေနေတာ့မွာလဲ။

၆။ သူနဲ႔မခင္တဲ့ သင့္ရဲ႕အျခားသူငယ္ခ်င္းေတြကို အျမဲအျပစ္ေျပာဆုိေ၀ဖန္တတ္သူ

လူတုိင္းဟာ ေတြ႕လိုက္တာနဲ႔ကို ခင္မင္ရင္းႏွီးသြားရမယ္လို႔ မဟုတ္ေပမယ့္ သူကေတာ့ အဆိုးျမင္၀ါဒီသမားသက္သက္ျဖစ္ေနတာပါ။ အထူးသျဖင့္ သင့္ရဲ႕အျခားေသာ သူငယ္ခ်င္းေတြကို သူၾကည့္မရတာမ်ိဳး၊ သင့္အလုပ္ကလူေတြဆုိ အေကာင္းမေျပာတာမ်ိဳး၊ သူနဲ႔အဆင္ေျပတဲ့သူဆုိလို႔ သင္ကလြဲျပီး အျခားမရွိႏိုင္ေတာ့ပါဘူး။

၇။သင့္ကို မနာလိုျဖစ္ျပီး သင့္အတြက္ ဘယ္ေတာ့မွ ေပ်ာ္ရႊင္မေပးႏိုင္သူ

သင္တစ္ခုခုကို ေအာင္ေအာင္ျမင္ျမင္ လုပ္ေဆာင္ႏိုင္တုိင္း သူ ဘယ္ေတာ့မွ ခ်ီးမြမ္းေျပာဆုိတာမ်ိဳး မရွိေပမယ့္ မ်က္ႏွာပ်က္သြားတာမ်ိဳးေတာ့ အခါခါပါ။ အဲ့ဒီအခ်ိန္ သင္နဲ႔စကားမေျပာခ်င္ေတာ့သလိုလုိ လုပ္ပစ္တာမ်ိဳးလညး္ သင္ႀကံဳရႏိုင္ပါ တယ္။ သူငယ္ခ်င္းျဖစ္ျပီး သင္နဲ႔အတူ လိုက္ျပိဳင္ေနတယ္လုိ႔ ခံစားရရင္ေတာ့ သူငယ္ခ်င္းစာရင္းကသာ အျမန္ထုတ္ပစ္လိုက္ပါ။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ်ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေထဲမှာ ကိုယ့်ရဲ့အားလပ်ချိန်တွေ ဖဲ့ေပေးပြီး ပေါင်းသင်းလောက်ရအောင် မထိုက်တန်တဲ့သူတွေ ရှိနေပါတယ်။ သူတို့တွေအတွက် အချိန်ပေးမယ့်အစား အခြားအကျိုးရှိမယ့် အရာတစ်ခုခုကို လုပ်လိုက်တာက ပိုကောင်းပါတယ်။ ဘယ်လို သူငယ်ချင်းမျိုးတွေက သင့်အတွက် အချိန်ကြာလေ စိတ်ပျက်စရာကောင်းစေလိမ့်မလဲဆိုတာ ပြောပြပေးရရင်တော့

၁။ကိုယ့်အစီအစဉ်တွေကို မသိမသာ လိုက်ဖျက်နေတတ်သူ

တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ မဟုတ်ပဲ ချစ်သူနဲ့တွေ့ရမယ့်အချိန် ကိုယ့်ဆီ ဘွားခနဲပေါ်လာပြီး ဘယ်သွားမယ်၊ ဘာလုပ်မယ် အတင်းကြီး လိုက်စီစဉ်ပစ်လိုက်တဲ့ သူငယ်ချင်းမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ်လည်း မိသားစုကို အချိန်ပေးမယ်လို့ စဉ်းစားလိုက်တာနဲ့ ကိုယ့်ကို အပြင်အတင်းခေါ်ထုတ်သွားတတ်တဲ့ သူငယ်ချင်းမျိုးပေါ့။ ကိုယ်စီစဉ်ထားတာတွေ သိရဲ့နဲ့ ကိုယ့်ကိုသူနဲ့အတူ အဖော်လိုက်ပေးဖို့၊ အချိန်ဖြုန်းပေးဖို့ အတင်းပြုမူလုပ်ဆောင်နေတဲ့ သူငယ်ချင်းမျိုးဟာ တကယ်ကို စိတ်ပျက်စရာကောင်းတဲ့သူပါ။ သူဟာ ကိုယ့်အပေါ် ဘာလေးစားမှု၊ နားလည်မှုမှ ပေးနိုင်မယ့်သူ မဟုတ်ဘူးဆိုတာ သေချာနေပါတယ်။

၂။သူ့အကြောင်းကိုချည်း နင်းကန်ပြောတတ်သူ

သင်က သင့်အကြောင်း တစ်ခုခု ပြောလိုက်တယ် ဆိုပါစို့။ ဥပမာ နောက်တစ်ပတ်ကျရင် တစ်နေရာရာကို ခရီးသွားမယ် ဆိုတာမျိုးပေါ့။ သူက ကိုယ့်အကြောင်းဆက်နားမထောင်တော့ပဲ သူအဲ့ဒီနေရာကို ဘယ်တုန်းကရောက်ပြီး၊ ဘာတွေလုပ်တယ်၊ ဘာဖြစ်တယ် ဆိုတာ ဆက်တိုက်ပြောဆိုနေတတ်တဲ့ သူငယ်ချင်းမျိုး၊ ကိုယ့်အကြောင်း နည်းနည်းလေး စမပြောလိုက်နဲ့ ကိုယ်က ပြောရမယ်မရှိပဲ သူချည်း ဖိပြောနေတတ်တာမျိုးဟာ အတော်စိတ်ပျက်စရာ ကောင်းတာပါ။ အထူးသဖြင့် သူဟာ တစ်ဖက်လူစကားကို အလေးပေးနားထောင်ရမယ်ဆိုတဲ့ အခြေခံအသိလေးတောင် မရှိပါဘူး။

၃။သူနဲ့အတူ မူးယစ်ဆေးဝါးသုံးကြည့်ဖို့ ကိုယ့်ကိုအတင်းဖိအားပေးတတ်သူ

သူနဲ့မတွေ့လိုက်နဲ့၊ တွေ့တာနဲ့ သူသုံးတဲ့ မူးယစ်ဆေးဝါးတစ်ခုခုကို သူနဲ့အတူသုံးဖို့ သင့်ကို ဖိအားပေးတတ်သူဟာ မပေါင်းအပ်တဲ့ သူငယ်ချင်းပါပဲ။ အနည်းဆုံးတော့ သင့်ရဲ့ဆုံးဖြတ်ချက်အတိုင်းသာ ရှိသင့်ပါတယ်။ လုပ်ဆောင်သင့်ပါတယ်။

၄။ကိုယ်စိတ်ဝင်စားနေတဲ့ သူကို ကိုယ်ကြိုက်နေမှန်းသိသိရက်နဲ့ အတင်းလိုက်ကပ်နေတဲ့ သူ

သူငယ်ချင်းဆိုတာ တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်နာကျင်အောင်တော့ မလုပ်တတ်ကြပါဘူး။ အထူးသဖြင့် အချစ်ရေးမှာဆိုရင်လည်း ကိုယ့်သူငယ်ချင်း စိတ်ဝင်စားနေတဲ့သူကို ကိုယ်ကသိသိရက်နဲ့ အတင်းလိုက်ရော၊ လိုက်ကပ်ပြီး ကိုယ့်ကိုကြိုက်အောင် လုပ်တာမျိုးဆိုတာ ဘယ်လိုမှ မလုပ်သင့်၊ မဖြစ်သင့်တဲ့အရာပါ။

၅။သင့်ဘဝအတွက် အခက်အခဲကြီးကြီးမားမား ရှိနေချိန် သင့်ကို အဖက်တောင် မလုုပ်တဲ့သူ

ဘဝအတွက် အပြောင်းအလဲဖြစ်စေမယ့် အရာတွေ သင်လုပ်ဆောင်နေရတဲ့အချိန်၊ ဒါမှမဟုတ် အခက်အခဲတွေကြုံနေရချိန် သင့်ဘေးမှာ မရှိတဲ့ သူငယ်ချင်း၊ သင်အရေးတကြီးလိုအပ်နေချိန်တောင် သင့်ဆီ ရောက်မလာနိုင်တဲ့ သူငယ်ချင်းမျိုးကိုတော့ သင့်စိတ်ထဲမှာ ဘာလို့အရေးပေးနေတော့မှာလဲ။

၆။ သူနဲ့မခင်တဲ့ သင့်ရဲ့အခြားသူငယ်ချင်းတွေကို အမြဲအပြစ်ပြောဆိုဝေဖန်တတ်သူ

လူတိုင်းဟာ တွေ့လိုက်တာနဲ့ကို ခင်မင်ရင်းနှီးသွားရမယ်လို့ မဟုတ်ပေမယ့် သူကတော့ အဆိုးမြင်ဝါဒီသမားသက်သက်ဖြစ်နေတာပါ။ အထူးသဖြင့် သင့်ရဲ့အခြားသော သူငယ်ချင်းတွေကို သူကြည့်မရတာမျိုး၊ သင့်အလုပ်ကလူတွေဆို အကောင်းမပြောတာမျိုး၊ သူနဲ့အဆင်ပြေတဲ့သူဆိုလို့ သင်ကလွဲပြီး အခြားမရှိနိုင်တော့ပါဘူး။

၇။သင့်ကို မနာလိုဖြစ်ပြီး သင့်အတွက် ဘယ်တော့မှ ပျော်ရွှင်မပေးနိုင်သူ

သင်တစ်ခုခုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်တိုင်း သူ ဘယ်တော့မှ ချီးမွမ်းပြောဆိုတာမျိုး မရှိပေမယ့် မျက်နှာပျက်သွားတာမျိုးတော့ အခါခါပါ။ အဲ့ဒီအချိန် သင်နဲ့စကားမပြောချင်တော့သလိုလို လုပ်ပစ်တာမျိုးလည်း သင်ကြုံရနိုင်ပါ တယ်။ သူငယ်ချင်းဖြစ်ပြီး သင်နဲ့အတူ လိုက်ပြိုင်နေတယ်လို့ ခံစားရရင်တော့ သူငယ်ချင်းစာရင်းကသာ အမြန်ထုတ်ပစ်လိုက်ပါ။


Credit : Trend Myanmar




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top