iMyanmarHouse.com - Best Property Website for Myanmar
×

ၾကက္သြန္နီဟာ က်န္းမာေရးအတြက္သာမက အလွအပအတြက္ပါ ရတနာတစ္ပါးလို အက်ိဳးျပဳတယ္ဆုိရင္ ယံုၾကည္ႏုိင္ပါ့ မလား။ ၾကက္သြန္နီဟာ အခြံႏႊာတုန္းပဲ ျဖစ္ျဖစ္၊ လွီးတဲ့အခါပဲ ျဖစ္ျဖစ္ မႊန္ထူၿပီး မ်က္ရည္၀ဲရသလို စားရင္လည္း ခံတြင္းအနံ႔ဆုိုးေစတာေၾကာင့္ အလွအပနဲ႔ ဆက္စပ္ေနတယ္လို႔ ဘယ္သူမွ ထင္ၾကမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္မို႔ အလွအပအတြက္ ဘာေတြ အက်ိဳးျပဳသလဲဆိုတာ ေလ့လာ ၾကည့္ရေအာင္ပါ။

ၾကက္သြန္နီကို ႀကိတ္ေျခၿပီး ရလာတဲ့ အရည္နဲ႔ ပ်ားရည္လက္ ဖက္ရည္ဇြန္းတစ္ဇြန္း၊ လာဗန္ဒါ အေမႊးရည္ သံုးစက္ေရာၿပီး ဦးေရ ျပားကုိ သုတ္လိမ္းေပးမယ္ဆိုရင္ ဆံပင္ကြၽတ္တာ သက္သာေစသ လုိ ဆံပင္မ်ားမ်ားေပါက္ကာ သန္ စြမ္းေစပါတယ္။

ၾကက္သြန္နီက ေသြးတြင္း သၾကားဓာတ္ကုိ ပံုမွန္ျဖစ္ေစတဲ့ အတြက္ ဆီးခ်ိဳေ၀ဒနာရွင္ေတြ ဆိုရင္ ၾကက္သြန္နီေန႔တုိင္း စားသံုးေပးဖို႔ လိုအပ္ပါတယ္။ ၾကက္ သြန္နီစားလိုက္တာနဲ႔ အဆုတ္၊ သားအိမ္၊ အစာအိမ္၊ ရင္သား၊ အသည္း၊ ခံတြင္းနဲ႔ ဦးေႏွာက္ကင္ ဆာစတဲ့ ကင္ဆာေရာဂါအမ်ိဳး မ်ိဳးကုိ ကာကြယ္ၿပီးသားျဖစ္ေစပါ တယ္။

ဒါတင္မက ၾကက္သြန္နီပံု မွန္စားေပးတယ္ဆုိရင္ ေသြး ေၾကာပိတ္၊ ေသြးတိုး၊ ေလျဖတ္၊ ႏွလံုးထိခိုက္ခံရတာေတြ မျဖစ္ ေအာင္ ကာကြယ္ေပးႏုိင္ၿပီး ႏွလံုးက်န္းမာေရးေကာင္းေစပါ တယ္။ ေနာက္ၿပီး ကုိယ္ခံစြမ္း အား ေကာင္းေစကာ အ႐ုိးသန္မာ ဖို႔အတြက္လည္း ကူညီေပးပါ တယ္။

ၾကက္သြန္နီဟာ ပန္းနာရင္ က်ပ္နဲ႔ အသက္႐ွဴလမ္းေၾကာင္း ဆုိင္ရာေရာဂါေတြ သက္သာေစ ဖုိ႔ ေကာင္းက်ိဳးျပဳေပမယ့္ ၾကက္ သြန္နီနဲ႔ ဓာတ္မတည့္သူေတြအ တြက္ေတာ့ ေ၀းေ၀းေရွာင္ရမွာပါ။ ၾကက္သြန္နီကုိ အစိမ္းလိုက္စားရင္ ခံတြင္းကို နံေစတယ္ဆုိေပမယ့္ ခံတြင္းထဲက ေရာဂါပုိးမႊား ေတြကို ေသေစကာ သြားနာ၊ သြားကိုက္ေ၀ဒနာေတြကို ေပ်ာက္ကင္းေစပါတယ္။ ၾကက္သြန္နီနည္း နည္းကို ေန႔စဥ္ ႏွစ္မိနစ္၊ သံုးမိနစ္ ေလာက္၀ါးေပးရင္းနဲ႔ ခံတြင္းထဲကဘက္တီးရီးယားေတြကို ဖယ္ရွား သန္႔စင္လုိ႔ရပါတယ္။

အသားအေရလွပခ်င္ရင္ လည္း ၾကက္သြန္နီႀကိတ္ေျခထား တဲ့ အရည္ကုိ ဒိန္ခ်ဥ္နဲ႔ ေရာၿပီး အေရျပားအႏွံ႔ သုတ္လိမ္းၿပီး ၁၀ မိနစ္ေလာက္ၾကာရင္ ေရခပ္ေႏြး ေႏြးေလးနဲ႔ ေဆးေၾကာလိုက္တဲ့ အခါ ေခ်ာမြတ္ျဖဴစင္တဲ့ အသား အရည္ကို ရရိွေစမွာပါ။

ေနာက္ၿပီး ေခါင္းထဲမွာ သန္းေတြရိွလို႔ ရွင္းပစ္ခ်င္ရင္ ၾကက္ သြန္နီသံုးလံုးေလာက္ကို အရည္ ညႇစ္ၿပီး ဦးေရျပားအႏွံ႔ သုတ္လိမ္း ကာ သံုးနာရီေလာက္ၾကာေအာင္ ေခါင္းကို ေပါင္းထုပ္ထားၿပီး ေခါင္းေလွ်ာ္ရည္၊ ေရေႏြးေႏြးနဲ႔ ေလွ်ာ္ေပးတဲ့အခါ သန္းေတြသာ မက ဦးေရျပားေပၚက အညစ္အ ေၾကးနဲ႔ သန္းဥ၊ သန္းဖ်ေတြပါ သန္႔စင္ၿပီးသားျဖစ္ေစပါတယ္။


Credit:7Day Daily


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကြက်သွန်နီဟာ ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ ရတနာတစ်ပါးလို အကျိုးပြုတယ်ဆိုရင် ယုံကြည်နိုင်ပါ့ မလား။ ကြက်သွန်နီဟာ အခွံနွှာတုန်းပဲ ဖြစ်ဖြစ်၊ လှီးတဲ့အခါပဲ ဖြစ်ဖြစ် မွှန်ထူပြီး မျက်ရည်ဝဲရသလို စားရင်လည်း ခံတွင်းအနံ့ဆိုးစေတာကြောင့် အလှအပနဲ့ ဆက်စပ်နေတယ်လို့ ဘယ်သူမှ ထင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ အလှအပအတွက် ဘာတွေ အကျိုးပြုသလဲဆိုတာ လေ့လာ ကြည့်ရအောင်ပါ။

ကြက်သွန်နီကို ကြိတ်ခြေပြီး ရလာတဲ့ အရည်နဲ့ ပျားရည်လက် ဖက်ရည်ဇွန်းတစ်ဇွန်း၊ လာဗန်ဒါ အမွှေးရည် သုံးစက်ရောပြီး ဦးရေ ပြားကို သုတ်လိမ်းပေးမယ်ဆိုရင် ဆံပင်ကျွတ်တာ သက်သာစေသ လို ဆံပင်များများပေါက်ကာ သန် စွမ်းစေပါတယ်။

ကြက်သွန်နီက သွေးတွင်း သကြားဓာတ်ကို ပုံမှန်ဖြစ်စေတဲ့ အတွက် ဆီးချိုဝေဒနာရှင်တွေ ဆိုရင် ကြက်သွန်နီနေ့တိုင်း စားသုံးပေးဖို့ လိုအပ်ပါတယ်။ ကြက် သွန်နီစားလိုက်တာနဲ့ အဆုတ်၊ သားအိမ်၊ အစာအိမ်၊ ရင်သား၊ အသည်း၊ ခံတွင်းနဲ့ ဦးနှောက်ကင် ဆာစတဲ့ ကင်ဆာရောဂါအမျိုး မျိုးကို ကာကွယ်ပြီးသားဖြစ်စေပါ တယ်။

ဒါတင်မက ကြက်သွန်နီပုံ မှန်စားပေးတယ်ဆိုရင် သွေး ကြောပိတ်၊ သွေးတိုး၊ လေဖြတ်၊ နှလုံးထိခိုက်ခံရတာတွေ မဖြစ် အောင် ကာကွယ်ပေးနိုင်ပြီး နှလုံးကျန်းမာရေးကောင်းစေပါ တယ်။ နောက်ပြီး ကိုယ်ခံစွမ်း အား ကောင်းစေကာ အရိုးသန်မာ ဖို့အတွက်လည်း ကူညီပေးပါ တယ်။

ကြက်သွန်နီဟာ ပန်းနာရင် ကျပ်နဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတွေ သက်သာစေ ဖို့ ကောင်းကျိုးပြုပေမယ့် ကြက် သွန်နီနဲ့ ဓာတ်မတည့်သူတွေအ တွက်တော့ ဝေးဝေးရှောင်ရမှာပါ။ ကြက်သွန်နီကို အစိမ်းလိုက်စားရင် ခံတွင်းကို နံစေတယ်ဆိုပေမယ့် ခံတွင်းထဲက ရောဂါပိုးမွှား တွေကို သေစေကာ သွားနာ၊ သွားကိုက်ဝေဒနာတွေကို ပျောက်ကင်းစေပါတယ်။ ကြက်သွန်နီနည်း နည်းကို နေ့စဉ် နှစ်မိနစ်၊ သုံးမိနစ် လောက်ဝါးပေးရင်းနဲ့ ခံတွင်းထဲကဘက်တီးရီးယားတွေကို ဖယ်ရှား သန့်စင်လို့ရပါတယ်။

အသားအရေလှပချင်ရင် လည်း ကြက်သွန်နီကြိတ်ခြေထား တဲ့ အရည်ကို ဒိန်ချဉ်နဲ့ ရောပြီး အရေပြားအနှံ့ သုတ်လိမ်းပြီး ၁၀ မိနစ်လောက်ကြာရင် ရေခပ်နွေး နွေးလေးနဲ့ ဆေးကြောလိုက်တဲ့ အခါ ချောမွတ်ဖြူစင်တဲ့ အသား အရည်ကို ရရှိစေမှာပါ။

နောက်ပြီး ခေါင်းထဲမှာ သန်းတွေရှိလို့ ရှင်းပစ်ချင်ရင် ကြက် သွန်နီသုံးလုံးလောက်ကို အရည် ညှစ်ပြီး ဦးရေပြားအနှံ့ သုတ်လိမ်း ကာ သုံးနာရီလောက်ကြာအောင် ခေါင်းကို ပေါင်းထုပ်ထားပြီး ခေါင်းလျှော်ရည်၊ ရေနွေးနွေးနဲ့ လျှော်ပေးတဲ့အခါ သန်းတွေသာ မက ဦးရေပြားပေါ်က အညစ်အ ကြေးနဲ့ သန်းဥ၊ သန်းဖျတွေပါ သန့်စင်ပြီးသားဖြစ်စေပါတယ်။


Credit:7Day Daily



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top